Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လုံခြုံရေးဂိတ်များ၌ လာဘ်ပေးလာဘ်ယူမှုများကို စစ်ဆေးဖော်ထုတ်တွေ့ရှိခဲ့ပါက တာဝန်ကျဝန်ထမ်းအပြင် တာဝန်ရှိအဆင့်ဆင့်ကိုပါ ထိရောက်စွာ အရေးယူမည်ဟုဆို

ယွန်း (NSS) - ဇူလိုင် ၂၈

လုံခြုံရေးဂိတ်များ၌ လာဘ်ပေးလာဘ်ယူမှုများကို စစ်ဆေးဖော်ထုတ်တွေ့ရှိခဲ့ပါက သက်ဆိုင်ရာ တာဝန်ကျဝန်ထမ်းအပြင် တာဝန်ရှိအဆင့်ဆင့်ကိုပါ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

နစကဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဇူလိုင်လ(၂၇)ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမတွင် ကျင်းပခဲ့သော တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။


တရားမဝင်ကုန်သွယ်မှုများ၌ ရှောင်ကွင်းလမ်းများကိုသုံး၍ သယ်ဆောင်မှုများရှိနေပြီး တရားဝင်ကုန်လမ်းကြောင်း အတိုင်း စစ်ဆေးရေးဂိတ်များ၊ လုံခြုံရေးဂိတ်များကို ငွေပေးပြီးဖြတ်သန်းမှုများလည်း ရှိနေကြောင်း သိရသည်။

သို့ဖြစ်၍ အထူးအဖွဲ့ဥက္ကဋ္ဌများ နှင့် OSS ဌာနဆိုင်ရာ တာဝန်ခံညွှန်ကြားရေးမှူးချုပ်အနေဖြင့် မိမိတို့တာဝန်ယူရ သည့် စစ်ဆေးရေးဂိတ်၊ လုံခြုံရေးဂိတ်များတွင် လာဘ်ပေးလာဘ်ယူမှုမရှိစေရေးကို ကြပ်မတ်ဆောင်ရွက်ရန် နစက ဒုဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

ပြည်ထောင်စုအဆင့်အနေဖြင့် ဝင်ရောက်စစ်ဆေးဖော်ထုတ်တွေ့ရှိခဲ့ပါက သက်ဆိုင်ရာတာဝန်ကျဝန်ထမ်းများ အပြင် တာဝန်ရှိသူအဆင့်ဆင့်ကိုပါ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂ဝ၂၃ ခုနှစ်၊ ဇွန်လအထိ အမှုတွဲ (၇ဝ၁၁) မှု နှင့် ခန့်မှန်းတန်ဖိုးငွေကျပ် (၁၂၇ ဒသမ ဝ၅၄) ဘီလျံဖြစ်ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဥ်ပါက တိုးတက်ခဲ့ကြောင်း သိရသည်။


သို့သော် တရားမဝင်ကုန်သွယ်မှုများမှာ လျှော့နည်းကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း နစကဒုဥက္ကဋ္ဌ မှ ပြောသည်။

တရားမဝင်ကုန်သွယ်မှုဖြစ်ပေါ်ရခြင်း အဓိကအကြောင်းရင်းများမှာ “အစိုးရ၏ မူဝါဒ၊ ရောင်းလိုအားနှင့် ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှုနှင့် ကုန်သွယ်မှု၊ အကောက်ခွန်လုပ်ငန်းဝန်းကျင်” စသည့် အခြေခံကျသည့် အချက် များအပြင် နိုင်ငံအတွင်း၌ လုံခြုံရေးအရ လိုအပ်ချက်ရှိနေဆဲဖြစ်သည့် နယ်စပ်ဒေသများရှိနေခြင်းကြောင့်ဖြစ်သည်ဟု နစကဒုဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်အထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခွင့်ရရှိရန် အလားလာများနေဟု NLD ပါတီတာဝန်ရှိသူတစ်ဦး ပြော

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved