ရုရှားစီးပွားရေးလုပ်ငန်းရှင်ထံကနေ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့မိသားစုငွေကြေးများ လက်ခံရယူခဲ့ဟု အမေရိကန်အောက်လွှတ်တော်ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၁ဝ
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်မိသားစုဟာ ရုရှားနိုင်ငံထံကနေ ငွေကြေးများ လက်ခံရရှိခဲ့ကြောင်း အမေရိကန်အောက်လွှတ်တော်ကြီးကြပ်ရေးကော်မတီ က ပြောပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့သားဖြစ်သူ ဟန်တာဘိုင်ဒန်ဟာ မိသားစုအမည်နဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ချိန်အတွင်း ရုရှား၊ ယူကရိန်း၊ ကာဇက်စတန်နိုင်ငံတို့နဲ့ ငွေကြေးများရရှိခဲ့ပြီး ဟန့်တာဘိုင်ဒန်ရဲ့ကုမ္ပဏီဟာ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂ဝ ရရှိခဲ့ကြောင်း အမေရိကန်အောက်လွှတ်တော်ကြီးကြပ်ရေးကော်မတီ က ပြောပါတယ်။
ဂျိုးဘိုင်ဒန် အမေရိကန်ဒုတိယသမ္မတအဖြစ် တာဝန်ယူချိန်အတွင်း ဟန်တာဘိုင်ဒန်ဟာ ပြည်ပစီးပွားရေးလုပ်ငန်း ရှင်များကို ဖခင်ဖြစ်သူနဲ့ နီးစပ်၊ ရင်းနှီးခွင့်ရအောင်ဆောင်ရွက်ပေးမယ်လို့ ဆိုပြီး ဟန်တာဘိုင်ဒန်ဟာ ငွေကြေးများ ရယူခဲ့ကြောင်း သိရပါတယ်။
အမေရိကန်အောက်လွှတ်တော်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ James Comerက "ဂျိုးဘိုင်ဒန် ဒုတိယသမ္မတအဖြစ် တာဝန်ယူချိန်အတွင်း ဟန်တာဘိုင်ဒန်ဟာ ဖခင်ဖြစ်သူရဲ့ပုံရိပ်တွေကို ရောင်းစားခဲ့တယ်။ ရုရှား၊ ယူကရိန်း၊ ကာဇက်စတန်နိုင်ငံတို့ကနေ ငွေကြေးများ ရယူခဲ့တယ်။ ဟန်တာဘိုင်ဒန်က ဂျိုးဘိုင်ဒန်အပါအဝင် ဂျိုးဘိုင်ဒန် ကွန်ရက်နဲ့ ချိတ်ဆက်ပေးရုံက လွှဲပြီးအခြားဘာတစ်ခုမှ လုပ်ဆောင်ပေးတာမျိုး မရှိပါဘူး" လို့ ပြောပါတယ်။
အမေရိကန်အောက်လွှတ်တော်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ က ဟန်တာဘိုင်ဒန် စီမံခန့်ခွဲနေတဲ့ Rosemont Seneca Thornton ကုမ္ပဏီဟာ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလက ရုရှားစီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ Yelena Baturina ထံကနေ လွှဲပြောင်းပေးတဲ့ ငွေကြေးများရရှိခဲ့ကြောင်း ပြောပါတယ်။
ဒါ့အပြင် ယူကရိန်းဓါတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ Burisma Holdings ဟာ ဟန်တာဘိုင်ဒန်ကို တစ်နှစ် အမေရိကန်ဒေါ်လာ တစ်သန်းနှုန်းပေးခဲ့တာမျိုးတွေလည်း ရှိခဲ့ဖူးသလို ကာဇက်စတန်နိုင်ငံရဲ့ကုမ္ပဏီတွေကလည်း အမေရိကန်သမ္မတ ဟန်တာဘိုင်ဒန်ရဲ့သားဖြစ်သူ ပိုင်ဆိုင်တဲ့ကုမ္ပဏီတွေထံ ငွေကြေးများလွှဲပြောင်းပေးခဲ့ကြောင်း ဆိုပါတယ်။
ကုမ္ပဏီတွေဟာ ဟန်တာဘိုင်ဒန်ရဲ့ဖခင်ဖြစ်သူ ဂျိုးဘိုင်ဒန် နဲ့ ရင်းနှီး နီးစပ်မှုတွေရယူနိုင်ဖို့ ရည်ရွယ်ပြီး သားဖြစ်သူကို ငွေကြေးပေးချဉ်းကပ်ခဲ့တာမျိုးဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စိတ်ဝင်စားဖွယ် သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ