မာရဝိဇယရုပ်ပွားတော် နှင့် ကျောက်စာရုံစေတီများကို စတင်ဖူးမြော်ခွင့်ရသည့် ပထမဆုံးနေ့၌ ဘုရားဖူးပြည်သူ (၁၀၀၀၀)နီးပါး လာရောက်ဟုဆို
ယွန်း (NSS) - သြဂုတ် ၈
မာရဝိဇယရုပ်ပွားတော်ကြီး နှင့် ကျောက်စာရုံစေတီများကို စတင်ဖူးမြော်ခွင့်ရသည့် ပထမနေ့၌ ဘုရားဖူးပြည်သူ (၁၀၀၀၀)နီးပါး လာရောက်ဖူးမြော်ခဲ့ကြောင်း သတင်းရရှိသည်။
မာရဝိဇယရုပ်ပွားတော်ကြီးကို ယနေ့(သြဂုတ်လ ၈ ရက်)မှ သြဂုတ်လ(၁၆)ရက်အထိ မည်သူမဆို လုံခြုံ ရေးအရ စစ်ဆေးမှုခံယူပြီး အခမဲ့ဝင်ရောက် ဖူးမြော်ကြည်ညိုခွင့်ပြုထားကြောင်း နစကမှ ထုတ်ပြန်ထားပြီးဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်အရ ယနေ့တွင် ဘုရားဖူးလာရောက်သူဦးရေသည် (၁ဝဝဝဝ) နီးပါးရှိခဲ့ကြောင်း မာရဝိဇယဗုဒ္ဓဥယျာဉ်တော်မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
“ဘုရားဖူးလာရောက်သူတွေထဲမှာ ဌာနဆိုင်ရာကလူတွေလည်း ပါတယ်။ မနက်(၆)နာရီကနေ (၅)နာရီအထိကိုပေါ့။ ခုထိလည်း လာနေကြတုန်းပါပဲ။ ပြည်ပဘုရားဖူးကတော့ မရှိသေးဘူး” ဟု ၎င်းက NP News ကိုပြောသည်။
လာရောက်ဖူးမြော်သူများတွင် သံဃာ(၃၉၉)ပါး အပါအဝင် သီလရှင် (၇၅)ပါး၊ ဌာနဆိုင်ရာဝန်ထမ်း (၄ဝဝဝ)နီးပါး၊ ပြည်သူ (၆ဝဝဝ)ကျော် တို့ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် ရုပ်ပွားတော်ကြီးအား အခမဲ့လာရောက်ဖူးမြော်ခွင့်ပေးထားပြီး သြဂုတ်လ(၁၆)ရက်နောက် ပိုင်းမှစတင်၍ နိုင်ငံတကာ ထုံးတမ်းအစဉ်အလာနှင့်အညီ သတ်မှတ်အခကြေးငွေဖြင့် ဖူးမြော်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်း လင်း တောက်ပလျက်ရှိစေရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်ချက်(၄)ရပ်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့တိုင်းရင်းဆေးပညာရပ်အား သက်သေအထောက်အထားပြု ဆေးပညာရပ်အဖြစ် ပြောင်းလဲတိုးတက်ရန်လိုဟုဆို
RELATED POSTS
04 Sep 2024 | ဘာသာရေး,ပြည်တွင်း
22 Jul 2024 | ဘာသာရေး,နိုင်ငံတကာ
02 Jun 2024 | ဘာသာရေး,နိုင်ငံတကာ
29 May 2024 | ဘာသာရေး,ပြည်တွင်း