Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရောက်ရှိရာဒေသ၌ ရက်ပေါင်း (၉ဝ)နေထိုင်ရုံဖြင့် မဲပေးခွင့်ရရန် နည်းဥပဒေပြင်ဆင်ခဲ့မှုသည် သမ္မတဟောင်း ဦးဝင်းမြင့်၏ နှုတ်မိန့်ကြောင့်ဟုသိရ

ထွန်း အမ်တီ (NP News) - ဇန်နဝါရီ ၁၇

၂ဝ၂ဝ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ပြင်ပရောက်နေသူများအနေဖြင့် အနည်းဆုံး ရက်ပေါင်း (၁၈ဝ) နေထိုင်ရမည်ဆိုသည့် သတ်မှတ်ချက်အစား ရက်ပေါင်း (၉ဝ) ဟု ယခင် UEC (ဦးလှသိန်းကော်မရှင်)က ပြင်ဆင်ခဲ့ခြင်းသည် သမ္မတဟောင်း ဦးဝင်းမြင့်၏ နှုတ်မိန့်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အချက်အလက်များအရ သိရသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က “၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုတရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်”ဟူသည့် စာအုပ်အား မကြာသေးမီက ပုံနှိပ်ထုတ်ဝေထားခြင်းဖြစ်ပြီး အထက်ပါအကြောင်းအရာများကို အဆိုပါစာအုပ်တွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။

ဦးလှသိန်းကော်မရှင်သည် ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ ၃ ရက် နေ့စွဲပါ အမိန့်အမှတ် (၅၅/၂ဝ၁၉)ဖြင့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေအား ပြင်ဆင်ရာ၌ နည်းဥပဒေပုဒ်မ (၁ဝ) ၌ပါရှိသော ‘အနည်းဆုံး ရက်ပေါင်း ၁၈ဝ ထက် မနည်း’ ဆိုသည့်စကားရပ်ကို ‘အနည်းဆုံး ရက်ပေါင်း ၉ဝ ထက်မနည်း’ ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်ဟု ကြေညာခဲ့သည်။

“နည်းဥပဒေ (၁ဝ) တွင် ပါရှိသော ‘အနည်းဆုံး ရက်ပေါင်း ၁၈ဝ ထက်မနည်း’ ဆိုသည့်စကားရပ်ကို ‘အနည်းဆုံး ရက်ပေါင်း ၉ဝ ထက်မနည်း’ ဆိုသည့်စကားရပ်ဖြင့် အစားထိုးနိုင်ရေး ဆွေးနွေးရာတွင် ယခင် UEC အဖွဲ့ဝင် ဦးလှတင့်မှ “ဒါကတော့ ကျွန်တော်တို့ ၂ဝ၁၉ ခုနှစ် မေလ ၂၁ ရက်တုန်းက သမ္မတကြီးနဲ့တွေ့တော့ အဲဒီကိစ္စကို သူကတိတိကျကျ ကာလပိုင်းခြားပေးလိုက်တာ။ ခင်ဗျားတို့ ၁၈ဝ ထက် ၉ဝ ဆို မရဘူးလားဗျာဆိုတဲ့ စကားလေးတော့ ရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ၉ဝ ဆိုပြီးတော့ အစည်းအဝေးမှာဆုံးဖြတ်ပြီး ညှိလိုက်တာ” ဟူ၍ အဆိုပါ စာအုပ်၏ စာမျက်နှာ ၃၈၊ စာပိုဒ်အမှတ် ၄၄ တွင် ဖော်ပြထားသည်။

ကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးလှသိန်းသည် ၂ဝ၁၉ ခုနှစ် မေလ ၂၁ ရက်တွင် သမ္မတဟောင်း ဦးဝင်းမြင့်နှင့်တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်နိုင်ရေး လမ်းညွှန်ချက်များ ရယူခဲ့ကြောင်းလည်း သိရသည်။

ဦးလှသိန်း ကော်မရှင်၏ အဆိုပါ ရက်ပေါင်း ၁၈ဝ အစား ရက်ပေါင်း ၉ဝ နေထိုင်ရုံဖြင့်ရောက်ရှိနေသော မဲဆန္ဒနယ်တွင် မဲပေးခွင့်ရရှိမည်ဆိုသည့် ပြင်ဆင်ချက်အပေါ် နိုင်ငံရေးပါတီများက ဝေဖန်ကန့်ကွက်ခဲ့ဖူးကြသည်။


zawgyi version

ေရာက္ရွိရာေဒသ၌ ရက္ေပါင္း (၉ဝ)ေနထိုင္႐ုံျဖင့္ မဲေပးခြင့္ရရန္ နည္းဥပေဒျပင္ဆင္ခဲ့မႈသည္ သမၼတေဟာင္း ဦးဝင္းျမင့္၏ ႏႈတ္မိန႔္ေၾကာင့္ဟုသိရ

ထြန္း အမ္တီ (NP News) - ဇန္နဝါရီ ၁၇

၂ဝ၂ဝ ေ႐ြးေကာက္ပြဲတြင္ မဲဆႏၵနယ္ ျပင္ပေရာက္ေနသူမ်ားအေနျဖင့္ အနည္းဆုံး ရက္ေပါင္း (၁၈ဝ) ေနထိုင္ရမည္ဆိုသည့္ သတ္မွတ္ခ်က္အစား ရက္ေပါင္း (၉ဝ) ဟု ယခင္ UEC (ဦးလွသိန္းေကာ္မရွင္)က ျပင္ဆင္ခဲ့ျခင္းသည္ သမၼတေဟာင္း ဦးဝင္းျမင့္၏ ႏႈတ္မိန႔္ကို အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း လက္ရွိ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္၏ အခ်က္အလက္မ်ားအရ သိရသည္။

လက္ရွိ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က “၂ဝ၂ဝ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ မဲမသမာမႈတရားမဲ့ျပဳက်င့္မႈမ်ားအေပၚ စုံစမ္းစစ္ေဆးေတြ႕ရွိခ်က္”ဟူသည့္ စာအုပ္အား မၾကာေသးမီက ပုံႏွိပ္ထုတ္ေဝထားျခင္းျဖစ္ၿပီး အထက္ပါအေၾကာင္းအရာမ်ားကို အဆိုပါစာအုပ္တြင္ ထည့္သြင္းေဖာ္ျပထားသည္ကို ေတြ႕ရသည္။

ဦးလွသိန္းေကာ္မရွင္သည္ ၂ဝ၁၉ ခုႏွစ္ ေအာက္တိုဘာလ ၃ ရက္ ေန႔စြဲပါ အမိန႔္အမွတ္ (၅၅/၂ဝ၁၉)ျဖင့္ ေ႐ြးေကာက္ပြဲဆိုင္ရာ နည္းဥပေဒအား ျပင္ဆင္ရာ၌ နည္းဥပေဒပုဒ္မ (၁ဝ) ၌ပါရွိေသာ ‘အနည္းဆုံး ရက္ေပါင္း ၁၈ဝ ထက္ မနည္း’ ဆိုသည့္စကားရပ္ကို ‘အနည္းဆုံး ရက္ေပါင္း ၉ဝ ထက္မနည္း’ ဆိုသည့္စကားရပ္ျဖင့္ အစားထိုးရမည္ဟု ေၾကညာခဲ့သည္။

“နည္းဥပေဒ (၁ဝ) တြင္ ပါရွိေသာ ‘အနည္းဆုံး ရက္ေပါင္း ၁၈ဝ ထက္မနည္း’ ဆိုသည့္စကားရပ္ကို ‘အနည္းဆုံး ရက္ေပါင္း ၉ဝ ထက္မနည္း’ ဆိုသည့္စကားရပ္ျဖင့္ အစားထိုးႏိုင္ေရး ေဆြးေႏြးရာတြင္ ယခင္ UEC အဖြဲ႕ဝင္ ဦးလွတင့္မွ “ဒါကေတာ့ ကြၽန္ေတာ္တို႔ ၂ဝ၁၉ ခုႏွစ္ ေမလ ၂၁ ရက္တုန္းက သမၼတႀကီးနဲ႔ေတြ႕ေတာ့ အဲဒီကိစၥကို သူကတိတိက်က် ကာလပိုင္းျခားေပးလိုက္တာ။ ခင္ဗ်ားတို႔ ၁၈ဝ ထက္ ၉ဝ ဆို မရဘူးလားဗ်ာဆိုတဲ့ စကားေလးေတာ့ ရွိတယ္။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔က ၉ဝ ဆိုၿပီးေတာ့ အစည္းအေဝးမွာဆုံးျဖတ္ၿပီး ညႇိလိုက္တာ” ဟူ၍ အဆိုပါ စာအုပ္၏ စာမ်က္ႏွာ ၃၈၊ စာပိုဒ္အမွတ္ ၄၄ တြင္ ေဖာ္ျပထားသည္။

ေကာ္မရွင္ ဥကၠ႒ေဟာင္း ဦးလွသိန္းသည္ ၂ဝ၁၉ ခုႏွစ္ ေမလ ၂၁ ရက္တြင္ သမၼတေဟာင္း ဦးဝင္းျမင့္ႏွင့္ေတြ႕ဆုံခဲ့ၿပီး ေ႐ြးေကာက္ပြဲဥပေဒ၊ နည္းဥပေဒမ်ား ျပင္ဆင္ႏိုင္ေရး လမ္းၫႊန္ခ်က္မ်ား ရယူခဲ့ေၾကာင္းလည္း သိရသည္။

ဦးလွသိန္း ေကာ္မရွင္၏ အဆိုပါ ရက္ေပါင္း ၁၈ဝ အစား ရက္ေပါင္း ၉ဝ ေနထိုင္႐ုံျဖင့္ေရာက္ရွိေနေသာ မဲဆႏၵနယ္တြင္ မဲေပးခြင့္ရရွိမည္ဆိုသည့္ ျပင္ဆင္ခ်က္အေပၚ ႏိုင္ငံေရးပါတီမ်ားက ေဝဖန္ကန႔္ကြက္ခဲ့ဖူးၾကသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗဟိုအဆင့်မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်နှင့် မြို့နယ်အဆင့်စီမံခန့်ခွဲမှုစနစ်အကြောင်းကို ရွေးကော်ထုတ်ဖော်ပြောဆို

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved