မာရဝိဇယရုပ်ပွားတော်ကြီးအတွက် အလှူငွေ (၁၇)ဘီလျံကျော်ကို အလှူရှင်(၄၀၀)နီးပါးက ထပ်မံလှူဒါန်း
ယွန်း (NSS) - ဇူလိုင် ၂၄
မာရဝိဇယရုပ်ပွားတော်ကြီး၏တည်ဆောက်ရေးနှင့် ဗုဒ္ဓဥယျာဥ်တော်တည်ဆောက်ရေးအတွက် အလှူငွေ(၁၇)ဘီလျံကျော်ကို အလှူရှင်(၃၇၇)ဦးက ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်လ(၂၃)ရက်တွင် ရုပ်ပွားတော်ကြီး၏ ပရဝုဏ်အတွင်းရှိ ယာယီရှင်းလင်းဆောင်တွင် မာရဝိဇယရုပ်ပွားတော်ကြီး တည်ထားကိုးကွယ်မှုအခြေအနေနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် စေတနာရှင်အလှူရှင် (၃၇၇)ဦးမှ လှူဒါန်းငွေ (၁၇ ဒသမ ၄၁၅)ဘီလျံ(ငွေကျပ် ၁၇၄၁၅ သန်း)ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့်ဇွန်လက ကျင်းပခဲ့သည့် အခမ်းအနားတွင်လည်း စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် အလှူရှင်(၁၀၁)ဦးက အလှူငွေ စုစုပေါင်း (၁၅ ဒသမ ၁၇၇)ဘီလျံကို လှူဒါန်းထားခဲ့သည်။
ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကို လာမည့် သြဂုတ်လ ၁ ရက်(ဝါဆိုလပြည့်နေ့)၌ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းအခမ်းအနားသို့ ပြည်တွင်းရှိ သံဃာတော်အပါး (၉၀၀)နှင့် နိုင်ငံပေါင်း (၉)နိုင်ငံမှ သံဃာတော်အပါး (၇၀)ခန့်ကိုလည်း ပင့်ဖိတ်သွားမည်ဖြစ်ကြောင်း သိရသည်။
မာရဝိဇယရုပ်ပွားတော်ကြီး ထုဆစ်ရန်အတွက် စကျင်ကျောက်တုံးတော်ကြီးကို ၂၀၁၈ ခုနှစ်အတွင်း၌ စတင်တူးဖော်ခဲ့ပြီး အဆင့်ဆင့် ပြုပြင်မွန်းမံကာ နေပြည်တော်သို့ ပင့်ဆောင်ပြီးနောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ကုန်ကျစရိတ်သည် စကျင်ကျောက်သားတန်ဖိုးများ မပါဝင်ဘဲ စုစုပေါင်းကုန်ကျစရိတ်အဖြစ် အမေရိကန်ဒေါ်လာသန်း (၃၀)၊ (၄၀) ရှိသည်ဟုခန့်မှန်းထားကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် ရက်ပိုင်းတွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသားတစ်ဦး ဓာတ်ကြိုးတက်ခိုးရာမှ ဓာတ်လိုက်၍ ဝမ်းဗိုက်ပွင့်သေဆုံးမှု လားရှိုးမြို့နယ်၌ဖြစ်ပွား
RELATED POSTS
04 Sep 2024 | ဘာသာရေး,ပြည်တွင်း
22 Jul 2024 | ဘာသာရေး,နိုင်ငံတကာ
02 Jun 2024 | ဘာသာရေး,နိုင်ငံတကာ
29 May 2024 | ဘာသာရေး,ပြည်တွင်း