ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံခဲ့တဲ့ တရုတ်သမ္မတကို အရာရာတိုင်းဂရုစိုက်ဖို့ သတိပေးပြောဆိုထားကြောင်း အမေရိကန်သမ္မတ ထုတ်ဖော်ပြောဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၉
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၎င်းအနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အရာရာတိုင်း ဂရုစိုက်ဖို့ သတိပေးပြောဆိုထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပြီးခဲ့တဲ့မတ်လက ရုရှားနိုင်ငံကို သွားရောက်ကာ သမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးပြီးနောက် ရှီကျင့်ဖျင်ကိုအမေရိကန်သမ္မတ က သတိပေးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့ကမ္ဘာကျော် CNN နဲ့ ပြုလုပ်တဲ့အင်တာဗျူးအစီအစဉ်မှာထည့်သွင်းပြောဆိုခဲ့ပါတယ်။အမေရိကန်သမ္မတက " ကျွန်တော်ဟာ ရှီကျင့်ဖျင့်ကို အရာရာတိုင်း ဂရုစိုက်ဖို့ပြောခဲတယ်။ ဒါဟာ တရုတ်သမ္မတကို ခြိမ်းခြောက်တာမျိုးမဟုတ်ဘူး၊ယူကရိန်းနဲ့ ရုရှားစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရုရှားနိုင်ငံအတွင်းရျိ အမေရိကန် ကော်ပိုရေးရှင်းပေါင်း ၆၀၀ကို ပြန်ရုတ်သိမ်းခဲ့တယ်။ တရုတ်နိုင်ငံဟာ စီးပွားရေးအတွက် ဥရောပ နဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ရင်းနှီးမြှုပ်နှံ့မှုတွေကို အဓိကမှီခိုနေရတယ်။ ဒါကြောင့် ရှီကျင့်ဖျင့်ကို ဂရုစိုက်ဖို့ ပြောခဲ့တာပါ၊ " လို့ပြောပါတယ်။
တရုတ်သမ္မတဟာ မတ်လက ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးပြီးနောက် ရုရှားနဲ့ တရုတ်နိုင်ငံကြား မဟာဗျူဟာမိတ်ဖက်အဖြစ်ဆောင်ရွက်မှုများ ချဲ့ထွင်ရေးအပြင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ စာချုပ်ချုပ်ဆိုခဲ့ကြောင်းသိရပါတယ်။ ရုရှားနဲ့တရုတ်နိုင်ငံတို့ဟာ အဆိုပါစာချုပ်များချုပ်ဆိုချိန်အတွင်း နှစ်နိုင်ငံကြားအပြန်အလှန်ကုန်သွယ်မှုတွေကို အမေရိကန်ဒေါ်လာ(၂ဝဝ)ဘီလျံအထက်ရရှိအောင် လုပ်ဆောင်ဖို့ ရည်မှန်းထားကြောင်းသိရပါတယ်။ ရုရှားနဲ့တရုတ်တို့ဟာ လက်ရှိအချိန်မှာ ကမ္ဘာကုန်သွယ်မှုတွေအတွင်း အမေရိကန်ဒေါ်လာ အသုံးပြုမှုတွေလျော့ချဖို့ အဓိကဦးဆောင်လျက်ရှိနေကြောင်းသိရပါတယ်။
တရုတ်သမ္မတဟာ ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယူကရိန်း နဲ့ ရုရှားကြားဖြစ်ပွားနေတဲ့စစ်ပွဲအဆုံးသတ်ဖို့အချက်(၁၂)ချက်ပါတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ထုတ်ပြန်ခဲ့ပေမယ့် ယူကရိန်း နဲ့အနောက်အုပ်စုနိုင်ငံများက ငြင်းဆန်ခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Sim Registration ဆိုင်ရာညွှန်ကြားချက်ကို မလိုက်နာသည့် အော်ပရေတာ(၄)ခုအား ဒေါ်လာ(၃)သိန်းစီ ငွေဒဏ်ချ မှတ်ထားဟု နစကဆို
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ