Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗဟိုအဆင့်မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်နှင့် မြို့နယ်အဆင့်စီမံခန့်ခွဲမှုစနစ်အကြောင်းကို ရွေးကော်ထုတ်ဖော်ပြောဆို

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၇

ဗဟိုအဆင့်မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်နှင့် မြို့နယ်အဆင့်မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်အကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ပြောဆိုထားသည်။

ကော်မရှင်အနေဖြင့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ လဝကမှ ပြုစုထားသည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)များအရ စာရင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ပြုစုထားသည့် လူဦးရေစာရင်းများနှင့် တိုင်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ရှေ့ပြေးစီမံချက်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေ့ပြေးစီမံချက်အရ ပြုစုပြီးသည့် လူဦးရေစာရင်းများကို ကနဦးမဲဆန္ဒရှင် စာရင်းများစိစစ်ခြင်းစနစ်(IVLS) software ဖြင့် စိစစ်ခဲ့ပြီး စိစစ်တွေ့ရှိခဲ့ရသည့် အကြိမ်ထပ်စာရင်းများကို သက်ဆိုင်ရာ လဝက၊ ထွေအုပ်တို့နှင့်ညှိနှိုင်းပူးပေါင်းကာ လူဦး ရေစာရင်းမှန်ကန်ရေး ဆောင်ရွက်နေကြောင်း ကော်မရှင်က ဆိုထားသည်။ ထိုသို့ဆောင်ရွက်ပြီးသော စာရင်းများကို မြို့နယ်အဆင့်မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ်များဖြစ်သည့် ADMIN နှင့် DEO Software များအတွင်း ထည့်သွင်းကာ မဲဆန္ဒ ရှင်စာရင်းများ ပြုစုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

အဆိုပါ ADMIN Software တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဗဟိုအဆင့်မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် မှ မိမိမြို့နယ်နှင့်သက်ဆိုင်သည့် အချက်အ လက်များရယူပြီး သက်ဆိုင်ရာမြို့နယ် ADMIN Software အတွင်းသို့ တင်သွင်းသွားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ADMIN Software မှ သတ်မှတ်ဖိုင်များနှင့် မဲရုံအချက်အလက်ဖိုင်များထုတ် ယူ၍ ဗဟိုအဆင့်စနစ်နှင့် DEO Software အတွင်းသို့ တင်သွင်းခြင်း၊ DEO များက DEO Software အတွင်း ဆောင်ရွက်ပြီးရရှိလာသည့် ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံအလိုက်စာရင်းဖိုင်များကို ADMIN Software တွင် ပြန်လည်စုစည်းခြင်း၊ မိမိမြို့နယ်အတွင်း မဲစာရင်း ထပ်မ ထပ်စစ်ဆေးခြင်း၊ ADMIN Software မှ မဲစာရင်းပုံစံများ ပြန်လည်ထုတ်ယူခြင်း၊ ဗဟိုအဆင့်မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲ မှုစနစ်သို့ စာရင်းများပြန်လည်တင်သွင်းခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြို့နယ်အဆင့်မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ်သည် မဲစာရင်းပြုစုခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်အား ကွန်ပျုတာစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် ရေးဆွဲထားဖြစ်ပြီး ဗဟိုအဆင့်၊ ADMIN နှင့် DEO Software များအကြား အပြန်အလှန်ချိတ်ဆက်အသုံးပြုရသည့် စနစ်ဖြစ်ကြောင်း ကော်မရှင်က ဆိုသည်။ ဗဟိုအဆင့် မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ်တွင် မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ရုံးတို့က သက်ဆိုင်ရာအဆင့်အလိုက် ကိုင်တွယ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောသည်။

ထို့ပြင် ၎င်းစနစ်ကိုအသုံးပြုရာတွင် ကော်မရှင်၏ သီးခြားကွန်ရက်မှသာ ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာအဆင့်ကိုသာ အသုံးပြုနိုင်ရန် ရေးဆွဲထားသည့်အတွက် လုံခြုံရေး(Cyber Security)အပိုင်းကိုလည်း အလေးထားဆောင်ရွက်ထားကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။ လက်ရှိတွင် အဆိုပါစနစ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများအား သတင်းများ ပို့ချပေးလျက်ရှိကြောင်း သိရသည်။


zawgyi version







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လွတ်လပ်၍ ရန်ပုံငွေလုံလောက်စွာရရှိပြီး လုပ်ငန်းကောင်းစွာ ဆောင်ရွက်နိုင်သည့် တရားစီရင်ရေးတစ်ရပ်ရှိရန် အရေးကြီးဟု တရားလွှတ်တော်ချုပ်ဆို

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved