Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဝါရှင်တန် အပါအဝင် ဥရောပဘဏ်များ အတိုးနှုန်းမြှင့်တင်မှု နှင့် ကမ္ဘာ့နိုင်ငံများသို့ ရိုက်ခတ်လာမည့် ဂယက်

Htay Oung (NSS) - ဇူလိုင် ၂၈ 

အမေရိကန်စီးပွားရေးမှာ မတည်မငြိမ်ဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွမှုကို ဆက်လက်တိုက်ဖျက်နေရတဲ့အတွက် ဘဏ်ရဲ့အဓိကအတိုးနှုန်းကို ၅.၅ ရာခိုင်နှုန်းအထိ ၂၂ နှစ်အတွင်း အမြင့်ဆုံးအဆင့်ကို မြှင့်တင်လိုက်ကြောင်း နိုင်ငံ အချို့မှာ ဗဟိုဘဏ် လို့ခေါ်တဲ့ ဝါရှင်တန် ဖက်ဒရယ်အရံဘဏ် Fed က ဗုဒ္ဓဟူးနေ့မှာ ကြေညာတယ်လို့ NBC သတင်းအေဂျင်စီက ဇူလိုင်လ ၂၆ ရက်က ရေးသားပါတယ်။

၁၂ လဆက်တိုက်ကျဆင်းခဲ့တဲ့ စားသုံးသူစျေးနှုန်းများဟာ ဇွန်လမှာ ၃ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ပါတယ်။ ဒါဟာ ၂  နှစ်ကျော်အတွင်း နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်း အနိမ့်ဆုံးဖြစ်ပေမယ့် စားသုံးသူစျေးနှုန်း ၂ ရာခိုင်နှုန်း လောက် အထိသာတိုးလာဖို့ ကြိုးစားနေတဲ့ ဖက်ဒရယ် အရံဘဏ်အတွက်တော့ မြင့်မားနေပါသေးတယ်။

အခုလို အတိုးနှုန်းကို မြှင့်တင်ခြင်းအားဖြင့် စီးပွားရေးမှာ ကုန်စည်၊ ဝန်ဆောင်မှုများနဲ့ အလုပ်သမားများရဲ့ အလုံးစုံ လိုအပ်ချက်ကိုလျှော့ချနိုင်မှာဖြစ်ပေမယ့် ချေးငွေနဲ့ ရင်းနှီးမြုပ်နှံမှုကဏ္ဍမှာ ပိုမိုစျေးကြီးလာလိမ့်မယ်လို့ မျှော်လင့် ထားကြောင်း ဖက်ဒရယ်အရံဘဏ်ဥက္ကဋ္ဌ ဂျာရွမ်း-ပိုဝဲလ်က ပြောပါတယ်။

Fed ဟာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်ရည်ရွယ်ပြီး ၁၇ လအတွင်း ၁၁ ကြိမ်မြောက်အဖြစ် အဓိကအတိုးနှုန်း ကို တိုးမြှင့်လိုက်ခြင်းဖြစ်ပါတယ် ဒါ့အပြင် နောင်အနာဂတ်မှာလည်း နှုန်းထားများကို ထပ်မံမြှင့်တင်ရန် ရှိ/မရှိ ဆိုတာနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။ ယခုနောက်ဆုံးမြှင့်တင်မှုဟာ ပေါင်နှံမှုများ၊ ကား ချေးငွေ များ၊ အကြွေးဝယ်ကတ်များနဲ့ လုပ်ငန်းချေးငွေများအတွက် ကုန်ကျစရိတ်ပိုမိုမြင့်မားစေနိုင်ပါတယ်။ လာမယ့် စက်တင်ဘာလ ဖက်ဒရယ်အရံဘဏ် အစည်းအဝေးမှာ နှုန်းထားများကို တိုးနိုင်- မတိုးနိုင် ဆိုတာကိုလည်း ပိုဝဲလ်က ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

အခုလို အတိုးနှုန်းများကို ဆက်တိုက်တိုးမြှင့်ခြင်းအားဖြင့် ကောင်းမွန်နေတဲ့ အမေရိကန်ရဲ့စီးပွားရေးမှာ ကျဆင်းဖို့ စိုးရိမ်စရာမရှိတော့ဘူးလို့ ပိုဝဲလ်က ဆိုပေမယ့် စောင့်ကြည့်ရဦးမယ့်အဆင့်တွေ အများကြီးရှိနေသေးကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။

ငွေကြေးဖောင်းပွမှုက ခေါင်းမာမာနဲ့ မြင့်မားနေဆဲဖြစ်ကြောင်း လုပ်သားစျေးကွက် အားကောင်းလာခြင်းမှာ ငွေကြေးဖောင်းပွမှုကို အထောက်အကူဖြစ်စေနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ Fed ဟာ အလုပ်လက်မဲ့ဖြစ်ရမှုနဲ့ ငွေကြေးဖောင်းပွမှုကိုထိန်းညှိဖို့ တာ၀န်ရှိပါတယ်။ လက်ရှိ အမေရိကန်နိုင်ငံရဲ့အလုပ်လက်မဲ့နှုန်း ၃.၆ ရာခိုင်နှုန်း ဆိုတာ သမိုင်းကြောင်းအရ နိမ့်နေပါသေးတယ်။

Fed ကတော့ လူတွေကို အလုပ်မှ ထုတ်မပစ်ရပဲ ငွေကြေးဖောင်းပွမှုကို လျော့ချဖို့အတွက် စီးပွားရေးကို နှေးကွေး ပစ်ရမယ်လို့ ယုံကြည်နေပါတယ်။ ဒါ့အပြင် အတိုးနှုန်း အမြင့်ဆုံးမြှင့်တင်လိုက်ပေမယ့် ငွေကြေး ဖောင်းပွမှု လျော့ကျနှုန်းဟာ Fed လိုချင်သလို ဖြစ်မလာသေးပါဘူး။


တစ်နှစ်ထက်တစ်နှစ် ငွေကြေးဖောင်းပွမှုနှုန်း အကြမ်းဖျင်း ၉ ရာခိုင်နှုန်း မှ ၃ ရာခိုင်နှုန်းကို ကျဆင်းလာမှုဟာ သိပ်မခဲယဉ်းတဲ့ ကာလဖြစ်နေကြောင်း လေ့လာသုံးသပ်သူအချို့က သတိပေးပါတယ်။ Fed ရည်ရွယ်ထားတဲ့ ၂ ရာခိုင်နှုန်း ပစ်မှတ်အထိဆိုရင်တော့ ခက်ခဲပြီး ပိုမိုကြာမြင့်ဖွယ် ရှိပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ အပျော့စား ငွေကြေးဖောင်းပွမှုနှုန်းမှာပဲ ကြာမြင့်နိုင်တယ်လို့ သုံးသပ်ကြကြောင်း Republican World ဒစ်ဂျစ်တယ် မီဒီယာက ယနေ့ ဇူလိုင်လ ၂၈ ရက်က ရေးသားပါတယ်။တိုက်ခန်းငှားရမ်းခတွေဟာ ကြီးမြင့်နေဆဲဖြစ်ပြီး အဆောက်အအုံတိုက်ခန်းများများ ဆောက်နိုင်ရင်တော့ စျေးနှူန်း တွေ ကျဆင်းသွားနိုင်ပါတယ်။ (ချေးငွေ အတိုးနှုန်း မြင့်တက်ခြင်းဟာ အဲဒီကိစ္စမှာ အတားအဆီးဖြစ်နေပါတယ်။)

အခြား ဖွံ့ဖြိုးပြီးနိုင်ငံများစွာရှိ ဗဟိုဘဏ်များ မလုပ်ဆောင်မီ Fed အနေနဲ့ အကြွေးကိစ္စကို တင်းကျပ်လာခဲ့ပေမယ့် ယခုတော့ အခြားနိုင်ငံအများစုတို့ကလည်း ဝါရှင်တန်နည်းတူ လုပ်ဆောင်လာနေကြပါတယ်။ ကြာသပတေးနေ့ ဥရောပဗဟိုဘဏ်ဟာ သူ့လက်ရှိ လေးပုံတစ်ပုံအတိုးနှုန်းကို ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ ယူရိုငွေကို အသုံးပြုတဲ့နိုင်ငံပေါင်း ၂ဝ မှာ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းသွားတယ်ဆိုပေမယ့် အမေရိကန်ဒေါ်လာထက် တော့ မြင့်မားနေဆဲဖြစ်ကြောင်း တွေ့မြင်နေရပါတယ်။

ယေဘူယျအားဖြင့် ဆယ်စုနှစ် နှစ်ခုနီးပါး စျေးနှုန်းကျဆင်းပြီးနောက် စျေးနှုန်းများ ပြန်လည် မြင့်တက်လာပေမယ့် ဂျပန်ဘဏ်ကတော့ သူ့ရဲ့မူဝါဒများကို မပြောင်းလဲဘဲ လာမယ့်သီတင်းပတ်များအထိ ဆက်လက်ထားရှိဖို့ မျှော်လင့် ထားပါတယ်။ ပြီးခဲ့တဲ့လ အင်္ဂလန်ဘဏ်ဟာ အဓိကအတိုးနှုန်းကို ၁၅ နှစ်အတွင်း ၅ ရာခိုင်နှုန်းကို မြှင့်တင်ခဲ့ပြီး ဥရောပမှာ အတိုးနှုန်းမြှင့်တင်ဖို့ အတက်ကြွဆုံး ဘဏ်တစ်ခုဖြစ်လာပါတယ်။ ယူကေနိုင်ငံရဲ့ တစ်နှစ်ထက်တစ်နှစ် ငွေကြေးဖောင်းပွမှုနှုန်းဟာ ပြီးခဲ့တဲ့ မေလမှာ စိတ်မချမ်းမြေ့ဖွယ်ရာ ၈.၇ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့ပါတယ်။

အမေရိကန်က ကမ္ဘာ့အကြီးဆုံး လက်လီ/လက်ကားစျေးကွက်ကြီးဖြစ်ပြီး ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေပေါင်း ၆၅ ခုမှာ အမေရိကန်ဒေါ်လာကို တိုက်ရိုက်အသုံးပြုနေပါတယ်။ ၁၉၄၄ ခုနှစ် ဘရီတန်ဝုဒ်သဘောတူညီချက်အရ ကမ္ဘာသုံး ငွေကြေးအဖြစ် သတ်မှတ်ခဲ့တဲ့ အမေရိကန်ဒေါ်လာက ၁၉၇၁ ခုနှစ်မှာ ရွှေနဲ့ချိတ်ဆက်မှုကို ပယ်ဖျက်ခဲ့ပေမယ့် လည်း ကမ္ဘာ့အကြီးဆုံးအရံငွေကြေးအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ဒုတိယလိုက်တဲ့ငွေကြေးမှာ ယူရို ဒေါ်လာဖြစ်ပါတယ်။ ရိုက်နှိပ်ထုတ်မျှ ဒေါ်လာနဲ့ ယူရိုငွေစက္ကူ ၇၅ ရာခိုင်နှုန်းမှာ နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များ၊ ကုမ္ပဏီတွေနဲ့ ပုဂ္ဂလိကတို့ရဲ့လက်မှာ ရောက်ရှိနေမယ်လို့ ခန့်မှန်းရပါတယ်။

အမေရိကန်က ပြည်တွင်းငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ဖို့ ၎င်းတို့ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တင်တဲ့အခါ ၎င်းနဲ့ချိတ်ဆက်နေတဲ့ ဥရောပဘဏ်များကလည်း ထပ်ချပ်လိုက်လံဆောင်ရွက်ကြမှာဖြစ်ပါတယ်။ ဒေါ်လာနဲ့ ယူရို တို့ ငွေစက္ကူတို့မှာ သက်ဆိုင်ရာ အမေရိကန်နဲ့ ဥရောပဘဏ်များသို့ ပြန်လည်စီးဝင်သွားခြင်းဖြင့် ကမ္ဘာ့နိုင်ငံတွေမှာ ဒေါ်လာနဲ့ ယူရိုရှားပါးပြတ်လပ်မှု၊ တနည်းအားဖြင့် ကမ္ဘာ့တိုင်းပြည်အသီးသီးမှာ ပြည်တွင်းသုံးငွေကြေးတို့ ချိတ်ဆက်ရာမှာ ဒေါ်လာစျေး- ယူရိုစျေး ကြီးမြင့်လာမှာဖြစ်ပါတယ်။

၂ဝဝ၆ ခုနှစ် ကမ္ဘာ့အရံငွေအဖြစ် အမေရိကန်ဒေါ်လာ ၆၅ ရာခိုင်နှုန်း ယူရိုငွေ ၂၅ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ ၎င်း နောက်ပိုင်း ဒေါ်လာနှင့် ခပ်ကင်းကင်းနေဖို့ တရုတ်-ရုရှား-အိန္ဒိယတို့ရဲ့လှုပ်ရှားမှု ပေါ်ပေါက်လာပါတယ်။

#အမေရိကန်ဖက်ဒရယ်အရံဘဏ် #အဓိကဘဏ်အတိုးနှုန်း #ငွေကြေးဖောင်းပွမှု #ယူရိုဒေါ်လာ #Fed #ဂျပန်ဘဏ် #ဗဟိုဘဏ်များ #ကမ္ဘာ့အရံငွေကြေး #ဒေါ်လာနှင့်ခပ်ကင်းကင်းနေရေး

(NBC News., 26 July 2023,” Federal Reserve raises key interest rate to highest level in more than 20 years” နှင့် အခြား ဆက်စပ်သတင်းများကို #HtayOung, #Oung ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လုံခြုံရေးဂိတ်များ၌ လာဘ်ပေးလာဘ်ယူမှုများကို စစ်ဆေးဖော်ထုတ်တွေ့ရှိခဲ့ပါက တာဝန်ကျဝန်ထမ်းအပြင် တာဝန်ရှိအဆင့်ဆင့်ကိုပါ ထိရောက်စွာ အရေးယူမည်ဟုဆို

RELATED POSTS
RECENT POSTS
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved