Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းဘုရင်၏ ကွဲကွာနေသော သားတော် ၂၇ နှစ်ကြာပြီးနောက် အံ့အားသင့်ဖွယ် ပြန်လည်ရောက်ရှိ

Htay Oung (NSS) - ဩဂုတ် ၉

လက်ရှိ ထိုင်းဘုရင်ရဲ့ ကွဲကွာနေတဲ့ ဒုတိယသားတော်က ဆယ်စုနှစ် သုံးခုနီးပါးအတွင်း ပထမဆုံးအကြိမ် အဖြစ် ဘန်ကောက်သို့ ပြန်လည်ရောက်ရှိလာခြင်းဟာ လူအများအတွက် အံ့အားသင့်စရာဖြစ်ခဲ့ရပြီး ထီးနန်း ဆက်ခံမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရတယ်လို့ Guardian က ယမန်နေ့ ရေးသားခဲ့ပါတယ်။


ဩဂုတ် ၆ ရက်၊ တနင်္ဂနွေနေ့ သုဝဏ္ဏဘူမိလေဆိပ်ကို နိမ့်ကျတဲ့သွင်ပြင်နဲ့ ဗာချာရတ်ဆွန်_ဝီရချာရာဝမ်ရဲ့ ရောက်ရှိ လာပုံဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်အသုံးပြုသူများအကြား အားပါးတရ ရှယ်ကြစရာဖြစ်ခဲ့ရပါတယ်။

လက်ရှိ ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းရဲ့အကြီးဆုံးသမီးတော်ဖြစ်သူ လဲပြိုကျပြီး ဆေးရုံတက်နေရတဲ့ ဒီဇင်ဘာလကတည်းက ဗာချာရတ်ဆွန် ရောက်ရှိလာခြင်းဟာ ထိုင်းတော်ဝင်မိသားစုအတွက် အခက်ကြုံနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ မင်းသမီး ဘက်ချရီခစ်တီယာဟာ_နာရင်ဒြာ_ဒီပါဗက်ဟာ ရောဂါပိုးကူးစက်ခံရပြီးနောက် ရောင်ရမ်းခြင်းကြောင့် ပြင်းထန် နှလုံးခုန် မမှန်ဝေဒနာကို ခံစားရတယ်လို့ ဇန်နဝါရီလမှာ ဘန်ကောက်နန်းတော်က ပြောပါတယ်။ 


ဒုတိယမြောက် ကြင်ယာတော်မှာ ဖွားမြင်သူ ထိုင်းဘုရင်ရဲ့ ဒုတိယမြောက် အကြီးဆုံး သားဖြစ်သူ အသက် ၄၂ နှစ် အရွယ် ဗာချာရတ်ဆွန်နဲ့ အသက် ၆၁ နှစ်အရွယ် မိခင် ဆူဂျာရင်နီတို့ဟာ ဘန်ကောက်မြို့တွင်း လှည့်လည်ခဲ့ကြပါ တယ်။ နန်းတော်၀င်းအတွင်းရှိ ၀တ်ကျောင်းတော်အပြင် မြို့လယ်ပိုင်း နတ်ဗိမာန်နဲ့ ဆင်းရဲနွမ်းပါးသူ မိသားစုများ အတွက် ကလေးထိန်းစင်တာကိုလည်း အလည်သွားရောက်ခဲ့ပါတယ်။

သူရောက်ရှိရာ နေရာတိုင်းမှာ နွေးထွေးစွာ ကြိုဆိုခြင်းခံခဲ့ရတယ်လို့ ဗာချာရတ်ဆွန်က ပြောပေမယ့် ဘန်ကောက် နန်းတော်ကတော့ ဘာမှတ်ချက်မှ မပေးပါဘူး။

သရုပ်ဆောင်ဟောင်း ဆူဂျာရင်နီဟာ အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ လူသိရှင်ကြား စွပ်စွဲပြီး ကွာရှင်းလိုက် ကြောင်း လက်ရှိထိုင်းဘုရင် ထိုစဉ် အိမ်ရှေ့မင်းသားဖြစ်သူက ကြေညာပြီးနောက်ပိုင်း  ဗာချာရတ်ဆွန်နဲ့ အဖေ အမေတူ ညီအစ်ကိုမောင်နှမ ၃ ဦးတို့ဟာ ၁၉၉ဝ ခုနှစ်များ အလယ်ပိုင်းကတည်းက နိုင်ငံရပ်ခြားမှာ နေထိုင်ခဲ့ကြပါ တယ်။ နောက်ပိုင်း သူ့ရဲ့ညီမတစ်ဦးကတော့ ဘန်ကောက်ကို ပြန်လာပြီး တော်ဝင်မိသားစုအသိုင်းအဝိုင်းမှာ ကြီးပြင်းလာခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ ရှေ့နေတစ်ဦးဖြစ်လာသူ ဗာချာရတ်ဆွန်ဟာ တော်ဝင်ဘွဲ့ တရားဝင်အပ်နှင်းခံရခြင်း မရှိပါဘူး။

လက်ရှိ ဒဿမြောက် ရာမာဘုရင်ရဲ့ဘွဲ့အမည်ကို ရည်ညွှန်းပြီး (ရိုမန် ဂဏန်း X) ဟာ  ဗာချာရတ်ဆွန် ပြန်လည် ရှိလာချိန်ကစပြီး Twitter လူမှုကွန်ရက်မှာ ခေတ်စားနေပါတယ်။ သူပြန်ရောက်ရှိလာတာကို အတော်များများက ကြိုဆိုခဲ့ကြပြီး အများပြည်သူနဲ့ တွေ့ထိဆက်ဆံတဲ့အခါ ဗာချာရတ်ဆွန်ရဲ့နှိမ့်ချတဲ့ အမူအရာအကြောင်းကို ပြောဆို နေကြပါတယ်။

ဒါပေမယ့် (တော်ဝင်ဝါဒဆန့်ကျင်ရေး) ဆန္ဒပြအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “သာလူ၀မ်” ကတော့ ဗာချာရတ်ဆွန် ပြန်လာခြင်း ကို ဂရုစိုက်နေမယ့်အစား ဘုရင်စနစ်ဖျက်သိမ်းရေးကို စိတ်၀င်စားတယ်လို့ လူမှုကွန်ရက်မှာ ရေးသားပါတယ်။ ၂ဝ၂ဝ ပြည့်ခုနှစ် ထိုင်းကျောင်းသားလူငယ်များဟာ သြဇာကြီး တော်ဝင်မိသားစုအပေါ် (အခွင့်အရေးနဲ့ အကာ အကွယ်ပေးရေးပြဋ္ဌာန်းချက်များကို) ပြန်လည်ပြင်ဆင်ဖို့အတွက် လူထု ဆန္ဒပြပွဲများမှာ ဦးဆောင်ခဲ့ကြပါတယ်။


တချို့တွေကလည်း ဗာချာရတ်ဆွန် စီးနင်းတဲ့ မော်တော်ကားနံပတ်ကို အသည်းအသန် သိချင်နေကြပြီနောက် တစ်ပတ် ချဲထိုးလိုက်ရင် ကံကောင်းပြီလို့ ကောက်ချက်ချနေကြပါတယ်။

မေလ ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးအနိုင်ရခဲ့တဲ့ MFP ပါတီခေါင်းဆောင်ဖြစ်သူကို ဝန်ကြီးချုပ် တင်မြောက်ရေးကို စစ်တပ်ခန့် အမတ်များချည့်ပါ၀င်တဲ့ အထက်လွှတ်တော်က တားဆီးတဲ့အတွက် ထိုင်းနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းဆိုက်နေချိန်မှာ ဗာချာရတ်ဆွန်က ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပါတယ်။

ဘုရင်စနစ်ကို ဝေဖန်ပါက ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်အောင် ထိုင်းနိုင်ငံရဲ့တင်းကျပ်တဲ့ “ဘုန်းတော် ကြီးမြတ်လှသော” ဥပဒေကိုပြောင်းလဲမယ့်အကြောင်း ကတိပြုထားတာကြောင့် MFP ပါတီကို အစိုးရအဖွဲ့ဝင် အဖြစ် ခွင့်မပြုနိုင်ဘူးလို့ အထက်လွှတ်တော်အမတ်များက ပြောနေပါတယ်။

ဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ “သံကွန်ခြာ” ဟာ ထိုင်းနိုင်ငံရေးမှာ အမှားအယွင်းအသစ်သဖွယ်ဖြစ် လာနေတဲ့ တော်ဝင်မိသားစုရဲ့ဂုဏ်ဒြပ်တွေအပေါ် ဂယက်ရိုက်လာရပါတယ်။ ဗာချာရတ်ဆွန် ရောက်လာချိန်  ဘုရင်စနစ်အတွက် အကဲဆတ်ချိန်ဖြစ်နေပြီး ဆက်ခံသူဖြစ်လိမ့်မယ်လို့ အများထင်ကြေးပေးခံရသူ အသက် ၄၄ နှစ် အရွယ် မင်းသမီး ဘက်ချရီခစ်တီယာဟာကလည်း ဆေးရုံကုတင်ပေါ်မှာ ပက်လက်ဖြစ်နေပါတယ်။ ဇန်နဝါရီ ဘန်ကောက်နန်းတော် နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ မင်းသမီးဟာ သတိလစ်နေဆဲဖြစ်ပြီး ဆေးဝါးနဲ့ စက်ပစ္စည်းများရဲ့ အကူအညီနဲ့ နှလုံး-အဆုတ်-ကျောက်ကပ်အလုပ်လုပ်ဖို့ ကြိုးစားနေရတယ်လို့ ဆိုပါတယ်။

ဒါက (ထိုင်းဘုရင်စနစ်မှာ) တော်ဝင်ဆက်ခံသူ(အထိတောင်) အလားအလာရှိကြောင်း ဖွင့်ချပြလိုက်ခြင်းဖြစ် တယ်လို့  ကျိုတိုတက္ကသိုလ် အရှေ့တောင် အာရှလေ့လာရေးစင်တာမှ တွဲဖက်ပါမောက္ခတစ်ဦးက သုံးသပ်ပါတယ်။ ဗာချာရတ်ဆွန်ရဲ့ဘန်ကောက်ခရီးစဉ်တွေဟာ တော်ဝင်လှုပ်ရှားမှုများနဲ အလားသဏ္ဍာန်တူညီကြောင်း မှတ်ချက်ပြုပါတယ်။

လူအများအမြင်မှာတော့ ဗာချာရတ်ဆွန်ကိုယ်တိုင်ရဲ့ ဖော်ရွေမှု၊ လွတ်လပ်စွာ ဓာတ်ပုံရိုက်ခွင့်ပြုထားပြီး  လူအများ နဲ့ စကားပြောဆိုရာမှာ ပွင့်လင်းပုံတို့ကို မြင်နေရပါတယ်။ ဒါပေမယ့် ဗာချာရတ်ဆွန်ရဲ့  အနာဂတ်လမ်းကြောင်းကို ခန့်မှန်းဖို့ စောလွန်းနေသေးပြီး စစ်တပ်တို့လို ဘုရင်စနစ်နဲ့ လိုက်လျောညီထွေရှိသူများက (သူ့နေ ပုံထိုင်ပုံအပေါ်) ဘယ်လိုအကဲဖြတ်တယ်ဆိုတာ  ရှင်းရှင်းလင်းလင်း မရှိကြောင်း ပါမောက္ခက ဆိုပါတယ်။


ထပ်တူထပ်မျှ အရေးကြီးတဲ့မေးခွန်းကတော့ ဗာချာရတ်ဆွန်ဟာ ပြုပြင်ပြောင်းလဲရေးကို လိုလားသူ ဖြစ်-မဖြစ် ဒါမှမဟုတ် သဘောထားတင်းမာသူ ဟုတ်-မဟုတ်၊ ဘယ်လို ဦးတည်သွားမလဲ ဆိုတဲ့ကိစ္စဖြစ်ပြီး ဘယ်သူမှ မသိကြောင်း၊ ပြောဖို့ စောလွန်းနေတယ်လို့ မှတ်ချက်ပေးပါတယ်။

လက်ရှိ ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းဟာ ငါးကြိမ် လက်ထပ်ခဲ့ဖူးပြီး သုံးကြိမ် ကွာရှင်းထားပါတယ်။ သားသမီး စုစုပေါင်း ၇ ဦးရှိပြီး၊ ချက္ကရီမင်းဆက် ဒဿမမြောက် ရာမာဘုရင်အဖြစ် ထီးနန်းသိမ်းပိုက်ခြင်း မတိုင်မီ သူ့ရဲ့သက်တော်စောင့်တစ်ဦးဖြစ်သူ စုသီတာကို မိဖုရားအဖြစ် တင်မြောက်ခဲ့ပါတယ်။

#ဗာချာရတ်ဆွန်_ဝီရချာရာ၀မ် #ထိုင်းဘုရင်_မဟာဝိဇယလောင်ကွန်း #MFP #ထိုင်းဘုရင်စနစ်

#မင်းသမီး_ဘက်ချရီခစ်တီယာဟာ_နာရင်ဒြာ_ဒီပါဗက် 

(Guardian., 8 august 2023,” Thailand king’s estranged son makes surprise return after 27 years” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပဲခူးမြစ်ရေသည် (၂)ပေခန့် မြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းဘေး နှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအထူးသတိပြုနေထိုင်ရန် မိုဇလသတိပေး

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved