Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးရဲ့ဆုံးဖြတ်ချက်ကြောင့် ရှေ့သို့ချီပါတီခေါင်းဆောင် လွှတ်တော်ကို နှုတ်ဆက်ထွက်ခွာခဲ့ရ

ဂျန်ဇက် (NSS) - ဇူလိုင် ၁၉ 

ထိုင်းဝန်ကြီးချုပ်အဖြစ် ရေပန်းအစားဆုံးဖြစ်နေတဲ့ ပီတ လင်ဂျာရိုအမ်ရက်ဟာ ဇူလိုင် ၁၉ ရက်နေ့မှာ လွှတ်တော် ကို နှုတ်ဆက်ထွက်ခွာသွားခဲ့ကြောင်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ ဇူလိုင် ၁၉ ရက်မှာ ပီတရဲ့အမှုကို ကြားနာစစ်ဆေးခဲ့ပြီးနောက် အောက်လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကနေ ဆိုင်းငံ့လိုက်ကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက်မကြာမီ ပီတဟာ လွှတ်တော်ထဲက နှုတ်ဆက်ထွက်ခွာသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။


ပီတဟာ တားမြစ်ထားတဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့စည်းကမ်းတွေကို ချိုးဖောက်ပြီး မီဒီယာလုပ်ငန်းတွေမှာ ရှယ်ယာတွေ ပိုင်ဆိုင်ထားတယ်လို့ စွပ်စွဲခံရပြီး အဆိုပါစွပ်စွဲခံရမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဇူလိုင် ၁၉ ရက်မှာ အပြီးသတ်ဆုံးဖြတ်ခဲ့ပါတယ်။ 

ပီတဟာ iTV မီဒီယာလုပ်ငန်းမှာ ရှယ်ယာတွေ ပိုင်ဆိုင်ထားတဲ့အတွက် ကိုယ်စားလှယ်အရည်အချင်းပျက်ယွင်း ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကနဦးဆုံးဖြတ်ခဲ့ပြီးနောက် အဲဒီအမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဇူလိုင် ၁၉ ရက်မှာ ထပ်မံဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ရှိ တရားသူကြီး ၉ ဦးအနက် ၇ ဦးက ပီတကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ဆိုင်းငံ့ဖို့ ဆန္ဒမဲပေးခဲ့ကြောင်း သိရပါတယ်။ 

ပီတက "ကျွန်တော်အနေနဲ့ လွှတ်တော်ကို နှုတ်ဆက်ရတဲ့ ဒီအခွင့်အရေးကို  ပြန်လည်အသုံးချသွားမှာပါ။ ကျွန်တော်တို့တွေ ပြန်လည်တွေ့ဆုံဦးမှာပါ" လို့ လွှတ်တော်ကိုယ်စားလှယ်များကို ပြောဆိုခဲ့ပါတယ်။ ပီတဟာ လွှတ်တော်အတွင်းက မထွက်ခွာခင် "လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ ပြည်သူကို စောင့်ရှောက်နိုင်ဖို့ လွှတ်တော်စနစ်ကို အကောင်းဆုံးအသုံးချစေလိုတယ်။ ထိုင်းနိုင်ငံဟာ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မေလ  ၁၄ ရက် နေ့ နောက်ပိုင်းကတည်းက အပြောင်းလဲတွေဖြစ်လာခဲ့တယ်" လို့ ပြောပါတယ်။ 

ပီတဟာ လွှတ်တော်ကို နှုတ်ဆက်ထွက်ခွာချိန်မှာ သူရဲ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုခံရတဲ့ MP ID ကဒ်ကို စားပွဲပေါ်မှာထားခဲ့ပြီး ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။ 

ပီတက "လက်ရှိစနစ်ဟာ နိုင်ငံကို ဦးဆောင်နိုင်ဖို့ ပြည်သူတွေရဲ့နှလုံးသားကို ရယူနိုင်ဖို့ခက်ခဲပါတယ်" လို့ ပြောပါတယ်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ရှေ့သို့ချီပါတီကို အားပေးသူတွေဟာ ဆန္ဒပြပွဲများ လုပ်ဆောင်လျက်ရှိနေကြောင်း သိရပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် မော်လမြိုင်မြို့၌ ကလေးငယ်(၃)ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved