ထိုင်းအစိုးရအသစ်မဖွဲ့ခင် အထက်လွှတ်တော်ကိုယ်စားလှယ်များရဲ့သက်တမ်းကုန်ဆုံးချိန်အထိ စောင့်ဆိုင်းမယ့် အဆိုကို ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ ဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - ဇူလိုင် ၂၅
ထိုင်းအစိုးရအသစ် မဖွဲ့ခင် အထက်လွှတ်တော်ကိုယ်စားလှယ်များရဲ့သက်တမ်းကုန်ဆုံးမယ့်အချိန်အထိ စောင့်ဆိုင်း ပြီးမှ ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကို လုပ်ဆောင်သင့်တယ်လို့ ၈ ပါတီညွန့်ပေါင်းအဖွဲ့မှာ ပါဝင်တဲ့ ပါတီအချို့ရဲ့ အဆိုပြုချက်ကို ထိုင်းအိမ်စောင့်အစိုးရအဖွဲ့ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဝေဖန်ပြစ်တင်လိုက်ကြောင်း သိရပါတယ်။
ထိုင်းစစ်တပ်က ရွေးချယ်ခန့်ထားတဲ့ အထက်လွှတ်တော်ကိုယ်စားလှယ်များရဲ့သက်တမ်းဟာ လာမယ့်နှစ် ၂ဝ၂၄ ခုနှစ် မေလမှာ ကုန်ဆုံးမှာဖြစ်ရာ အထက်လွှတ်တော်ကိုယ်စားလှယ်တွေ သက်တမ်းကုန်ဆုံးချိန်မှာ ဝန်ကြီးချုပ် ရွေးချယ်ပွဲကို အောက်လွှတ်တော်တစ်ခုတည်းနဲ့ လုပ်ဆောင်သင့်တယ်လို့ The Thai Sang Thai ပါတီ နဲ့ Fair ပါတီကိုယ်စားလှယ်တို့ အဆိုပြုခဲ့ကြောင်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက "ကျွန်တော်ရဲ့အမြင်အရတော့ သင့်တော်မှုမရှိဘူး" လို့ ပြောပါတယ်။ မေလ ၁၄ ရက်က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ရှေ့သို့ချီပါတီက အောက်လွှတ်တော်မှာ ကိုယ်စားလှယ်ဦးရေ ၁၅၁ ဦး ရရှိ ခဲ့သလို ဖြူထိုင်းပါတီက ကိုယ်စားလှယ်ဦးရေ ၁၄၁ ဦး ရရှိခဲ့ပါတယ်။
ဖြူထိုင်းပါတီနဲ့ ရှေ့သို့ချီပါတီတို့ဟာ မဟာမိတ်အဖြစ်ပူးပေါင်းပြီး အခြားအနိုင်ရပါတီ ၆ ပါတီ နဲ့ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းထားရာ အောက်လွှတ်တော်ရှိလွှတ်တော်ကိုယ်စားလှယ်ဦးရေ ၅ဝဝ ထဲမှာ ၈ ပါတီညွန့်ပေါင်းအဖွဲ့က ကိုယ်စားလှယ်ဦးရေ ၃၁၂ ဦး ရရှိထားကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်အသစ်ရွေးချယ်ရာမှာ ထိုင်းအထက်လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၂၅ဝ ဦးလည်း အောက် လွှတ်တော် ကိုယ်စားလှယ်များနဲ့အတူမဲပေးရွေးချယ်ခွင့်ရှိနေကြောင်း သိရပါတယ်။ ဇူလိုင် ၁၃ ရက်က ကျင်းပတဲ့ ထိုင်း ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကို လွှတ်တော်နှစ်ရပ်ပေါင်းပြီး မဲပေးရွေးချယ်ခဲ့ရာ ရှေ့သို့ချီပါတီရဲ့ဝန်ကြီးချုပ် လောင်း ပီတလင်ဂျာရိုအမ်ရက်ဟာ အထက်လွှတ်တော်ကိုယ်စားလှယ်တွေ ရဲ့ငြင်းဆန်ပယ်ချမှုတွေ ရင်ဆိုင်ခဲ့ရပါ တယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဝန်ကြီးချုပ်ဖြစ်ဖို့ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ ထောက်ခံမဲအရေအတွက် အနည်းဆုံး ၃၇၅ မဲရဖို့ လိုအပ်နေပေမယ့် ပီတဟာ အထက်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ထောက်ခံမဲအရေအတွက် ၃၂၄ မဲ သာ ရရှိခဲ့ပြီး ဝန်ကြီးချုပ်ဖြစ်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်သွားမည့် စီးပွားရေးစီမံကိန်းများအတွက် နှစ်နိုင်ငံ MOU လက်မှတ်ရေးထိုး
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ