Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မာရဝိဇယရုပ်ပွားတော် တည်ထားကိုးကွယ်နိုင်ခဲ့ခြင်းအပေါ် ဗန်းမော်ဆရာတော်ကြီးအပါအဝင် ရဟန်းနှင့် လူပုဂ္ဂိုလ်များကို ကမ္ပမည်းမော်ကွန်းတင်ဂုဏ်ပြု

မျိုးကြီး (NSS) - သြဂုတ် ၅

မာရဝိဇယဗုဒ္ဓရုပ်ပွားတော် တည်ထားကိုးကွယ်နိုင်ခဲ့ခြင်းအပေါ် ဗန်းမော်ဆရာတော်ကြီးအပါအဝင် ရဟန်းနှင့် လူပုဂ္ဂိုလ်များကို ကမ္ပမည်းမော်ကွန်းတင်ဂုဏ်ပြုကြောင်း ကြေညာလိုက်သည်။


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်၊ မုစလိန္ဒနဂါးရုံဘုရား၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး နှင့် ကျောက်စာရုံစေတီတော်များတည်ထားကိုးကွယ်ရေးနာယကအဖွဲ့က ကျေးဇူး တင်ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။

၎င်းရုပ်ပွားတော်အား အနေကဇာတင်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူခြင်းနှင့် ရေစက်ချမင်္ဂလာကုသိုလ်တော်အခမ်းအနားများကို ပြီးခဲ့သော သြဂုတ်လ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ တည်ထားကိုးကွယ်နိုင်ရန်အတွက် မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသည့် သြဝါဒါစရိယဆရာတော်ကြီးများအဖွဲ့တို့အား ကျေးဇူတင်စွာ ကမ္ပည်းမော်ကွန်းတင်ဂုဏ်ပြုအပ်ပါကြောင်း နာယကအဖွဲ့က အသိပေးကြေညာလိုက်သည်။

ထို့ပြင် စကျင်ကျောက်တော်ကြီးထုတ်လုပ်ရေးနှင့် သယ်ယူပင့်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် လုပ်ငန်းဆက်စပ်ဆောင်ရွက်ခဲ့သည့် Anglo Mining ကုမ္ပဏီ၊ Two Elephant Trading ကုမ္ပဏီတို့ကိုလည်း ကမ္ပည်းမော်ကွန်းတင်ဂုဏ်ပြုထားသည်။

ဆက်လက်ပြီး တည်ဆောက်ရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး၊ လုပ်ငန်းစစ်ဆေးရေး၊ ဘာသာရေးအခမ်းအနားများကျင်းပရေးလုပ်ငန်းကော်မတီများနှင့် နည်းပညာအထောက်အကူပြုကော်မတီများကို ကျေးဇူးတင်ရှိကြောင်း ကမ္ပမည်းမော်ကွန်းတင် ဂုဏ်ပြုထားသည်။

အလားတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် တည်ထားကိုးကွယ်နိုင်ရေးအတွက် ကျရာကဏ္ဍများမှ ဆောင်ရွက်ခဲ့သော တပ်မတော်သား အင်ဂျင်နီယာပညာရှင်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများကို ကျေးဇူးအထူးတင်ရှိကြောင်း နာယကအဖွဲ့က ကြေညာထားသည်။

၎င်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရန်အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသော လုပ်ငန်းရှင်ကြီးများ၊ (၇)ရက်သားသမီးစေတနာရှင် အလှူရှင်များ၊ အနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူ ခြင်းနှင့် ရေစက်ချအခမ်းအနားများသို့ ကြွရောက်လာခဲ့ကြသော ပြည်တွင်း၊ ပြည်ပမှ ဆရာတော်များ၊ လူပုဂ္ဂိုလ်များအပါ အဝင် ကျေးဇူးတင်ထိုက်သူအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းနှင့် ကမ္ပမည်းမော်ကွန်းတင် ဂုဏ်ပြုကြောင်း ကြေညာထားသည်။

ထို့ပြင် သြဂုတ်လ ၁ ရက်တွင် အနေကဇာတင်အခမ်းအနားနှင့် အခြားသောအခမ်းအနားများကို အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးဦးဆောင် ဆောင်ရွက်ပေးခဲ့သည့် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအမှူးပြုသည့် သြဝါဒါစရိယဆရာတော်ကြီးများကို ကမ္ပမည်းမော်ကွန်းတင် ဂုဏ်ပါကြောင်း နာယကအဖွဲ့က ကြေညာထားသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်အား သြဂုတ်လ ၈ ရက်မှစ၍ သြဂုတ်လ ၁၆ ရက်အထိ ပြည်သူများအနေဖြင့် အခမဲ့လာရောက်ဖူးမြော်နိုင်ကြောင်းသိရပြီး သြဂုတ်လ ၁၆ ရက်နောက်ပိုင်းတွင် အခကြေးငွေကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်မှာ အမျိုးသမီးတစ်ဦး ရေအဆိပ်သင့်ပြီး သေဆုံး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved