မြန်မာနိုင်ငံအနေနဲ့ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးပြန်လည်ရရှိစေဖို့ လိုအပ်နေကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၁၆
အိန္ဒိယပြည်ပရေးရာဝန်ကြီးဒေါက်တာ S Jaishankar နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ဟာ ဇူလိုင် ၁၆ ရက်က ထိုင်းနိုင်ငံမှာတွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အိန္ဒိယ-မြန်မာ-ထိုင်းနိုင်ငံတို့ကို ဆက်သွယ်ဖောက်လုပ်နေတဲ့ အဝေးပြေးလမ်းစီမံကိန်းအပြင် နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယပြည်ပရေးရာဝန်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ အာဆီယံအစည်းအဝေးကို တက်ရောက်ခဲ့ပြီး နောက် ထိုင်းနိုင်ငံကို ထပ်မံလာရောက်ကာ Mekong Ganga Cooperation Mechanism အစည်းအဝေးနဲ့ BIMSTEC အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတို့ကို လာရောက်တက်ရောက်ခဲ့ပြီး အစည်းအဝေးနားချိန် အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့ ၎င်းရဲ့တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါ တယ်။
အဆိုပါအဝေးပြေးလမ်းစီမံကိန်းဟာ လက်ရှိအချိန်မှာ ဖောက်လုပ်မှု ၇ဝရာခိုင်နှုန်းနီးပါးသာ ပြီးစီးသေးကြောင်း၊ မြန်မာနိုင်ငံရေးအခြေအနေများကြောင့် ခက်ခဲမှုများရှိနေကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ အိန္ဒိယပြည်ပရေးရာဝန်ကြီး က ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယအစိုးဟာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အားပေးထောက်ခံသလို မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးပြန်လည်ရရှိဖို့ အပ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး S Jaishankar Jaishankar က ထုတ်ဖော်ခဲ့ပါတယ်။
အိန္ဒိယပြည်ပရေးရာဝန်ကြီး က "အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို ထောက်ခံပါတယ်။ လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ရရှိဖို့လိုအပ်နေတယ်။ ကျွန်တော်တို့ ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးပြန်လည်ရရှိစေဖို့ အာဆီယံအဖွဲ့နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက် နေတယ်။ နယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ရရှိဖို့ အဓိကအရေးကြီးနေပါတယ်။ မကြာသေးမီက မြန်မာနဲ့ အိန္ဒိယနယ်စပ်မှာဖြစ်ခဲ့တဲ့ အရာတွေဟာ အကြီးအကျယ်စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ နယ်စပ်ဒေသ အခြေအနေတွေကို ပိုမိုဆိုးရွားနိုင်ဖွယ်ရှိတဲ့လုပ်ရပ်မျိုးတွေ ရှောင်ရှားသင့်တယ်။ နယ်စပ်ဒေသမှာ လူကုန်ကူးမှုတွေ၊ မူးယစ်မှောင်ခိုမှုဖြစ်ပွားနေတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်ရတယ်။ လူကုန်ကူးခံရသူများကို မိခင်နိုင်ငံထံ စောလျင်စွာပြန်ခေါ်ယူရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန် စေလိုတယ်" လို့ ပြောခဲ့ပါတယ်။
၂ဝ၂၁ ခုနှစ်က အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်ဒေသရှိ မြန်မာနိုင်ငံသားတွေဟာ အိန္ဒိယနိုင်ငံဘက်ကို နေရပ်စွန့်ခွာသွားရောက်နေထိုင်မှုများရှိနေခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်သော အင်တာမိုင်ယာမီအသင်းနှင့် (၂)နှစ်သက်တမ်းစာချုပ် ချုပ်ဆိုလိုက်သော မက်ဆီ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ