Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မဏိပူရပြည်နယ်သို့ ၂ ရက်အတွင်း မြန်မာနိုင်ငံသား ၇ဝဝ ကျော် ကျူးကျော်ဝင်ရောက်လာကြောင်း အိန္ဒိယပြော

Htay Oung (NSS) - ဇူလိုင် ၂၅ 

တရားဝင် ခရီးသွားစာရွက်စာတမ်းများ မပါဘဲ ကလေး ၃ဝ၁ ဦး အပါအဝင် မြန်မာနိုင်ငံသား ၇၁၈ ဦးတို့ဟာ အိန္ဒိယ နယ်စပ်ကိုဖြတ်ကျော်ပြီး မဏိပူရပြည်နယ်အတွင်း ဝင်ရောက်လာခဲ့ကြောင်း၊ အဲဒီဖြစ်စဉ် ဇူလိုင် ၂၂ ရက်မှ ၂၃ ရက် အထိ နှစ်ရက်အတွင်းဖြစ်ပွားခဲ့တာကြောင့် နယ်စပ်လုံခြုံရေးအတွက် စိုးရိမ်မှုများမြင့်တက်လာခဲ့ရတယ်လို့ နယူးဒေလီအခြေစိုက် NDTV က ယနေ့ ဇူလိုင် ၂၅ ရက်မှာ ရေးသားခဲ့ပါတယ်။

သတင်းများ ထွက်ပေါ်လာအပြီး မြန်မာနိုင်ငံသားများကို ချက်ချင်းပြန်ပို့ဖို့အတွက် မဏိပူရအစိုးရက အရေးယူ ဆောင်ရွက်နေပါတယ်။ မှန်ကန်တဲ့ ခရီးသွားစာရွက်စာတမ်းမပါပဲ မြန်မာနိုင်ငံသား ၇၁၈ ဦးတို့ အိန္ဒိယနိုင်ငံ ချန်ဒဲလ် ခရိုင်အတွင်း ဘာ့ကြောင့် ဘယ်လိုဝင်ရောက်လာနိုင်တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး အဖြစ်မှန်နဲ့ ခိုင်လုံတဲ့ အခြေအနေတွေကို ရှင်းလင်းတင်ပြရန် ပြည်နယ်အစိုးရက အာသံရိုင်ဖယ်တပ်ရင်း တာ၀န်ရှိသူများထံ အကြောင်း ကြားထားတယ်လို့ မဏိပူရ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။

တရားမဝင် မြန်မာနိုင်ငံသား ၇၁၈ ဦးကို ချက်ချင်းပြန်ပို့ဖို့ တင်းကျပ်တဲ့ ညွှန်ကြားချက်တွေကို ပေးပို့ထားကြောင်း၊ တရားဝင်ဗီဇာနဲ့ ခရီးသွားစာရွက်စာတမ်းမပါဘဲ မဏိပူရအတွင်း မြန်မာနိုင်ငံသားများ ဝင်ရောက်မှုကို တားဆီးဖို့၊ နယ်ခြားစောင့်တပ်များအနေနဲ့ တင်းတင်းကျပ်ကျပ် အရေးယူဖို့ ယခင်ကတည်းက ညွှန်ကြားထားကြောင်း၊ အဲဒီ ညွှန်ကြားချက်ဟာ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်များနဲ့ ကိုက်ညီပါတယ်လို့ ပြောပါတယ်။


တနင်္ဂနွေနေ့မှာ ဒုက္ခသည် ၇၁၈ ဦးတို့ဟာ အိန္ဒိယ-မြန်မာနယ်စပ်ကိုဖြတ်ပြီး ချန်ဒဲလ်ခရိုင်မှတဆင့် မဏိပူရပြည် နယ်အတွင်း ဝင်ရောက်လာခဲ့တယ်လို့ အာသံရိုင်ဖယ်တပ်ရင်းက  ခရိုင်လက်ထောက်ကော်မရှင်နာထံ အကြောင်း ကြားခဲ့ပါတယ်။ အဲဒီလို ဝင်ရောက်လာမှုဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲများရဲ့အကျိုးဆက်ဖြစ်တယ်လို့ သိရှိရပါတယ်။

အခြေအနေအပေါ် ကိုင်တွယ်နိုင်ဖို့အတွက် ဝင်ရောက်လာသူအားလုံးတို့ရဲ့ ဘိုင်အိုမက်ထရစ်ဆိုင်ရာ အချက် အလက်များနဲ့ ဓါတ်ပုံမှတ်တမ်းများကို ကောက်ယူထားဖို့အတွက် ချန်ဒဲလ်ခရိုင်ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာ မင်းကြီးနဲ့ ကြီးကြပ်ရေးမှူးတို့က ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ 

တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တို့က အမျိုးသမီးတစ်ဦးကို သတ်ဖြတ်နေပုံ ဗီဒီယိုဖိုင်အပေါ် လိမ်လည်ဖော်ပြထားတဲ့ သတင်းအတုဖြန့်ဝြေခင်းအတွက် မဏိပူရရဲတပ်ဖွဲ့က ပထမသတင်းပေးတိုင်ကြားချက် FIR ဖွင့်လှစ်ထားကြောင်း သိရှိရပါတယ်။

သတင်းအတုဖြန့်သူများနဲ့ ပျံ့နှံ့နေတဲ့ဗွီဒီယိုအကြောင်းပြုပြီး ဆူပူအောင်လှုံ့ဆော်သူများကို ဖမ်းဆီးရန် ကြိုးပမ်းနေ တယ်လို့ ရဲတပ်ဖွဲ့က တွစ်တာမှာ  ရေးသားထားပါတယ်။

သတင်းအတုတွေ ဖြန့်ဝေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က FIR ဖွင့်လှစ်ထားပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီး တစ်ဦးကို လူအုပ်က ဝိုင်းဝန်း ရိုက်နှက်သတ်ဖြတ်ပုံဗီဒီယိုကို မဏိပူရမှာ ဖြစ်လေဟန် လွဲမှားစွာ ပုံဖော်ထားပါ တယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး လူခုနှစ်ဦးကို ဖမ်းဆီးထားပါတယ်။

မဏိပူရပြည်နယ်မှာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီး၊ မေလ ၃ ရက်နေ့ကတည်းက လူ ၁၂၅ ဦးထက်မနည်း သေဆုံးပြီး လူပေါင်း ၄,ဝဝဝဝ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ပြည်နယ်မှာ ကူကီးလူမျိုးစုဟာ မျိုးနွယ်စုတူမဟုတ်တဲ့ လူများစု မေထေး တို့နဲ့ စီးပွားရေးအကျိုးခံစားခွင့် ခွဲတမ်းများကိစ္စနဲ့ပတ်သက်ပြီး ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပါတယ်။ လူဦးရေ ၃.၂ သန်း နေထိုင်ရာပြည်နယ်ကို ထောင်နဲ့ချီတဲ့ အိန္ဒိယအရံတပ်တွေနဲ့ စစ်တပ်တွေ အပြေးအလွှား ရောက်ရှိသွားပြီးနောက် ပြဿနာက ပြေလည်သွားခဲ့တယ်။ ဒါပေမယ့် ကြိုကြားကြိုကြား အကြမ်းဖက်မှုနဲ့ သတ်ဖြတ်မှုတွေက မကြာခင်မှာ ပြန်လည်စတင်ခဲ့ပြီး ယခုနောက်ပိုင်း ပြည်နယ်အတွင်း တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေပါတယ်။


ပြီးခဲ့တဲ့ မေလတုန်းက အမျိုးသမီးများ ကိုယ်ထိလက်ရောက်စော်ကားခံရပုံကို ပြသထားတဲ့ဗီဒီယိုတွေဟာ ယခု သီတင်းပတ်အတွင်း ပေါ်ထွက်ခဲ့လာပြီးနောက် အမျိုးသားရေးဒေါသကို နှိုးဆွပေးသလို ဖြစ်ခဲ့ရပါတယ်။

#အိန္ဒိယမဏိပူရပြည်နယ် #မြန်မာနိုင်ငံသားများ၀င်ရောက်လာမှု #ကူကီးချင်းနှင့်နာဂ #မေထေးလူမျိုးစု #အမျိုးသမီးများလိင်ပိုင်းဆိုင်ရာစော်ကားမှု

(NDTV., 25 July 2023,” Over 700 Myanmar nationals trespassed to India’s Manipur in 2 days” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆရာဝန် နှင့် သွားနှင့်ခံတွင်း ဆရာဝန် (၃၉ဝ) ကျော်ကို နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved