ကသာမြို့နယ်ရှိ မိုးတားလေးကျေးရွာအတွင်းသို့ KIA နှင့် PDF အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် (၇)နှစ်အရွယ်ကလေး အပါအဝင် အရပ်သားငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့
NSS - သြဂုတ် ၇
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ရှိ မိုးတားလေးကျေးရွာအတွင်းသို့ KIA နှင့် PDF အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် (၇)နှစ်အရွယ်ကလေး အပါအဝင် အရပ်သားငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ သြဂုတ်လ(၆)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖြစ်စဥ်မှာ သြဂုတ်လ(၅)ရက်၊ ည(၁၀)နာရီ (၁၀)မိနစ်အချိန်ခန့်တွင် ကသာမြို့နယ်၊ မြေနုကျေးရွာ၏ အနောက်မြောက်ဘက် မီတာ(၂၀၀) ခန့်အကွာမှ မိုးတားလေးကျေးရွာအတွင်းသို့ KIA နှင့် PDF အဖွဲ့က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ ဦးကျော်ဆန်း၏ နေအိမ်ပေါ်သို့ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ကြောင်း နစကမှအသိပေးထားသည်။
ထိုသို့ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်အတွင်းရှိ အသက်ခုနှစ်နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် အရပ်သားပြည်သူ ငါးဦးတို့တွင် လက်နက်ကြီးစ ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ရွှေကူမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နစကမှ အသိပေးထားသည်။
အထက်ပါဖြစ်စဥ်နှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် တုံ့ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံ၌ကျင်းပမည့် Continental Futsal Championship 2023 ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း