ဘီယာဆိုင်ထိုင်နေသည့် လူငယ်(၃)ဦးကို လူ(၈)ဦးပါသောအဖွဲ့က ဓားဖြင့်ဝင်ခုတ်မှု မန္တလေး၌ဖြစ်ပွား
သန့်ဇင် (NSS) - ဇူလိုင် ၂၉
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဘီယာဆိုင်ထိုင်နေသည့် လူငယ်(၃)ဦးအား ဓားများကိုင်ဆောင်လာသည့်လူ(၈)ဦးက ဓားဖြင့်ဝင်ခုတ်မှုဖြစ်ပွားခဲ့ကြောင်း ရွှေမဥ္ဇူ ပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ဓားခုတ်မှုဖြစ်စဉ်သည် ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်)၊ ည ၁၀ နာရီအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ X ၁၄၀ လမ်းရှိ ဘီယာဆိုင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လူငယ်(၃)ယောက်က ဘီယာထိုင်သောက်နေတာပါ။ အဲဒါကို လူ(၈)ယောက်ကဝင်ခုတ်သွားတာပါ။ ရန်ငြိုးရှိတာလားတော့မသိပါဘူး။ ပြောသံကြားတာတော့ လူမှားတာလို့ပြောပါတယ်”ဟု ရေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ထိုသို့ ဓားဖြင့် အခုတ်ခံရသော လူငယ်(၃)ဦးအနက် (၂၂)အရွယ်အမျိုးသားတစ်ဦးမှာညတွင်းချင်းသေဆုံးသွားခဲ့ပြီး ကျန်(၂၃)နှစ်နှင့် (၂၈)နှစ်အရွယ် အမျိုးသား(၂)ဦးမှာ စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ခုတ်တဲ့လူက(၈)ယောက်ပေါ့။ အခုတ်ခံရတဲ့(၃)ယောက်ထဲက တစ်ယောက်ကညတွင်းချင်းဆုံးတယ်။ အသက်(၂၂)အရွယ်ပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါဓားခုတ်ခံရမှုကြောင့် သေဆုံးသွားခဲ့သော အမျိုးသားနှင့် ကျန်(၂)ဦးအား ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှကားဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အော်စကာဆုရှင် မီရှဲလ်ရို ချစ်သူဖြစ်သူ ဂျင်တော့ နဲ့ ၁၉ နှစ်ကြာစေ့စပ်ပြီးနောက် လက်ထပ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း