မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ရပ်တန့်၍ ငြိမ်းချမ်းရေးရရှိရေး တရုတ်နိုင်ငံဘက်က မျှော်လင့်နေ
ယွန်း (NSS) - ဇူလိုင် ၂၄
မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ရပ်တန့်၍ ငြိမ်းချမ်းရေးရရှိရန် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် Mr. Song Haijun ကမျှော်လင့်ကြောင်း သိရသည်။
နန်နင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းသည် Mr. Song Haijun အား ပြီးခဲ့သည့် ဇူလိုင်လ(၂၁)ရက်က ကွမ်ရှီးဒေသ နိုင်ငံခြားရေးရုံး၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ထိုသို့တွေ့ဆုံစဥ် ကောင်စစ်ဝန်ချုပ်က မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များနှင့် ဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ပြောကြားခဲ့ကြောင်း သိရသည်။
Mr. Song Haijun အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး အပါအဝင် လုံခြုံရေးအခြေအနေများကို အလေးထားကြောင်းသိရပြီး အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးရရှိရန် မျှော်လင့်ကြောင်း ဆွေးနွေးပွဲတွင် အသိပေးပြောကြားထားသည်။
ထို့ပြင် အကြိမ်(၂၀)မြောက် China-ASEAN Expo (CAEXPO) နှင့် China-ASEAN Business and Investment Summit (CABIS) တို့ကို မြန်မာနိုင်ငံဘက်မှ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ ပါဝင်နိုင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အလွန်မိုက်မဲသူတစ်ဦးဖြစ်တယ်လို့ သမ္မတဟောင်းဒေါ်နယ်ထရမ့် ဝေဖန် ပြစ်တင်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ