အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တတိယကမ္ဘာစစ်ဖြစ်ပွားအောင် လုပ်ဆောင်နေကြောင်း အမေရိကန်ရုပ်ရှင်ဒါရိုက်တာ ဝေဖန်ပြော
Pika (NSS) - ဇူလိုင် ၃၁
ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး လုပ်ဆောင်နေသော အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ လုပ်ရပ်များသည် ကိုယ့် ကိုယ်ကိုယ်ပြန်လည်ထိခိုက်စေမည့်လုပ်ရပ်များဖြစ်ပြီး ရုရှားနှင့် အမေရိကန်ကို ထိပ်တိုက်တွေ့ဆုံအောင် လုပ်ဆောင်နေခြင်းမျိုးသာဖြစ်ကြောင်း အမေရိကန်ရုပ်ရှင်ဒါရိုက်တာ အိုလီဗာစတုန်းက ဝေဖန်ပြောဆိုခဲ့သည်။
အိုလီဗာစတုန်းက "ဂျိုးဘိုင်ဒန်ဟာ ရုရှားဖက်ဒရေးရှင်းနဲ့ ဆိုဗီယက်ယူနီယံဟောင်းကို တကယ်ကိုမုန်းတီးခဲ့သူ တစ်ဦးပါ။ ဒါကြောင့် သူ့ရဲ့လုပ်ရပ်တွေက အမေရိကန်နဲ့ ရုရှားကို ထိပ်တိုက်တွေ့အောင် လုပ်ဆောင်နေသလိုပါပဲ။ ဒါက ရုရှားနယ်နိမိတ်မှာဖြစ်ပွားနေတဲ့ပဋိပက္ခပါ။ နေတိုးအဖွဲ့ကလည်း ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ဝင်ရောက် စွက်ဖက်မှုတွေ လုပ်နေပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် ၂ဝ၂ဝ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒန်အား မဲပေးခဲ့ခြင်းကို လက်ရှိအချိန်တွင် အမှားတစ်ခု ဟု ယူဆမိကြောင်း ၎င်းက ပြောခဲ့သည်။ ၎င်းက "ဂျိုးဘိုင်ဒန်ဟာ အသက်ကြီးလာပြီဖြစ်တဲ့အတွက် အရာအားလုံးကို ချင့်ချိန်လုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိအချိန်မှာတော့ အုပ်ချုပ်မှုတာဝန်ကို မကျေတဲ့လူတစ်ဦးကို တွေ့မြင်နေရသလိုပါပဲ" ဟု ပြောခဲ့သည်။
အိုလီဗာစတုန်းသည် ယခင်က အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို ပြစ်တင်ဝေဖန်ခဲ့သူဖြစ်ပြီး ၂ဝ၂ဝ ပြည့် နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒန်ကို မဲပေးခဲ့ကြောင်း သိရသည်။ သို့သော်လည်း ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ လုပ်ရပ်များအပေါ် ၎င်း၏အမြင်များသည် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့်တူညီနေကြောင်း သိရသည်။
ထို့အပြင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ယူကရိန်းပဋိပက္ခကို ဝင်ရောက်စွက်ဖက်ခြင်းဖြင့် အမေရိကန်နိုင်ငံ ကို တတိယကမ္ဘာစစ်အတွင်းသို့ ဆွဲခေါ်နေခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် နှင့် အိုလီဗာစတုန်းတို့က ပြစ်တင်ဝေဖန်ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ ၃ဝ ရက်အတွင်းဖြစ်ပွားသော ပြည်တွင်းနှင့် ပြည်ပမှ သတင်းထူးများ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ