Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အကျဉ်းသားချင်း လဲလှယ်မှုအရ ရုရှားက လွှတ်ပေးခဲ့သူ မရိန်းစစ်သားဟောင်း (၁၅)လ ကြာပြီးမှ ဒဏ်ရာရရှိခဲ့ကြောင်း ပေါ်ပေါက်

Htay Oung (NSS) - ဇူလိုင် ၂၇

အမေရိကန် မရိန်းတပ်သားဟောင်း ထရီဗာရိဒ်ဟာ နှစ်နိုင်ငံ အကျဉ်းသားချင်းလဲလှယ်မှုအရ ရုရှားအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။ ၁၅ လ ကြာမြင့်ပြီးမှာ ရိဒ်တစ်ယောက် ဒဏ်ရာရရှိတယ်ဆိုခြင်းဟာ ယူကရိန်းစစ်မြေပြင်မှာ ကိယက်ဗ်အတွက် တိုက်ခိုက်ပေးနေစဉ် ဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့တယ်လို့ ဗြိတိန်အခြေစိုက် Daily Mails က ယမန်နေ့(ဇူလိုင်လ ၂၆ ရက်)မှာ ရေးသားပါတယ်။


ရိဒ်ကို ကိယက်ဗ်မြို့ရှိ ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ပြီး အသေးစိတ် ဆက်လက်ကုသပေးဖို့အတွက် ဂျာမ နီနိုင်ငံကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ သိရှိရပါတယ်။ ရိဒ်ဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့ကြောင်း ဖြစ်စဉ်အကျဉ်းချုပ်ကို သိရှိတဲ့ အမည်မဖော်လိုသူ အမေရိကန် စစ်ဘက်အရာရှိနှစ်ဦးက The Messenger News သတင်းဌာနကို ပြောပြပါတယ်။

ဘယ်လောက် ဒဏ်ရာပြင်းထန်တယ်ဆိုတာ မသိရပေမယ့် ပေါက်ကွဲမှုကြောင့် ပြတ်ရှဒဏ်ရာများ ဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံသို့ သွားရောက်ခြင်း မပြုကြဖို့ အမေရိကန်နိုင်ငံသားများကို သတိပေးထားခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလမှာ အမေရိကန်က လွတ်မြောက်စေရန် ဆောင်ရွက်ပေးခဲ့ရသူ ရိဒ်ရဲ့ အတော်ကြီးကြာမှ ယခုလိုဖြစ်ပျက်ခြင်းနဲ့ ပတ်သက်ပြီး ဝါရှင်တန်က စိတ်ပျက်နေတယ်လို့ သတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။

ညဘက် အရက်အလွန်အကျွံသောက်သုံးပြီး ရဲစခန်းကို ကားနဲ့၀င်တိုက်စဉ် မောင်းထုတ်ခံရစဉ် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို စော်ကားခဲ့ကြောင်း ရုရှားအာဏာပိုင်များက ပြောဆိုခဲ့ပြီးနောက် ရိဒ်ကို ၂၀၁၉ ခုနှစ် နွေရာသီမှာ ဖမ်းဆီးခဲ့ပါတယ်။ အဲ့ဒီနောက် ထောင်ဒဏ် ၉-နှစ် ချမှတ်ခြင်း ခံရတဲ့အတွက် သူ့မှာ အပြစ်မရှိကြောင်း မိသား စု၀င်များက ပြောပါတယ်။ အမေရိကန်အစိုးရကလည်း မတရားဖမ်းဆီးခြင်းဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ 

အထူးသဖြင့် အဲဒီမှာ တိုက်ပွဲဝင်ရန် ရည်ရွယ်ချက်ဖြင့် ယူကရိန်းသို့ ခရီးသွားတဲ့ အမေရိကန် နိုင်ငံသားများအတွက် ဖမ်းဆီးခံရခြင်း သို့မဟုတ် သေဆုံးတဲ့အထိ အမှန်တကယ် အန္တရာယ်များအပါအဝင် သိသာထင်ရှားတဲ့ ဘေးဥပဒ်များနဲ့ ရင်ဆိုင်ရနိုင်ကြောင်း စစ်ပွဲအစကတည်းက သတိပေးထားတယ်လို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။ ရိဒ်ဟာ အမေရိကန်အစိုးရကိုယ်စား ဘယ်လိုလုပ်ဆောင်မှုမျိုးတွင်မျှ ပါဝင်ခြင်း မရှိကြောင်း၊ အမေရိကန်အစိုးရကိုယ်တိုင် ယူကရိန်းမှာ ပါ၀င်တိုက်ခိုက်ဖို့နေနေသာသာ နိုင်ငံသားများအနေနဲ့ အဲ့ဒီကို မသွားကြဖို့ အထူးသတိပေးထားခဲ့ကြောင်း တာဝန်ရှိသူက အလေးပေးပြောကြားပါတယ်။

ရိဒ်ဟာ ရုရှားတပ်များကို ခုခံနေတဲ့ ယူကရိန်းပြောက်ကျားတိုက်ခိုက်ရေးသမားများနဲ့ ပူးပေါင်းခဲ့တယ်လို့ The Messenger က ဖော်ပြပါတယ်။ ယူကရိန်းမှာ ပါ၀င်တိုက်ခိုက်ဖို့အတွက် ခရီးထွက်ခဲ့ကြသူ အမေရိကန်ထောင်ပေါင်းများစွာရှိလိမ့်မယ့်လို့ ယုံကြည်ရပေမယ့် အရေအတွက် အတိအကျနဲ့ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သူ့မှာ ဒဏ်ရာရရှိထားတာကြောင့် အမေရိကန်သို့ ပြန်လာခွင့်ပြုဖို့ ရိဒ်က အသနားခံထားပေမယ့် ယူကရိန်းတပ်များနဲ့ စာချုပ်ပါပြဿနာဟာ အတားအဆီး ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူများက ပြောပါတယ်။

အမေရိကန်အစိုးရက သူ့ကို အိမ်ပြန်ဖို့ ကူညီပြီးမှ ရုရှားအကျဉ်းသားဘ၀ ပြန်ရောက်သွားရင် သူ့အတွက် အလွန် အန္တရာယ်များ သွားနိုင်ကြောင်း၊ အရင်ပြောခဲ့သလိုပဲ၊ ယူကရိန်းကို ခရီးသွားပြီး တိုက်ပွဲမှာ ပါဝင်ကြသူ တွေအတွက် အန္တရာယ်တွေနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံသားတွေနဲ့ ရှင်းရှင်းလင်း သတိပေးထားကြောင်း၊ တိုက်ပွဲတွင်ပါဝင်ဖို့ ခရီးသွားရန် ရွေးချယ်သူများအပါအဝင် ယူကရိန်းမှ အရပ်သား အမေရိကန်များကို ကယ်ထုတ်ရန် နိုင်ငံခြားရေးဌာနအနေဖြင့် မကူညီနိုင်ဘူးလို့ ပြောပါတယ်။

ရိဒ်ဒဏ်ရာရဲ့ သဘောသဘာဝကို လောလောဆယ် ရှင်းလင်းစွာ မသိရသေးပေမယ့် သူ့ကို NGO အဖွဲ့အ စည်းတစ်ခုက ယူကရိန်းနိုင်ငံ အပြင်ဘက်ကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ရိဒ်ဟာ ရုရှားတို့ချုပ်နှောင်ထားရာမှ ၂၀၂၂ ခုနှစ် ဧပြီလမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး အမေရိကန်သို့ ကိုကင်းခိုးသွင်းရန် ပူးပေါင်းကြံစည်မှုဖြင့် ထောက်ဒဏ်အနှစ် ၂၀ ကျခံနေရသူ ရုရှားလေယာဉ်မှူး ကွန်စတင်တင်ယာရိုရှန်ကိုနဲ့ အကျဉ်းသားချင်း လဲလှယ်ခဲ့ပါတယ်။

ယာရိုရှန်ကိုဟာ ၂၀၁၀ ခုနှစ် အာဖရိကအနောက်ပိုင်း လိုက်ဘေးရီးယားနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရပြီး အမေရိကန် နိုင်ငံအတွင်း ကိုကင်းများ ခိုးသွင်းရန် ပူးပေါင်းကြံစည်မှုဖြင့် ကွန်နက်တီကပ်ပြည်နယ် ဖက်ဒရယ်အကျဉ်း ထောင်မှာ ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသူ ရုရှားလေယာဉ်မှူးတစ်ဦးဖြစ်ပါတယ်။

ယခုနောက်ဆုံး သတင်းများအရ ထရီဗာရိဒ်ဟာ NGO အဖွဲ့အစည်းတစ်ခုရဲ့ အကူအညီနဲ့ ဂျာမနီနိုင်ငံကို ရောက်ရှိသွားကြောင်း၊ သူဟာ အမေရိကန်အစိုးရ ကိုယ်စား ယူကရိန်းစစ်ပွဲမှာ ပါ၀င်တိုက်ခိုက်နေခြင်း မဟုတ်ပဲ (ကြေးစားစစ်သား) ဗော်လံတီယာ တိုက်ခိုက်ရေးသမားဖြစ်ဖွယ်ရှိကြောင်း ဝါရှင်တန်နိုင်ငံခြားရေးဋ္ဌာနက အတည်ပြုတယ်လို့ သြစတေးလျ USA Today က ဇူလိုင်လ ၂၆ ရက်မှာရေးသားပါတယ်။

ပစိဖိတ် တွန်ဂါကျွန်းနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်သိုနီဘလင်ကင်ကတော့ ထရီဗာရိဒ်ဖြစ်ရပ်ဟာ ရုရှားတို့လက်မှာ ချုပ်နှောင်ခံနေရတဲ့ အမေရိကန်နိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးအတွက် အနှောက်အယှက် ကြီးကြီးမားမား ဖြစ်လာနိုင်စရာ မရှိကြောင်း၊ ရုရှားနဲ့ ဆက်ဆံရာမှာ စိန်ခေါ်မှု အမျိုးမျိုးရှိနေပေမယ့် ၎င်းတို့နှစ်ဦး လွတ်မြောက်ရန် စိတ်ပိုင်းဖြစ်ထားကြောင်း၊ ရိဒ်ရဲ့ကိစ္စဟာ အမေရိကန်နိုင်ငံသားတွေ ယူကရိန်းကို ခရီးမသွားကြဖို့နဲ့ အဲ့ဒီမှာ ကူညီတိုက်ခိုက်ပေးတာမျိုး မလုပ်ဖို့ ဘာ့ကြောင့် တားမြစ်နေရတယ်ဆိုတာ မီးမောင်းထိုးပြနေတယ်လို့ ဘလင်ကင်က ဆိုပါတယ်။

( Daily mail., 26 July 2023,” Trevor Reed is injured after stepping on a LANDMINE while fighting in Ukraine just 15 months after US Marine was freed in Russia prisoner swap” နှင့် အခြားဆက်စပ်သတင်းများကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လုပ်ငန်းဆက်လက်မလည်ပတ်နိုင်သော အသေးစားစက်မှုလက်မှုလုပ်ငန်း ၃၀၀ ကျော်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်

RELATED POSTS
RECENT POSTS
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved