Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရှိတ်ဟာစီနာ နှုတ်ထွက်ပေးရေး တခဲနက်တောင်းဆိုမှု အရှိန်မြင့်တက်လာ

Htay Oung (NSS) - ဇူလိုင် ၃ဝ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ်ဖြစ်သူ ရာထူးမှ နှုတ်ထွက်ပေးရေး တောင်းဆိုသူတို့က မြို့တော်ဒါကာရှိ အဓိက လမ်းများကို ပိတ်ဆို့ဆန္ဒပြလာကြပါတယ်။ ဒီအတွက် ရဲတပ်ဖွဲ့က ရာဘာကျည်ဆန်များနဲ့ မျက်ရည်ယိုဗုံးများကို ပစ်ဖောက်ပြီး လူစုခွဲမှုဖြစ်ပေါ်ခဲ့တယ်လို့ AFP က ဇူလိုင်လ ၃ဝ ရက်မှာ ရေးသားလာပါတယ်။

အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) နဲ့ မဟာမိတ်တို့က ၀န်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးမှ နှုတ်ထွက်ပေးပြီး လာမယ့်နှစ် ဇန်နဝါရီလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို အိမ်စောင့်အစိုးရတစ်ရပ်နဲ့ ကြီးကြပ် ကျင်းပခွင့်ပြုရေးတောင်းဆိုတဲ့ဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆက်တိုက်ဖြစ်ပွားနေခဲ့ပါတယ်။

မြို့တွင်း အဓိက အသက်သွေးကြောဖြစ်တဲ့ လမ်းများပေါ်မှာ သွားလာမှုပိတ်ဆို့ဖို့အတွက် ထောင်ချီလူအုပ်ကြီးက နံနက်ပိုင်းမှာ စုရုံးနေကြပြီး စနေနေ့ ဇူလိုင်လ ၂၉ ရက်က မြို့တော်နေရာအနှံ့မှာ ရှင်းလင်းဖို့ကြိုးစားတဲ့ ရဲတပ်ဖွဲ့ ဝင်များ နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်ခဲ့ပါတယ်။

တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ဆန္ဒပြတဲ့ နေရာ ၄-ခုထက်မနည်းမှာ ရဲတပ်ဖွဲ့ နဲ့ လူစုလူဝေးများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တယ်လို့ ဒါကာ မြို့တော် ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူထံမှ သိရှိရပါတယ်။ 

ယခင် ရပ်ကွက်ဟောင်းတစ်ခုဖြစ်ပြီး ယခုမော်တော်ယာဉ်ပြုပြင်ရေးဆိုင်များ စုဝေးတည်ရှိရာဖြစ်လာတဲ့ ဒိုလိုင်ချယ် ဧရိယာဆန္ဒပြပွဲအတွင်း အဓိကရုဏ်းနှိမ်နင်းရေးရဲများနဲ့ ရဲတပ်ဖွဲ့မော်တော်ယာဉ်များကို ဆန္ဒပြသူများက ကျောက်ခဲ များဖြင့် ပစ်ပေါက်ပြီး လက်တုံ့ပြန်ကြောင်း AFP သတင်းထောက်က မျက်မြင်တွေ့ရှိခဲ့ပါတယ်။

ဒါကာ ဆေးဘက်ဆိုင်ရာကောလိပ်မှာ တာ၀န်ကျနေတဲ့ ရဲအင်စပက်တာကတော့ ဒဏ်ရာရရှိထားတဲ့ ဆန္ဒပြသူ ၆ ဦး ရောက်ရှိလာတယ်လို့ ပြောပါတယ်။ BNP ပါတီ အကြီးတန်းခေါင်းဆောင်နှစ်ဦးကို ရဲတပ်ဖွဲ့က ခေါ်ယူ ထိန်းသိမ်း ထားပေမယ့် တရားဝင်ဖမ်းဆီးခြင်း မရှိသေးကြောင်း ဒါကာမြို့တော်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ 

ဒါကာမြို့တော်နဲ့ ပြည်တွင်း အခြားဒေသများအကြား သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများမှာ ဆိုးဆိုးရွားရွား ပြတ်တောက်သွားပြီး ကုန်တင်ထရပ်ကားများနဲ့ လူစီးဘတ်စ်ကားများလည်း ပိတ်မိကုန်ပါတယ်။ ခရီးသည် ဘတ်စ်ကားအချို့ လက်သရမ်းဖျက်ဆီးခြင်းနဲ့ မီးတင်ရှို့ခံရပြီး အာဏာရ အဝါမီလိခ်ပါတီအပေါ် ထောက်ခံသူ လူအုပ်ကြီးက ဒါကာမြို့ ၀င်ပေါက်များမှာ တန်ပြန် ထိုင်သပိတ်မှောက်ခြင်းများလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

၂ဝဝ၉ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ရှိတ်ဟာစီနာရဲ့အဝါမီလိဂ်ပါတီအစိုးရဟာ လူ့အခွင့် အရေးချိုးဖောက်မှုများ၊ အကျင့်ပျက်ခြစားမှုနဲ့ အာဏာရှင်ဆန်ဆန် တစ်စစ ကျင့်သုံးလာကြောင်း စွပ်စွဲခံခဲ့ရပါ တယ်။

BNP ပါတီ ဦးဆောင်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေဟာ ယခုနှစ် စောစောပိုင်းမှစပြီး ပိုမိုများပြားလာပါတယ်။ ယခုလ အရောက်မှာတော့ လူပေါင်း သိန်းသောင်းချီ လမ်းများပေါ်ထွက် ဆန္ဒပြမှုများ ရှိလာခဲ့ပါတယ်။ ယခု သီတင်းပတ် ပါတီဌာနချုပ်အပြင်ဘက် ချီတက်ဆန္ဒပြပွဲမတိုင်မီ အတိုက်အခံတက်ကြွလှုပ်ရှားသူ ၅ဝဝ ထက်မနည်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း တွေရှိရပါတယ်။

အာဏာရပါတီက ရာဘာ တံဆိပ်တုံးထုရုံသက်သက် ဥပဒေပြုလွှတ်တော်ကို လွှမ်းမိုးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေးရာသီဥတုအပေါ် စိုးရိမ်ကြောင်း အနောက်နိုင်ငံအစိုးရတို့က ဖော်ပြခဲ့ကြပါတယ်။ ရှိတ်ဟာစီနာရဲ့ လုံခြုံရေး တပ်တွေဟာ သောင်းနဲ့ချီတဲ့ အတိုက်အခံတက်ကြွလှုပ်ရှားသူများကိုဖမ်းဆီးပြီး တရားလက်လွတ် ထိပ်တိုက်တွေ့မှု များအတွင်း လူရာချီသေဆုံးခဲ့ကြောင်း၊ အတိုက်အခံခေါင်းဆောင်များနဲ့ ဝန်းရံသူ ရာပေါင်းများစွာတို့ ပျောက်ဆုံးနေ ကြောင်း စွပ်စွဲခံထားရပါတယ်။

အခွင့်အရေးချိုးဖောက်မှုများအတွက် လျှပ်တပြက်တုံ့ပြန်ရေး အထူးလုံခြုံရေးတပ် RAB နဲ့ အကြီးတန်း အရာရှိ ၇ ဦး ကို ၂ဝ၂၁ ခုနှစ်မှာ အမေရိကန်က ဒဏ်ခတ်အရေးယူခဲ့ပါတယ်။

(ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထူထောင်ရာမှာ ပါဝင်တဲ့ ရှိတ်မူဂျီဘူရ်_ရာမန်ဟာ ပြည်တွင်းမှာ ရှင်ရိုသေ လူရိုသေ ပုဂ္ဂိုလ်ကြီး ဖြစ်ပြီး စစ်တပ်အရာရှိငယ်တစ်စုရဲ့မအောင်မြင်တဲ့အာဏာသိမ်းမှုမှာ မိသားစုလိုက် အသတ်ခံခဲ့ရပါတယ်။ ပြည်ပ ရောက် နလို့သာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ညီမငယ်နဲ့အတူ ရှိတ်ဟာစီနာဟာ အများအမြင်မှာ ဂရုဏာသက်စရာဖြစ် ရပါတယ်။ ဒါကို ကောင်းကောင်းနားလည်တဲ့ ဟာစီနာ (၇၅ နှစ်) ဟာ နိုင်ငံရေးအရ ပြောဆိုကြတဲ့အခါတိုင်း ဖခင်ဖြစ်သူ ရှိတ်မူဂျီဘူရ်ရာမန်ရဲ့အမည်ကို အသုံးချလေ့ရှိတဲ့ “ဖေဖေကလေ_ရာဘာတံဆိပ်တုံးကြီး” ဖြစ်နေခဲ့ပါ တယ်။ ၄င်းလက်ထက် ဘင်္ဂလားဒေ့ရှ်ဟာ အထိုက်အလျောက်တိုးတက်မှုများ ရှိခဲ့ပေမယ့် အဝါမီလိခ်ကပါတီ အများစု ဥပဒေပြုလွှတ်တော်ဟာ လူအရေအတွက်များသော်လည်း အရည်အချင်းမှာ ဟာစီနာ ဆုံးဖြတ်သမျှ အတည်ပြုရုံ “တံဆိပ်တုံး_ပါလီမန်” ဖြစ်နေတယ်လို့ စွပ်စွဲခြင်း ခံရပါတယ်။

အကျင့်ပျက်ခြစားမှုစွဲချက်ဖြင့် ပြစ်ဒဏ်ချမှတ်ခံရပြီး နေအိမ်အကျယ်ချုပ် ကျခံနေရသူ ခါလီဒါဇီယာ (၇၇ နှစ်) ဟာ ဟာစီနာရဲ့ ရန်သူတော်ဟောင်းကြီးဖြစ်ပြီး အတိုက်အခံ BNP ပါတီခေါင်းဆောင်ဖြစ်ပါတယ်။ အဆိုပါ ပါတီကို တည်ထောင်သူ ဗိုလ်ချုပ်ကြီးဟောင်း ဇီယာ_ရာမန်ဟာ ခါလီဒါဇီယာရဲ့ ခင်ပွန်းဖြစ်ပါတယ်။ 

ဇီယာရာမန်ဟာ ဘင်္ဂလားဒေ့ရှ်ခွဲထွက်ရေးစစ်ပွဲမှာ ပါကစ္စတန်တပ်များကို ခုခံတိုက်ခိုက်စဉ် လူသိများထင်ရှားတဲ့ တပ်မှူးတစ်ဦးဖြစ်ပြီး ၁၉၇၇ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့အတွက် ကျန်ရစ်သူ မုဆိုးမ ခါလီဒါမှာလည်း လူ အများအမြင်မှာ သနားစဖွယ် မိန်းမသားတစ်ဦးဖြစ်နေပါတယ်။ 

သမ္မတ ရှိတ်မူဂျီဘူရ်ရာမန် လုပ်ကြံခံရပြီး အရာရှိငယ်တစ်စု အာဏာသိမ်းဖို့ကြံစည်မှုကို တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇီယာရာမန်က တန်ပြန်အာဏာသိမ်းမှုနဲ့ဖြိုခွင်းပြီး အစိုးရအဖွဲ့တာ၀န်ယူခဲ့ကြောင်း အမှတ် အသားရှိပါတယ်။

ဒါပေမယ့် အရာရှိငယ်များ အာဏာသိမ်းရန် ကြံစည်မှုဆိုတာ ဇီယာရာမန် ပယောဂမကင်းကြောင်း စွပ်စွဲချက်များ ဟာလည်း ဒီကနေ့တိုင် မဖြေရှင်းနိုင်ပဲ ရှိနေဆဲဖြစ်ပါတယ်။


ရန်သူတော်ဟောင်း ပြိုင်ဘက် အမျိုးသမီးကြီးနှစ်ဦးတို့ရဲ့ အဝါမီလိခ် နဲ့ BNP ပါတီတို့ဟာ ဘင်္ဂလားဒေ့ရှ်မှာ တစ်လှည့်စီ အာဏာရရှိခဲ့ပါတယ်။ နိုင်ငံ့ပြုပြင်ပြောင်းလဲရေး တိုးတက်ဖွံ့ဖြိုးရေးအစီအစဉ်မှန်သမျှ တစ်ဦး အစိုး ရဖြစ်ချိန် ကျန်တစ်ဦးက ကန့်လန့်တိုက်ပယ်ချခြင်းဖြင့် ပါတီဝင်နဲ့ ထောက်ခံသူနှစ်ရပ်အကြား ပြင်းထန်တဲ့ အဓိကရုန်းများ ဖြစ်ပွားခဲ့ရပါတယ်။

ဒါ့ကြောင့် ဘယ်အစိုးရတက်တက် အမိန့်ညွှန်ကြားချက်များအတိုင်း နာခံရသူ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့မှာ ပါတီကြီး နှစ်ခုစလုံးမှ ပါတီဝင်နဲ့ ထောက်ခံသူတိုင်းကို နံပတ်ဒုတ်နဲ့တွယ်ခဲ့ဖူးတဲ့ “တံဆိပ်တုံးကြီး” ဖြစ်နေပါတယ်။  သတင်းဘာသာပြန်သူ)

#ဘင်္ဂလားဒေ့ရ်ှအဓိကရုန်း #အဝါမီလိခ်ပါတီ #အတိုက်အခံအမျိုးသားရေးပါတီ #ရှိတ်ဟာစီနာ #ခါလီဒါဇီယာ #တံဆိပ်တုံး_ပါလီမန် #ရှိတ်မူဂျီဘူရ်_ရာမန် #ဇီယာရာမန် #ဘင်္ဂလားဒေ့ရ်ှလွတ်လပ်ရေးစစ်ပွဲ

(AFP., 29 July 2023,” Bangladesh opposition intensifies stir demanding PM Sheikh Hasina's ouster” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန် ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်နိုင်ငံမှာ လေယာဉ်ပျက်ကျသွားခဲ့ပြီးနောက် ရာထူးက အနားယူတော့မယ့် စစ်ဗိုလ်ချုပ်တစ်ဦး သေဆုံး

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved