Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လွတ်လပ်၍ ရန်ပုံငွေလုံလောက်စွာရရှိပြီး လုပ်ငန်းကောင်းစွာ ဆောင်ရွက်နိုင်သည့် တရားစီရင်ရေးတစ်ရပ်ရှိရန် အရေးကြီးဟု တရားလွှတ်တော်ချုပ်ဆို

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၇

လွတ်လပ်၍ ရန်ပုံငွေလုံလောက်စွာရရှိပြီး လုပ်ငန်းကောင်စွာ ဆောင်ရွက်နိုင်သည့်တရားစီရင်ရေးတစ်ရပ်ရှိရန် အလွန်အရေးကြီးကြောင်း ပြည်ထောင်စုတရားလွှတ် တော်ချုပ်က ဆိုသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့် တရား စီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း (၂ဝ၂၃-၂ဝ၂၇)တွင် အထက်ပါကဲ့သို့ ထည့် သွင်းဖော်ပြထားခြင်းဖြစ်သည်။ အဆိုပါ (၅)နှစ်တာမဟာဗျူဟာစီမံကိန်းသည် မြန်မာပြည်သူလူထုအတွက် တန်းတူညီမှု၊ လွတ်လပ်မှုနှင့် တရားမျှတမှုအခွင့်အရေးတို့ကို ဂရုပြုအလေးထားကာ ရေးဆွဲထားခြင်းဖြစ်ကြောင်း တရားလွှတ်တော်ချုပ်က ဆိုထားသည်။

တရားစီရင်ရေးကဏ္ဍသည် မြန်မာပြည်သူအားလုံးအတွက် တရားမျှတမှုရရှိရေးနှင့် တရားစီရင်ရေးတာဝန်များ အပြည့်အဝ ထမ်းဆောင်နိုင်ရန် လုံလောက်သောအရင်း အမြစ်များ ရရှိရေးတို့ကို နိုင်ငံတော်၏အုပ်ချုပ်ရေးကဏ္ဍ၊ ဥပဒေပြုရေးကဏ္ဍတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။ ဒီမိုကရေစီစနစ်တစ်ရပ်ပေါ်ထွန်းရေးအတွက် လွတ်လပ်၍ ရန်ပုံငွေလုံလောက်စွာရရှိပြီး လုပ်ငန်းကောင်စွာဆောင်ရွက်နိုင်သည့် တရားစီရင်ရေးတစ်ရပ်ရှိရန် အလွန်အရေးကြီးကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မဟာဗျူဟာစီမံကိန်း တွင် ထည့်သွင်းပြောဆိုထားသည်။ ထို့ပြင် အများပြည်သူ၏ ယုံကြည်ကိုးစားမှုကို တည်ဆောက်ရန်နှင့် တရားစီရင်ရေးလွတ်လပ်မှုကို ထိန်းသိမ်းလုပ်ဆောင်ရန်အတွက် ဘဏ္ဍာရေးနှင့်လူ့အရင်းအမြစ်များကို ခိုင်မာထိရောက်စွာ စီမံခန့်ခွဲပြီး အသုံးပြုရန်လည်း အရေးကြီးကြောင်း တရားလွှတ်တော်ချုပ်က ဆိုသည်။

တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းခြင်းနှင့်အကောင်အထည်ဖော်ခြင်းသည် တရာစီရင်ရေး၏ အရေးကြီးဆုံးသော တာဝန်တစ်ရပ်ဖြစ်သည်။ ပြည်သူများအနေဖြင့် အမှုအခင်းများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ တရားမျှတပြီး အချိန်မီထိရောက်စွာဖြေရှင်းပေးသည့် တရားရုံးစနစ်တစ်ခုကို လိုလားလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှစတင်ခဲ့သော ပဋိပက္ခများကြောင့် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် မြန်မာနိုင်ငံသားအရပ်သားများ (၅ဝဝဝ) ထက်မနည်းရှိလာခဲ့ပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အပေါ် ပြည်သူများက မေးခွန်းထုတ်လျက်ရှိနေသည်။


zawgyi version

လြတ္လပ္၍ ရန္ပုံေငြလုံေလာက္စြာရရွိၿပီး လုပ္ငန္းေကာင္းစြာ ေဆာင္႐ြက္ႏိုင္သည့္ တရားစီရင္ေရးတစ္ရပ္ရွိရန္ အေရးႀကီးဟု တရားလႊတ္ေတာ္ခ်ဳပ္ဆို

မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၇

လြတ္လပ္၍ ရန္ပုံေငြလုံေလာက္စြာရရွိၿပီး လုပ္ငန္းေကာင္စြာ ေဆာင္႐ြက္ႏိုင္သည့္တရားစီရင္ေရးတစ္ရပ္ရွိရန္ အလြန္အေရးႀကီးေၾကာင္း ျပည္ေထာင္စုတရားလႊတ္ ေတာ္ခ်ဳပ္က ဆိုသည္။ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ယခုရက္ပိုင္းအတြင္း ထုတ္ျပန္သည့္ တရား စီရင္ေရးဆိုင္ရာမဟာဗ်ဴဟာစီမံကိန္း (၂ဝ၂၃-၂ဝ၂၇)တြင္ အထက္ပါကဲ့သို႔ ထည့္ သြင္းေဖာ္ျပထားျခင္းျဖစ္သည္။

အဆိုပါ (၅)ႏွစ္တာမဟာဗ်ဴဟာစီမံကိန္းသည္ ျမန္မာျပည္သူလူထုအတြက္ တန္းတူညီမႈ၊ လြတ္လပ္မႈႏွင့္ တရားမွ်တမႈအခြင့္အေရးတို႔ကို ဂ႐ုျပဳအေလးထားကာ ေရးဆြဲထားျခင္းျဖစ္ေၾကာင္း တရားလႊတ္ေတာ္ခ်ဳပ္က ဆိုထားသည္။ တရားစီရင္ေရးက႑သည္ ျမန္မာျပည္သူအားလုံးအတြက္ တရားမွ်တမႈရရွိေရးႏွင့္ တရားစီရင္ေရးတာဝန္မ်ား အျပည့္အဝ ထမ္းေဆာင္ႏိုင္ရန္ လုံေလာက္ေသာအရင္း အျမစ္မ်ား ရရွိေရးတို႔ကို ႏိုင္ငံေတာ္၏အုပ္ခ်ဳပ္ေရးက႑၊ ဥပေဒျပဳေရးက႑တို႔ႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္သြားမည္ဟုလည္း ဆိုသည္။

ဒီမိုကေရစီစနစ္တစ္ရပ္ေပၚထြန္းေရးအတြက္ လြတ္လပ္၍ ရန္ပုံေငြလုံေလာက္စြာရရွိၿပီး လုပ္ငန္းေကာင္စြာေဆာင္႐ြက္ႏိုင္သည့္ တရားစီရင္ေရးတစ္ရပ္ရွိရန္ အလြန္အေရးႀကီးေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က မဟာဗ်ဴဟာစီမံကိန္း တြင္ ထည့္သြင္းေျပာဆိုထားသည္။ ထို႔ျပင္ အမ်ားျပည္သူ၏ ယုံၾကည္ကိုးစားမႈကို တည္ေဆာက္ရန္ႏွင့္ တရားစီရင္ေရးလြတ္လပ္မႈကို ထိန္းသိမ္းလုပ္ေဆာင္ရန္အတြက္ ဘ႑ာေရးႏွင့္လူ႔အရင္းအျမစ္မ်ားကို ခိုင္မာထိေရာက္စြာ စီမံခန႔္ခြဲၿပီး အသုံးျပဳရန္လည္း အေရးႀကီးေၾကာင္း တရားလႊတ္ေတာ္ခ်ဳပ္က ဆိုသည္။ တရားဥပေဒစိုးမိုးေရးကို ထိန္းသိမ္းျခင္းႏွင့္အေကာင္အထည္ေဖာ္ျခင္းသည္ တရာစီရင္ေရး၏ အေရးႀကီးဆုံးေသာ တာဝန္တစ္ရပ္ျဖစ္သည္။

ျပည္သူမ်ားအေနျဖင့္ အမႈအခင္းမ်ားႏွင့္ပတ္သက္၍ ဥပေဒႏွင့္အညီ တရားမွ်တၿပီး အခ်ိန္မီထိေရာက္စြာေျဖရွင္းေပးသည့္ တရား႐ုံးစနစ္တစ္ခုကို လိုလားလ်က္ရွိေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ပိုင္းမွစတင္ခဲ့ေသာ ပဋိပကၡမ်ားေၾကာင့္ အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရသည့္ ျမန္မာႏိုင္ငံသားအရပ္သားမ်ား (၅ဝဝဝ) ထက္မနည္းရွိလာခဲ့ၿပီး လုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးတို႔အေပၚ ျပည္သူမ်ားက ေမးခြန္းထုတ္လ်က္ရွိေနသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ယနေ့မှစ၍ ယာယီရပ်ဆိုင်း

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved