Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နိုင်ငံတွင် မိသားစုလိုက် သေနတ်ဖြင့်ပစ်သတ်ခံရမှုဖြစ်ပွားပြီး (၆)ဦး သေဆုံး

Pika (NP News) - ဇန်နဝါရီ ၁၇

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Goshen မြို့ရှိ နေအိမ်တစ်ခုတွင် ဇန်နဝါရီလ(၁၆)ရက်က  ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး အသက်(၁၇)နှစ်အရွယ် မိခင် နှင့် ခြောက်လသားအရွယ် ကလေးငယ်တစ်ဦးတို့ အပါအဝင် လူ(၆)ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။အဆိုပါပစ်ခတ်တိုက်ခိုက်မှုသည် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော လူသတ်မှု တစ်ခုဖြစ်ကြောင်း အာဏာပိုင်များက ဖော်ပြခဲ့သည်။

သေနတ်ဖြင့်ပစ်ခတ်မှုအတွင်း သေဆုံးသွားသူ(၆)ဦးသည် Harvest လမ်း (၆၈ဝဝ) ဘလော့ရှိ နေအိမ်တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါပစ်ခတ်မှုများနှင့် ပတ်သက်ပြီး ဖမ်းမမိသေးသော သံသယရှိသူ အနည်းဆုံး(၂)ဦးရှိကြောင်း Tulare ကောင်တီရဲအရာရှိ မိုက်ခ်ဘောဒရက်စ် က ထုတ်ပြန်ပြောဆိုခဲ့သည်။

Tulare ကောင်တီရဲအရာရှိ က "ဒါဟာ ကြုံရာကျပန်း အကြမ်းဖက်မှုတစ်ခုမဟုတ်ဖူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီမိသားစုဟာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတာပါ။ ဒီတိုက်ခိုက်မှုမှာ ဂိုဏ်းအဖွဲ့တွေ ပါဝင်နိုင်ဖွယ်ရှိနေပြီး မူးယစ်ဆေးဝါးဂိုဏ်းတွေကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးနေတုန်းပါပဲ" ဟု ပြောဆိုခဲ့သည်။

အဆိုပါနေအိမ်တွင် ဇန်နဝါရီ(၁၆)ရက်၊ နံနက်အစောပိုင်းက သေနတ်ပစ်ခတ်သံများစွာကိုကြားခဲ့ရပြီး အခင်း ဖြစ်ပွားရာနေရာသို့ အာဏာပိုင်များ ရောက်ရှိလာချိန်တွင် လူများသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။ အချို့သေဆုံးသူများကို လမ်းမပေါ်တွင် တွေ့ရှိခဲ့ရပြီး အချို့ကို နေအိမ်ထဲတွင် တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များ က ပြောကြားခဲ့သည်။ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ အာဏာပိုင်များရောက်ရှိလာချိန်တွင် တစ်ဦးကို ထိခိုက်ဒဏ်ရာများဖြင့် အသက်ရှင်လျက်တွေ့ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း မိုက်ခ်ဘောဒရက်စ် က ပြောကြားခဲ့သည်။ အဆိုပါပစ်ခတ်မှုများနှင့်ပတ်သက်ပြီး နောက်ထပ် အသေးစိတ် အချက်အလက်များကို ထပ်မံထုတ်ဖော်ပြောကြားခြင်းမျိုး မရှိသေးကြောင်းလည်း သိရသည်။

မိုက်ခ်ဘောဒရက်စ်က "ကျွန်တော့်မှာ သတင်းအချက်အလက်တွေ ရှိပေမယ့် အခုချိန်မှာ ထုတ်မပြောနိုင်သေးပါ ဘူး၊၊ သံသယရှိသူတွေကို အမြန်ဆုံးဖမ်းမိနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နာဂဒေသ၌ ချင်းတွင်းမြစ်ကူးတံတား၊ အားကစားကွင်း၊ အထကကျောင်းနှင့် လေအားလျှပ်စစ်ထုတ်လုပ်ရေးတို့ကို လုပ်ဆောင်ပေးမည်ဟု တပ်ချုပ်ကတိပြု

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved