Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားနိုင်ငံရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်မှု ပိုမိုမြင့်တက်လာနေဟု ရုရှားကုန်သွယ်ရေးနဲ့စက်မှုဝန်ကြီး ပြော

ဂျန်ဇက် (NSS) - ဇူလိုင် ၂

ယူကရိန်းနဲ့ စစ်ရေးပဋိပက္ခဖြစ်ပွားနေချိန်မှာပဲ ရုရှားစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းရဲ့ စစ်လက်နက် ပစ္စည်းထုတ်လုပ်မှုတွေက ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ရုရှားကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး Denis Manturov က ရုရှားစစ်ဘက် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းဟာ စစ်လက်ပစ္စည်းထုတ်လုပ်ရေးမှာ ကျွမ်းကျင်ဝန်ထမ်း ၁၆ဝဝဝ ကျော် ထပ်မံခေါ်ယူ အသုံးပြုသွားမှာဖြစ်ကြောင်း ပြောပါတယ်။


၎င်းက "ဒီနှစ် စတင်ခဲ့ပြီးနောက်ပိုင်းတည်းက ရုရှားစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းဟာ အထူးပြုလုပ် ထားတဲ့လက်နက်တွေ အပါအဝင် စစ်လက်နက်ပစ္စည်းအမျိုးအစား အမျိုးမျိုးကို ထုတ်လုပ်ခဲ့တယ်။ ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့နှစ် တစ်နှစ်လုံးထက်တောင် ပိုများနေတယ်။ လက်ရှိအချိန်မှာ ထုတ်လုပ်ထားတဲ့စစ်လက်နက်ပစ္စည်းတွေ ကို လွှဲပြောင်းပေးအပ်ဖို့ အဆင့်သင့်ရှိနေတယ်။ စစ်လက်နက်ပစ္စည်းများ တိုးမြင့်ထုတ်လုပ်တဲ့အတွက် အလုပ်သမား လိုအပ်ချက်တွေ ရှိနေခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ လုပ်ငန်းတွေအတွက် ကျွမ်းကျင်ဝန်ထမ်း ၁၆ဝဝဝ ကျော်ကို ထပ်မံခေါ်ယူရမှာဖြစ်တယ်။ အထူးသဖြင့် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး အင်ဂျင်နီယာပိုင်း၊ နည်းပညာပိုင်းတွေအတွက် ကျွမ်းကျင်လုပ်သားတွေ ခေါ်ယူသွားမှာပါ။ ပြည်နယ်အုပ်ချုပ်ရေး မှူးတွေအနေနဲ့လည်း လုပ်သားတွေ ထပ်မံခေါ်ယူနိုင်အောင်ကူညီပေးရမှာပါ" လို့ ပြောပါတယ်။ 

Volga Federal ဒေသတစ်ခုတည်းမှာ စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်း ၁ဝ၆ ခုရှိနေပြီး စစ်လက်နက် ပစ္စည်းများ၊ ကျည်ဆံများ အရှိန်မြင့်ထုတ်လုပ်နေကြောင်း၊ အဆိုပါ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေ ဟာ စစ်လက်နက်ပစ္စည်းရောင်းချဖို့ အမှာစာများ လက်ခံရရှိထားကြောင်း ရုရှားကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး က ပြောပါတယ်။

ရုရှားနိုင်ငံဟာ လက်ရှိအချိန်မှာ ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့အတွက် စစ်လက်နက်ပစ္စည်းများ လိုအပ်နေကြောင်း သိရပါတယ်။ ရုရှားနိုင်ငံအပြင် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီပံ့ပိုးပေးလျက်ရှိနေတဲ့  အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေလည်း စစ်လက်နက်ပစ္စည်းများ လိုအပ်နေကြောင်း သိရပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုများ မအောင်မြင်ရခြင်းရဲ့နောက်ကွယ်ကအကြောင်းအရင်းတွေကို ယူကရိန်းကာကွယ်ရေးဝန်ကြီး ထုတ်ဖော်ပြော

RELATED POSTS
RECENT POSTS
ကြည်သာဟန် ဖမ်းဆီးစစ်ဆေးခံရမှုနှင့် ကားလောကသားတို့၏ အသံ၊ သောက၊ ဂယက် (ဆောင်းပါး)
11 Nov 2024
ဖားကန့် ကျောက်တူးသမားများအတွက် KIA ၏ မှော်နင်းလက်မှတ်ဈေး သတ်မှတ်နှုန်း ထားထက် ပိုမိုကောက်ယူမှုများ ရှိနေ
11 Nov 2024
TNLA နှင့် MNDAA တို့ ဘာသာရေးအဆောက်အအုံနှင့် ပြည်သူပိုင်နေအိမ်များအတွင်း ဝင်ရောက်တပ်စွဲခြင်းမပြုလုပ်ရန် ဒေသခံများတောင်းဆို
11 Nov 2024
နယ်သာလန်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အစ္စရေးနိုင်ငံသားတွေကိုကယ်ထုတ်ဖို့ လေယာဉ်များစေလွှတ်ခဲ့ဟု အစ္စရေးဝန်ကြီးချုပ်ပြော
08 Nov 2024
မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်မှ ဇိုလူမျိုးများ အိန္ဒိယ၌ ပြန်လည်ပေါင်းစည်းရေး အမေရိကန်၌ ရောက်ရှိစဉ် မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ပြောဆိုခဲ့
08 Nov 2024
ဖေ့ဘွတ်ပို့စ်တစ်ခုကြောင့် စစ်တကောင်းတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွား
08 Nov 2024
ယခုဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ (၁၃ ဒသမ ၆၅ ) ရာခိုင်နှုန်းရှိနိုင်ဟု နစကအစိုးရ ခန့်မှန်း
08 Nov 2024
အမြင့်(၁၇)ပေနီးပါးရှိသော ရုံးပတီသီးပင် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ဖွယ်ရှိ
08 Nov 2024
နာမည်ကျော် WBC ၏ Title match ပွဲစဉ်တစ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စီစဉ်နေ
08 Nov 2024
နန်းတော်တွေအပြင် ခရီးသွားဆွဲဆောင်မှုနေရာပေါင်းများစွာရှိတဲ့ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် အကြောင်း
08 Nov 2024
မြန်မာနိုင်ငံ၌ ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများလည်းရှိနေသည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
08 Nov 2024
ကြက်ရုပ်ပုံစံ ဖိလစ်ပိုင်ဟိုတယ် ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန်ရှိ အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ဖွယ်ရှိ
08 Nov 2024
မော်လမြိုင်တွင် ဆီဘောက်ဆာကား မီးလောင်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းသားများအပါအဝင် (၂၁)ဦး ဒဏ်ရာရ
08 Nov 2024
ပုံမှန်လိုမျိုးလုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့အသေးဆုံး မြေတူးစက်ကို အမေရိကန်အမျိုးသားတစ်ဦး ဖန်တီး
08 Nov 2024
ကုန်စည်(၈)မျိုးအပြင် နောက်တိုး(၃)ခု ပို့ကုန်သတ်မှတ်ချက်ကြောင့် ကုန်ဈေးနှုန်းထပ်မံတက်လာနိုင်သည့် အခြေအနေရှိနေ
08 Nov 2024
အိန္ဒိယအတွက် သံတမန်ရေးဟန်ချက်ညှိခွင့်ရနေသည့် BRICS ပလက်ဖောင်း
08 Nov 2024
တောဆင်ရိုင်းများ၏ စားကျက်မြေရှားပါးလာခြင်းသည် လူနေရာ အနီးတစ်ဝိုက်ကို ပိုမိုကျူးကျော်စေနိုင်
08 Nov 2024
၂၀၂၄ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ EU သိပ္ပံပညာရှင်တွေပြော
08 Nov 2024
အစိုးရ၏လိုငွေကို ပြည်တွင်း၊ ပြည်ပချေးငွေများဖြင့် ဖြည့်ဆည်းနေပြီး ငွေကျပ်ဘီလျံ (၉၆၀ဝ)ထက် ပိုမချေးရန် သတ်မှတ်ထား
08 Nov 2024
တရုတ်ဇနီးမယားလုပ်ပါက ငွေကျပ်သိန်း(၁၀၀)ရမည်ဟု ပြောဆိုစည်းရုံးကာ အမျိုးသမီး (၃)ဦးအား ရောင်းစားရန် စီစဉ်သူကို အလုပ်နှင့် ထောင်ဒဏ်နှစ် (၃၀)ချမှတ်
07 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved