အဆိုတော်လီလီနိုင်ကျော်အား သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံထားရသူ(၂)ဦး လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ထွက်ပြေးစဉ် ပစ်ခတ်ခံရကာ သေဆုံး
NSS - ဇူလိုင် ၉
အဆိုတော်လီလီနိုင်ကျော်အား သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံထားရသူ(၂)ဦး လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ထွက်ပြေးစဉ် ပစ်ခတ်ခံရကာ သေဆုံးသွားခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(ဇူလိုင်လ ၉ ရက်)တွင် အထက်ပါကဲ့သို့ မီဒီယာများကို အသိပေးပြောဆိုထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလ ၃ဝ ရက်၊ ညနေပိုင်းတွင် သရုပ်ဆောင်အဆိုတော် လီလီနိုင်ကျော်အား ၎င်းနေထိုင်သည့် ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ PDF အဖွဲ့ဝင် ကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကျော်သူရ(ခ)အီးတီတို့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ခဲ့ဖူး သည်။
ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့ကို ပြီးခဲ့သော ဇွန်လ ၄ ရက်တွင် ရန်ကုန်မြို့အတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိထားသော ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်း၌ လက်နက်/ခဲယမ်းများ သိုဝှက်ထားရှိကြောင်း သိရှိရသည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများကို ပြောဆိုထားသည်။
ထို့ကြောင့် ဇူလိုင်လ ၆ ရက် နေ့လည် ၁၁ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကောင်းဇာနည်ဟိန်း၊ ကျော်သူရတို့ (၂)ဦးကို ခေါ်ဆောင်ကာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ မောင်းမကန်လမ်းဘေးရှိ ခြံပုတ်အတွင်း၌ သိုဝှက်ထားသော လက်နက်နှင့်ခဲယမ်းများကို ရှာဖွေခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။
၎င်းကဲ့သို့ ရှာဖွေစဉ် ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွန်းထိုးတိုက်ခိုက်ထွက်ပြေးခဲ့သဖြင့် ရပ်တန့်ရန် အော်ဟစ်ပြောဆိုသော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း နစကမှ မီဒီယာများကို ပြောဆိုထားသည်။
ထိုသို့ ရှာဖွေခဲ့သော ခြုံပတ်အတွင်းမှ သိုဝှက်ထားသည့် FGC-9 သေနတ်(၁)လက်၊ ကျည်အိမ် (၁)ခု၊ ၉မမကျည် (၉) တောင့်၊ လက်ပစ်ဗုံး (၂)လုံးတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်းလည်း နစကမှ ဆိုထားသည်။
အဆိုတော်လီလီနိုင်ကျော်အား သတ်ဖြတ်ခဲ့သော ကောင်းဇာနည်ဟိန်း၏ မိခင်ဖြစ်သူနှင့် အစ်မဖြစ်သူတို့သည်လည်း ပြီးခဲ့သော ဇွန်လ ၆ ရက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံခဲ့တဲ့ တရုတ်သမ္မတကို အရာရာတိုင်းဂရုစိုက်ဖို့ သတိပေးပြောဆိုထားကြောင်း အမေရိကန်သမ္မတ ထုတ်ဖော်ပြောဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း