ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ပထမနှစ်သင်တန်းအတွက် ကျောင်းသား(၃၀၀)ခေါ်ယူသွားမည်
စော (NSS) - ဇူလိုင် ၁၁
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ပထမနှစ်သင်တန်းအတွက် ကျောင်းသား (၃၀၀) ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ယနေ့(ဇူလိုင်လ ၁၁ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
လက်ရှိ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc)ကို (၂၀၂၃)ခုနှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများလည်း လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လျှောက်ထားလိုသူများအနေဖြင့် (၂၀၂၃)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ကျောင်းသားဦးရေ (၃၀၀)တွင် အမျိုးသား (၅၀)ရာခိုင်နှုန်း နှင့် အမျိုသမီး (၅ဝ) ရာခိုင်နှုန်းသာလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနသို့ စက်တင်ဘာလ (၈)ရက်နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ တက်ရောက်ခွင့်ရရှိသူများကို ကျောင်းဖွင့်ချိန်နှင့်အတူ အချိန်မီအသိပေးကြေညာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်တွေမြို့တွင် ရေနစ်သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း