မာရဝိဇယဗုဒ္ဓရုပ်ပွားတော် နှင့် ကျောက်စာရုံစေတီ (၇၂၀)ကို သြဂုတ်လ(၈)ရက်မှသာ ဖူးမြော်ခွင့်ပြုမည်
NSS - သြဂုတ် ၃
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်နှင့် ကျောက်စာရုံစေတီ (၇၂၀)ကို လာမည့် သြဂုတ်လ(၈)ရက်မှသာ အခမဲ့ဖူးမြော်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနေကဇာတင်၍ ဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များကို ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာအခမ်းအနားများ ပြုလုပ်ရာတွင် အသုံးပြုခဲ့သော မဏ္ဍပ်တော်များနှင့် အသုံး အဆောင်ပစ္စည်းများကို ပြန်လည်သိမ်းဆည်းလျက်ရှိကြောင်း နစကမှ အသိပေးထားသည်။
ထို့ကြောင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အများပြည်သူ ဖူးမြော်နိုင်ရေးအတွက် သြဂုတ်လ ၈ ရက်နေ့မှစ၍ ၁၆ ရက်အထိ လုံခြုံရေးအရ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ အခမဲ့ဝင်ရောက်ဖူးမြော်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားနှင့် ကျောက်စာရုံစေတီများ ရွှေထီးတော်တင်လှူခြင်းအခမ်းအနားများကို ပြီးခဲ့သော သြဂုတ်လ ၁ရက်တွင် ကျင်းပခဲ့သည်။
မကြာခင်အချိန်တွင် ပြည်သူများအနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်နှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များကို လာရောက်ဖူးမြော်လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသသာနာ့ဗိမာန်တော်နှင့် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကိုလည်း ပြည်သူများအနေဖြင့် တစ်ပါတည်းလေ့လာနိုင်မည်ဖြစ်သကဲ့သို့ ကျောက်စာရုံစေတီ (၇၂၀)ကိုလည်း ဖူးမြော်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရန်ဆန်များကို တစ်အိတ်လျှင် (၆၀၀၀၀)ကျပ်နှုန်းထက် မပိုသောဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဟု MRF ထုတ်ပြန်
RELATED POSTS
04 Sep 2024 | ဘာသာရေး,ပြည်တွင်း
22 Jul 2024 | ဘာသာရေး,နိုင်ငံတကာ
02 Jun 2024 | ဘာသာရေး,နိုင်ငံတကာ
29 May 2024 | ဘာသာရေး,ပြည်တွင်း