ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုများ မအောင်မြင်ရခြင်းရဲ့နောက်ကွယ်ကအကြောင်းအရင်းတွေကို ယူကရိန်းကာကွယ်ရေးဝန်ကြီး ထုတ်ဖော်ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၂၅
ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုများ မျှော်လင့်ထားသလို မအောင်မြင်ရခြင်းဟာ ရုရှားရဲ့လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ မိုင်းတွင်းများကြောင့်ဖြစ်တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီး အလက်ဆေး ရက်နီကောဗ့် က ထုတ်ဖော်ပြောလိုက်ပါတယ်။
ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့ဒေသတွေကိုပြန်လည်ရယူနိုင်ဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့လမှာ ရုရှားအပေါ် တန်ပြန် ထိုးစစ်ဆင်ခဲ့ရာ အောင်မြင်မှုမရှိဘဲ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ယူကရိန်းကာကွယ်ရေးဝန်ကြီးက "အဓိက မေးခွန်းထုတ်စရာကတော့ ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ပါတယ်။ ကျွန်တော်တို့ဟာ အလွန် ရှည်လျားတဲ့ ရှေ့တန်းစစ်မြေပြင်ရှိနေတယ်။ ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ရုရှားတပ်ဖွဲ့တွေကို ခုခံတိုက်ခိုက်ခဲ့ တယ်။ ဒါပေမယ့် ရုရှားရဲ့တောင်ဘက်ခြမ်းစစ်မြေပြင်မှာ မိုင်တွင်းတွေရှိနေတယ်။ အဲဒီမိုင်းတွေကို ဖြတ်သန်းပြီး ရှေ့တန်းစစ်မြေပြင်ကို ထိုးဖောက်ဖို့ အလွန်ခက်ခဲနေတယ်" လို့ ပြောပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးက တန်ပြန်ထိုးစစ်ဆင်မှုတွေဟာ မျှော်လင့်ထားသလိုမဖြစ်ဘဲ နှေးကွေးနေကြောင်း ပြောဆိုခဲ့ပြီးနောက် ယူကရိန်းကာကွယ်ရေးဝန်ကြီးက အခုလိုမျိုးထုတ်ဖော်ပြောလိုက်တာဖြစ်ပါတယ်။
ရှေ့တန်းစစ်မျက်နှာပြင်မှာရုရှားရဲ့တိုက်ခိုက်မှုများကြောင့် ယူကရိန်းတပ်ဖွဲ့ဝင်များနဲ့ ကြေးစားတပ်ဖွဲ့ဝင်တွေ သောင်းချီသေဆုံးနေသလို ယူကရိန်းကို အနောက်အုပ်စုနိုင်ငံတွေက ပံ့ပိုးပေးထားတဲ့စစ်လက်နက်ပစ္စည်း အများအပြား ဖျက်ဆီးခံနေရကြောင်း သိရပါတယ်။ တန်ပြန်ထိုးစစ်ဆင်မှုစတင်ပြီး သီတင်းပတ်နှစ်ပတ်အတွင်းမှာ ယူကရိန်းရဲ့စစ်လက်နက်ပစ္စည်းအားလုံးရဲ့ ၂ဝ ရာခိုင်နှုန်း ထိခိုက်ဖျက်ဆီးခံရတယ်လို့ ဝါရှင်တန်ပိုစ့်သတင်းစာ က ဖော်ပြထားပါတယ်။
ရုရှားတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းကို ဂျာမနီနိုင်ငံကူညီထောက်ပံ့ပေးထားတဲ့ Leopard အမျိုးအစား တင့်ကား အရေအတွက် အနည်းဆုံး ၁၅ စီးအပြင် အမေရိကန်က ကူညီပေးထားတဲ့ Bradley အမျိုးအစား သံချပ်ကာ ယာဉ် အစီး ၂ဝ ကျော်ကို တစ်ရက်အတွင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ရုရှားသမ္မတပူတင်က ပြီးခဲ့တဲ့သီတင်းပတ် က ပြောခဲ့ပါတယ်။ ယူကရိန်းဟာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေထံကနေ စစ်လက်နက်ပစ္စည်းများ အကူအညီရယူထားပေမယ့် စစ်ပွဲအဖြေကို ပြောင်းလဲနိုင်မှာမဟုတ်ကြောင်း ရုရှားအစိုးရက သတိပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းလုပ်သား(၇၆ဝဝ)ကျော်ကို အလုပ်အကိုင်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၁ဝ)ခု ကို MIC က လုပ်ကိုင်ခွင့်ပြု
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ