တိုက်စစ်မှူးမာနေးနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ လမ်းခွဲရန် စီစဉ်နေ
Pika (NSS) - ဇူလိုင် ၁၃
ဘိုင်ယန်မြူးနစ်အသင်းသည် အသင်းနှင့်တစ်ရာသီကြာကစားထားသော တိုက်စစ်မှူး ဆာဒီယိုမာနေးနှင့် လမ်းခွဲရန်ပြင်ဆင်နေကြောင်း ဂျာမနီသတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူများက မာနေးသည် လာမည့်ရာသီတွင် အသင်း၏ အစီအစဉ်များထဲတွင် ပါဝင်ခြင်းမရှိဟု ၎င်းကို အကြောင်းကြားထားပြီးပြီဖြစ်ကြောင်း Kicker သတင်းစာတွင် ဖော်ပြထားသည်။
အသင်းတာဝန်ရှိသူများသည် မာနေးအတွက် ပြောင်းရွှေ့ကြေး နှင့် ၎င်းရည်မှန်းထားသောလစာ နှင့်ကိုက်ညီစေမည့် ဆော်ဒီအာရေးဗျကလပ်များကို ရောင်းချရန်အတွက် ကြိုးပမ်းမှုများ လုပ်ဆောင်နိုင်ဖွယ်ရှိနေသည်။ မာနေးသည် ပြီးခဲ့သည့်ရာသီတွင် လီဗာပူးလ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းထံသို့ သုံးနှစ်သက်တမ်းရှိ သဘောတူစာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ မာနေးသည် ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၂၅)ပွဲ ကစားထားပြီး (၁၇)ပွဲ အနိုင်ရရှိကာ (၇)ဂိုး သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။
မာနေးသည် ပြီးခဲ့သည့်ရာသီတွင် ခြေထောက်ဒဏ်ရာရရှိခဲ့သည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၎င်း၏ နိုင်ငံ အသင်းအတွက် ဝင်ရောက်မကစားခဲ့ရသလို ဘိုင်ယန်မြူးနစ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခြင်းမျိုးလည်း မရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့တော်ဝင်ပလာဇာအနီးရပ်ထားသည့် အိမ်စီးကား၏ ဘီး(၄)ဘီး အပါအဝင် ကားအတွင်း Blackbox နှင့် TV ဖြုတ်ခိုးမှုဖြစ်ပွား
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း