Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယခုနှစ်တွင် ကျောင်းပေါင်း လေးသောင်း‌ကျော်ဖွင့်လှစ်ထားပြီး ကျောင်းသား/ကျောင်းသူ (၈)သန်းကျော် ကျောင်း အပ်နှံခဲ့

ယခုနှစ်တွင် ကျောင်းပေါင်း လေးသောင်း‌ကျော်ဖွင့်လှစ်ထားပြီး ကျောင်းသား/ကျောင်းသူ (၈)သန်းကျော် ကျောင်း အပ်နှံခဲ့

ယွန်း (NSS) - ဇူလိုင် ၁၄

(၂ဝ၂၃- ၂ဝ၂၄) ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၄၃ဝဝဝ)ကျော် ဖွင့်လှစ်ထားပြီး ကျောင်းသား/ ကျောင်းသူပေါင်း (၈)သန်း ‌ကျော် ကျောင်းအပ်နှံခဲ့ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်(၁၃)ရက်တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး(၃/၂ဝ၂၃)တွင် အထက်ပါကဲ့သို့ အသိပေးပြော ကြားခဲ့ခြင်းဖြစ်သည်။ 

(၂ဝ၂၃ - ၂ဝ၂၄) ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၄၃ဝဝဝ)ကျော် ဖွင့်လှစ်ထား၍ ကျောင်းသား/ ကျောင်းသူပေါင်း (၈)သန်း ‌ကျော် ကျောင်းအပ်နှံထားကာ ယခင်ပညာသင်နှစ်ထက် ကျောင်းသားပေါင်း တစ်သန်း‌ကျော် ပို၍ကျောင်းအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသားများအားလုံးကို ပညာသင်နှစ်ပြီးဆုံးသည်အထိ အပြည့်အဝကျောင်းတက်နိုင်‌ရေးနှင့် အဆင့်လိုက်အတန်းကူးပြောင်းမှု ရာခိုင်နှုန်းမြင့်မားစေရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားရန် နစကဥက္ကဋ္ဌ က တိုက်တွန်းပြောဆိုထားသည်။


ထိုသို့ ဆောင်ရွက်ရာတွင်လည်း တစ်မျိုးသားလုံးနှင့် ဆိုင်သည့်ကိစ္စဖြစ်ခြင်းကြောင့် ပညာရေးဝန်ကြီးဌာန သာမက အခြားဝန်ကြီးဌာနများကလည်း ကူညီဆောင်ရွက်ရန် ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ကျောင်းများနှင့် ဆရာ၊ ဆရာမများ လုံခြုံမှုရှိစေရေးအတွက်လည်း လိုအပ်မှုများကို သက်ဆိုင်ရာဝန်ကြီး ဌာနက ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ က အသိပေးပြောဆိုထားသည်။

ယခုပညာသင်နှစ်၌ ပြည်တွင်းရှိ တိုင်းနှင့် ပြည်နယ်အချို့တွင် ကျောင်းပေါင်း (၄၃ဝဝဝ)ကျော် ဖွင့်လှစ်ထားနိုင် သော်လည်း အချို့ဒေသများတွင် နိုင်ငံရေးပဋိပက္ခများ အပါအဝင် တိုက်ပွဲများကြောင့် ကျောင်းဖွင့်နိုင်ရန် အခက်အခဲများရှိနေသည့် ဒေသများလည်း ရှိနေသေးသည်။

အဆိုပါ နိုင်ငံရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ကျောင်းသား၊ ကျောင်းသူများလည်း ရှိနေ ပြီး ၎င်းတို့အနေဖြင့် လက်ရှိအချိန်အထိ ကျောင်းဆက်တက်ရန် အခက်အခဲများရှိနေကြောင်း သိရသည်။

ထို့ပြင် ဖွင့်လှစ်လျှက်ရှိသည့် အချို့စာသင်ကျောင်းများတွင်လည်း ဖျက်ဆီးခံရမှုများရှိနေပြီး ပညာသင်ကြားပေးနေ သည့် ဆရာ၊ ဆရာမများသည်လည်း  ခြိမ်းခြောက်သတ်ဖြတ်ခံနေရမှုများ ဖြစ်ပွားလျက်ရှိနေသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မျိုးဆက်သစ် သံတမန်ကောင်းများ မွေးထုတ်ရန် လိုအပ်နေသည့် မြန်မာနိုင်ငံခြားဆက်ဆံရေး (ကြည်စိုးလင်း - နိုင်ငံရေးလေ့လာသုံးသပ်သူနှင့် တွေ့ဆုံဆွေးနွေးခြင်း)

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved