မြန်မာနိုင်ငံ၌ လေယာဥ်မောင်းသင်တန်းကျောင်းဖွင့်လှစ်နိုင်ရေး မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေးနွေး
ယွန်း (NSS) - ဇူလိုင် ၂၈
မြန်မာနိုင်ငံ၌ လေယာဥ်မောင်းသင်တန်းကျောင်းဖွင့်လှစ်နိုင်ရေး မြန်မာ- တရုတ် နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နစက မှ သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဇူလိုင်လ (၂၇) ရက်၌ နေပြည်တော်ရှိ ဝန်ကြီးဌာန ရုံးအမှတ်(၅)တွင် တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးဒေသမှ စီးပွားရေးလုပ်ငန်းအဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာ၌ ကျောက်မျက်ရတနာများ၊ ရေထွက်ကုန်များနှင့် အသီးအနှံများကို ကုန်တင်လေယာဥ်များဖြင့် တရုတ်နိုင်ငံသို့ ပို့ဆောင်နိုင်ရေးကိုလည်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နစကမှ ဆိုထားသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ လေယာဥ်မောင်းသင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက် သည့်ကိစ္စများကိုလည်း မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် နယ်စပ်ဝင်/ထွက်ပေါက်များတွင် လုပ်ငန်းများ လွယ်ကူချော့မွေ့စေရေး အပါအဝင် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများဖွံ့ဖြိုးရေးကို ဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မီဒီယာများ၏ မေးမြန်းမှုများကို ပြောရေးဆိုခွင့်ရှိသူများအနေဖြင့် အတိုင်းအတာတစ်ခုအထိ မြန်ဆန်စွာဖြေကြား ပေးရန် ပြန်ကြားရေးဝန်ကြီး တောင်းဆို
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း