Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်ရေးတင်းမာမှုများ တအုံနွေးနွေးရှိနေခိုက် အိန္ဒိယနှင့် တည်ငြိမ်သော ဆက်ဆံရေးထားရှိရန် တရုတ် ထိပ်တန်းသံတမန် တိုက်တွန်း

Htay Oung (NSS) - ဇူလိုင် ၁၅

အာရှအိမ်နီးချင်းနှစ်နိုင်ငံအနေနဲ့ မိမိတို့ရဲ့ သက်ဆိုင်ရာ နယ်စပ်တစ်လျှောက် စစ်ရေးတင်းမာမှုများကို ဖြေလျှော့ရန် နည်းလမ်းရှာဖွေနေတဲ့အတွက် နှစ်နိုင်ငံအကြား ဆက်ဆံရေးတည်ငြိမ်ရန် လိုအပ်ကြောင်း တရုတ် ထိပ်တန်းသံတမန် ၀မ်ယီက အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးကို ပြောပြတယ်လို့ Reuters က ယနေ့ (ဇူလိုင်လ ၁၅ ရက်)မှာ ရေးသားပါတယ်။

သံသယများအစား နှစ်နိုင်ငံအကြား အပြန်အလှန် ပံ့ပိုးကူညီမှုများ လိုအပ်တယ်လို့ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆူဗရာမန်ယမ်_ဂျိုင်ရှန်ကာကို အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာမြို့ အာဆီယံအစည်းအဝေး ပြင်ပမှာ ဝမ်က ပြောပြကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အိန္ဒိယနဲ့ တရုတ်တို့ဟာ မိုင် ၂၃၆၀ ခန့်ရှည်လျားတဲ့ နယ်နိမိတ်ကို မျှဝေပိုင်ဆိုင်ထားကြပြီး အများစုမှာ ညံ့ဖျင်းတဲ့ နယ်ခြားအမှတ်အသားများသာ ဖြစ်နေကြပါတယ်။ ၁၉၆၂ ခုနှစ်မှာ အဲဒီကိစ္စအတွက် အတိအ လင်း စစ်ခင်းခဲ့ကြပြီး ၃၂ ရက်သာ ကြာမြင့်ခဲ့ပေမယ့် နှစ်ဖက်စလုံးမှာ သွေးထွက်သံယို ဖြစ်ခဲ့ကြရပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်များကတည်းက နယ်စပ် သဘောတူညီချက်များကို ဆက်တိုက်ရယူခဲ့ပြီးနောက် ဆက်ဆံရေး ပိုမိုကောင်းမွန်လာကာ ယနေ့တရုတ်ဟာ အိန္ဒိယရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာပါတယ်။

ဒါပေမယ့် ၂၀၂၀ ခုနှစ် နယ်စပ်ပဋိပက္ခဟာ ဆုတ်ယုတ်မှုတစ်ခုဖြစ်ပြီး လက်သီးချင်း ယှဉ်ပြိုင်ကြတဲ့ အိန္ဒိယစစ်သား ၂၀ နဲ့ တရုတ်စစ်သား ၄ ဦးတို့ ကျဆုံးခဲ့ရပါတယ်။ နှစ်ဖက်စလုံးအတွက်လည်း အခိုင်အမာ နေရာ ယူစေဖို့နဲ့ တပ်ဖွဲ့ဝင်တွေ-ပစ္စည်းကိရိယာတွေ အများအပြားချထားစေဖို့ ဖြစ်လာခဲ့ရပါတယ်။ 

စစ်ရေးနဲ့ သံတမန်ရေးရာ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ပြုလုပ်ကြတဲ့အတွက် နှစ်နိုင်ငံအကြား တင်းမာမှုများကို ဖြေလျှော့ရာမှာ အထောက်အကူဖြစ်ခဲ့ပေမယ့် နယ်စပ်ရှိ အခြေအနေဟာ ထိရှလွယ်ပြီး  အန္တရာယ် များပြားနေဆဲဖြစ်တယ်လို့  နယူးဒေလီက ထုတ်ဖော်ပြောဆိုပါတယ်။ 

နယ်စပ်ပြဿနာများမှာ နှစ်ဖက်လက်ခံနိုင်တဲ့ အဖြေရှာရန်အတွက် တရုတ်နဲ့ အိန္ဒိယတို့ဟာ တူညီတဲ့ ဦး တည်ချက်နဲ့ လုပ်ဆောင်ရန် လိုအပ်တယ်လို့ သောကြာနေ့ ဂျိုင်ရှန်ကာနဲ့ တွေ့ဆုံစဉ် ၀မ်က ပြောပါတယ်။

နှစ်ဖက်စလုံးက တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီပြီး အရာရာကို ပြီးမြောက်အောင် လုပ်ဆောင်သင့်ကြောင်း၊ တစ်ယောက်အပေါ် တစ်ယောက်က နှိမ့်ချ ဒါမှမဟုတ် အပြန်အလှန် သံသယဖြစ်နေကြမယ့်အစား လက်တွဲ လုပ်ဆောင်သင့်ကြောင်း၊ သီးခြားပြဿနာတစ်ခုခုကြောင့် မိမိတို့ရဲ့ ဆက်ဆံရေးတစ်ခုလုံးအပေါ် တရုတ်ရော အိန္ဒိယပါ သိမ်းကြုံး သတ်မှတ်ခြင်း မပြုသင့်ဘူးလို့ ၀မ်က ဆိုပါတယ်။

နယ်စပ်ရေးရာ ကိစ္စရပ်များနဲ့ စပ်လျဉ်းတဲ့ နောက်တစ်ကြိမ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဆင့် ဆွေး နွေးပွဲကို စောစီးစွာ ကျင်းပရန် နှစ်ဘက် သဘောတူခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

၂၀၂၀ ခုနှစ်ကစပြီး နယူးဒေလီဟာ TikTok အပါအဝင် တရုတ်အက်ပလီကေးရှင်းပေါင်း ၃၀၀ ကျော်ကို ပိတ်ပင်တားမြစ်ခဲ့ပြီး ပေကျင်းရဲ့ စီးပွားရေးလုပ်ငန်းများကိုလည်း စိစစ်ခဲ့ပါတယ်။ တရုတ်ကုမ္ပဏီများရဲ့ ရင်းနှီးမြှုပ်နှံမှုများအပေါ်မှာလည်း တင်းတင်းကြပ်ကြပ် စိစစ်ခဲ့လာခဲ့ပါတယ်။

တရုတ်ကုမ္ပဏီများအပေါ် အိန္ဒိယရဲ့ မကြာသေးမီက ကန့်သတ်ချုပ်ချယ်မှုများနဲ့ ပတ်သက်ပြီး တရုတ်ကု မ္ပဏီများအတွက် တရားမျှ-ပွင့်လင်းမြင်သာပြီး ခွဲခြားဆက်ဆံမှုမရှိတဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ၀မ်က  တောင်းဆိုခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

(၁၉၉၁-ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုလဲခြင်းနဲ့အတူ အရှေ့-အနောက် စစ်အေးတိုက်ပွဲမှာလည်း နိဂုံးချုပ်ခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်နဲ့ အနောက်အုပ်စုတို့သာလျှင် ကမ္ဘာကြီးရဲ့တစ်ခုတည်းသော ၀င်ရိုးဖြစ်ခဲ့ပါတယ်။ ရုရှားရဲ့အင်အားဟာ ဒေသန္တရအဆင့်သာရှိကြောင်း ပြောဆိုခဲ့သူ အမေရိကန်သမ္မတ အိုဘားမားဟာ ဒုတိယအကြိမ် သူ့ရာထူးသက်တမ်း မကုန်ဆုံးမီ သူ့စကားပြော မှားပြီဖြစ်ကြောင်း သိလိုက်ရတယ်လို့ ဆိုပါတယ်။ အဲဒီအတောအတွင်း တရုတ်နိုင်ငံရဲ့ စစ်ရေး စီးပွားရေး အင်အားမှာလည်း ဗြိတိန်နှင့် ဥရောပနိုင်ငံများကို ဖြတ်ကျော်စ ပြုနေပြီး ယခုအခါ ကမ္ဘာ့နံပတ်-၁ အမေရိကန်ကိုပင် ကျော်တက်မည့် အရိပ်အယောင် မြင်တွေ့နေရပါတယ်။

၂၀၁၃ ခုနှစ် စတင်အာဏာရရှိလာတဲ့ ရှီကျင့်ဖျင်ဟာ သူ့ရဲ့ တရုတ်နိုင်ငံအတွင်း စစ်ရေး စီးပွားရေး အင်အားတည်ဆောက်ပုံကို ကြည့်ပြီး စစ်ဝါဒီတစ်ဦး ဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးမှုများ ရှိခဲ့ပါတယ်။  

အဲဒီအမြင်တွေဟာ ၂၀၂၂ ခုနှစ် ရှီ တတိယအကြိမ် သမ္မတဖြစ်လာပြီးနောက်ပိုင်း မှားယွင်းကြောင်း တဖြည်းဖြည်း သိသာလာပါတယ်။ နန်စီပီလိုစီ လို အောက်လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင် ထိုင်၀မ်ကို တရား၀င် လည်ပတ်ခြင်းအပေါ် စစ်အင်အား ပြသခြင်းမှလွဲပြီး ကိုယ်ထိလက်ရောက် တုန့်ပြန်ခြင်း မရှိခဲ့ပါဘူး။ အမေရိကန်နဲ့ အနောက်အုပ်စုက အခြားနိုင်ငံတို့ရဲ့ ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက်ခြင်း၊ ဖိအားပေး ဒဏ်ခတ်နည်းနဲ့ သြဇာနယ်ပယ်ချဲ့ထွင်နေချိန်မှာ တရုတ်ရဲ့ ငွေချေးငှားခြင်း ပြည်တွင်းရေးကိစ္စ ၀င်မစွက်ခြင်း သံတမန်ဗျူဟာ လက်တံမှာ အာဖရိကို ကျော်လွန်၍ တောင်အမေရိကတိုက်အထိ ခရီးဆန့်နေပါတယ်။

တရုတ်နဲ့ စစ်ရေး တအုံ့နွေးနွေး ရှိနေပေမယ့် နာရင်ဒြာ မိုဒီမှာလည်း စစ်တိုက်နည်းဖြင့် အဖြေရှာလိုသူ ခေါင်းဆောင်တစ်ဦး ဟုတ်ပုံမရပါ။ လွန်ခဲ့သည့်နှစ် မော်စကိုသို့ အလည်အပတ်သွားရောက်ခိုက် "ခုချိန်ဟာ စစ်တိုက်ရမယ့် အချိန်မဟုတ်ဘူး"လို့ ယူကရိန်းနှင့် စစ်ခင်းနေသည့် ပူတင်ရှေ့တွင် ပြောရက်ခဲ့သူဖြစ်ပါတယ်။

နျူလက်နက်ပိုင်ရှင် ကမ္ဘာ့လူဦးရေအများဆုံး အိမ်နီးချင်း နှစ်နိုင်ငံ၏ သင့်မြတ်ခြင်းမှာ ၎င်းတို့အကြား လက်နက်ကိုင် ပဋိပက္ခပေါင်းစုံနဲ့ မငြိမ်မသက်ဖြစ်နေဆဲ မြန်မာလိုနိုင်ငံငယ်လေးအတွက် အားတက်စရာပဲဖြစ်ပါတယ်။ ခေါင်းဆောင်ကြီးများ အသက်ရှည် အောင်မြင်ကြပါစေကြောင်း အကြိမ်ကြိမ်ဆုတောင်းမိပါတယ်။

သူတို့ချင်း ပဋိပက္ခကို ရှောင်ကြတယ်ဆိုပေမယ့် သူတို့နိုင်ငံ အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်ပြီး ရှီနဲ့ မိုဒီအကြား ရာနှုန်းပြည့် မယုံကြည်နိုင်ကြမှာတော့ မဟုတ်ပါ။

တရုတ်နဲ့ အိန္ဒိယအကြား နယ်ခြားအရေး လက်ရှိ ထိပ်တိုက်တွေ့နေတဲ့ နေရာ ၃-ခုရှိပါတယ်။ (၁)ကက်ရ်ှမီးယား အရှေ့၊ (၂) နီပေါနဲ့ ဘူတန်နိုင်ငံအကြားနဲ့ (၃) မြန်မာကချင်ပြည်နယ်အနောက်ပိုင်း အာရူနာချယ်ပရာဒက်ရ်ှပြည်နယ်တို့မှာ ဖြစ်ပါတယ်။   ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။) 

(Reuters., 15 July 2023,” China's top diplomat urges stable ties with India as military tensions simmer” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အထက်လွှတ်တော်အမတ်များရဲ့မဲပေးရွေးချယ်ခွင့် အခွင့်အရေးကို ပြန်ရုတ်သိမ်းနိုင်ဖို့ ဥပဒေမူကြမ်းကို ရှေ့သို့ချီပါတီက တင်သွင်း

RELATED POSTS
RECENT POSTS
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved