နိုင်ငံရေးပါတီသစ် တည်ထောင်လိုသူများအနေဖြင့် ပါတီတည်ထောင်ခွင့်ကို ဆက်လက်လျှောက်ထားနိုင်ဟုဆို
ယွန်း (NSS) - သြဂုတ် ၁
နိုင်ငံရေးပါတီသစ်တစ်ရပ် တည်ထောင်လိုသူများအနေဖြင့် ပါတီတည်ထောင်ခွင့်ကို နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ ဆက်လက် လျှောက်ထားနိုင်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်လ(၃၁)ရက်တွင် နစက ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၃)တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများ ပြင်ဆင်ဖွဲ့စည်းရန် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပါတီစုံဒီမို ကရေစီစနစ်ခိုင်မာ အားကောင်းစေရေး ပြည်သူလူ ထုနှင့် ဒေသကို ကိုယ်စားပြုသည့်၊ ခိုင်မာသည့် နိုင်ငံရေးပါတီများ ပေါ်ထွန်းစေရေးအတွက် ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။
ယခင်တည်ဆဲနိုင်ငံရေးပါတီ (၉၀) အနက်မှ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့်ကို ပါတီ(၅၀)က လာရောက်လျှောက်ထားခဲ့သော်လည်း ကျန်ပါတီ (၄၀)သည် သတ်မှတ်ကာလအတွင်း လာရောက်လျှောက်ထားခြင်းမရှိကြောင်း နစကဥက္ကဋ္ဌမှ ပြောသည်။
ထို့ပြင် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ ယနေ့အထိ နိုင်ငံရေးပါတီအသစ် တည်ထောင်ခွင့် လျှောက်ထားလာသည့်ပါတီ (၁၃) ပါတီရှိကြောင်း သိရသည်။
၂ဝ၂၃ ခုနှစ် ဇူလိုင်လ(၂၇)ရက်အထိ ယခင်ပါတီဟောင်း (၅၀)အနက်မှ နိုင်ငံရေးပါတီ (၃၀)နှင့် နိုင်ငံရေးပါတီအသစ်လျှောက်ထားသည့် (၁၃)ပါတီအနက်မှ နိုင်ငံရေးပါတီ (၅)ပါတီ စုစုပေါင်း (၃၅)ပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက (၂၄) နာရီအတွင်း ထူးခြားသတင်းများ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း