Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တောင်ကိုရီးယားသို့ အမေရိကန်၏ရေငုပ်သင်္ဘောတစ်စီး ထပ်မံရောက်ရှိလာပြီးနောက် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်နှစ်စင်း ထပ်မံစမ်းသပ် ပစ်လွှတ်

Pika (NSS) - ဇူလိုင် ၂၅

မြောက်ကိုရီးယားသည် ဇူလိုင်လ(၂၄)ရက် နှောင်းပိုင်းတွင် နိုင်ငံ၏ အရှေ့ဖက်ကမ်းရိုးတန်းမှ ပင်လယ်ထဲသို့ ပဲ့ထိန်း ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ် က ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း ဂျယ်ဂျူကျွန်းရှိ ရေတပ်စခန်းသို့ အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘောရောက်ရှိလာပြီးနောက် နာရီပိုင်းအကြာတွင် မြောက်ကိုရီးယားဖက်က ပဲ့ထိန်းဒုံးကျည်များ စမ်းသပ် ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ် က ပြောကြားခဲ့သည်။ 


မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အဆိုပါပဲ့ထိန်းဒုံးကျည်နှစ်စင်းမှာ စီးပွားရေးဇုန် အပြင်ဖက်သို့ ကျရောက်သွားခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 

တောင်ကိုရီးယားတွင် အမေရိကန်၏ စစ်လက်နက်ပစ္စည်းများ ဖြန့်ကျက်ချထားမှုနှင့်အတူ စစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းကြောင့် တင်းမာမှုများရှိနေချိန်တွင် မြောက်ကိုရီးယားဖက်က ယခုကဲ့သို့ ထပ်မံစမ်းသပ် ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တောင်ကိုရီးယားတွင် အမေရိကန်၏ စစ်လက်နက်ပစ္စည်းဖြန့်ကျက်ချထားမှုများ ဆက်လက်လုပ်ဆောင်နေမည် ဆိုပါက  နျူကလီးယားလက်နက်များဖြင့် လက်တုံ့ပြန်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား ဖက်က ယခင်က သတိပေးပြောခဲ့သည်။ ဒေသတွင်း မတည်မငြိမ်မှုများကိုဖြစ်စေသည့် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများနှင့်ပတ်သက်ပြီး မဟာမိတ်နိုင်ငံများနှင့် အနီးကပ်ဆွေးနွေးမှုများ လုပ်ဆောင်နေ ကြောင်း အမေရိကန်အစိုးရက ပြောကြားခဲ့သည်။

ဇူလိုင်လ(၂၄)ရက် အစောပိုင်းတွင် အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းသည် အတိအကျဖော်ပြထားခြင်းမျိုးမရှိသော စစ်ဆင်ရေးမစ်ရှင်ကို တစ်ခုကိုလုပ်ဆောင်နေစဉ် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ပြန်လည်ဖြည့်တင်းရန်အတွက် တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း ဂျယ်ဂျူကျွန်းရှိ ရေတပ် အခြေစိုက်စခန်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားရေတပ်က ပြောကြားခဲ့သည်။

ဇူလိုင်လ(၂၂)ရက်တွင် မြောက်ကိုရီးယားသည် နိုင်ငံ၏အနောက်ဖက်ကမ်းရိုးတန်းမှ ပင်လယ်ထဲသို့ ခရုဇ်ဒုံးကျည် များကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဇူလိုင်လ(၁၉)ရက်တွင် တောင်ကိုရီးယားဆိပ်ကမ်းသို့ နှစ်ပေါင်းလေးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ်  အမေရိကန်၏ ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသော ရေငုပ် သင်္ဘောတစ်စင်းရောက်ရှိလာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် မြောက်ကိုရီးယားသည် နိုင်ငံအရှေ့ဖက်သို့ ပဲ့ထိန်း ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တိုင်ဖွန်းမုန်တိုင်းကြောင့် နှစ်စဉ်ပြုလုပ်နေကြ စစ်ရေးလေ့ကျင့်မှုများကို ဖျက်သိမ်းခဲ့ဟု ထိုင်ဝမ်စစ်ဘက်ပြော

RELATED POSTS
RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved