ရန်ကုန်မြို့တော်ဝင်ပလာဇာအနီးရပ်ထားသည့် အိမ်စီးကား၏ ဘီး(၄)ဘီး အပါအဝင် ကားအတွင်း Blackbox နှင့် TV ဖြုတ်ခိုးမှုဖြစ်ပွား
NSS - ဇူလိုင် ၁၃
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ရုံလမ်းပေါ်ရှိ တော်ဝင်ပလာဇာအနီး ညအိပ်ရပ်နားထားသည့် အိမ်စီးကားတစ်စီး၏ ဘီး (၄) ဘီး အပါအဝင် ယာဉ်အတွင်းခန်းရှိ ပစ္စည်းများ ခိုးယူခံရမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
အဆိုပါ တိုယိုတာ အမျိုးအစား Bb ယာဉ်သည် ဇူလိုင်လ ၁၂ ရက်၊ ညပိုင်းတွင် ရပ်နားထားခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၁၃ ရက် နံနက်ပိုင်းရောက်ချိန်မှသာ ကားပိုင်ရှင်က သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ရပ်ထားတဲ့ ကားတွေကတော့ လမ်းမဆိုတော့ အများကြီးပါ။ သူ့ဘေးမှာလည်း ကားတွေ အများကြီး ရပ်ထားတာ။ လူများတယ်နဲ့ တူတယ်၊ အခုလို ဖြုတ်ယူဖို့ဆို ၃ ယောက်လောက် ပါမှရမှာ။ သူတို့ ကားကတော့ အာမခံ ထားထားတယ် ပြောတယ်။ အခု နောက်ပိုင်း သူခိုးတွေ များလာတယ်။ ဖမ်းမယ့်သူလည်း မရှိပါဘူး"ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
ကားများရပ်ထားသည့် နေရာတွင် CCTV ကင်မရာ တပ်ဆင်ထားခြင်းမရှိသည့်အတွက် ခိုးယူသူများကို ဖမ်းဆီးရန်ခက်ခဲပြီး အဆိုပါ လမ်းအတွင်း ညပိုင်း လူသွားလူလာ နည်းပါးကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ နှင့် ရုရှားနှစ်နိုင်ငံကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်မည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း