Sim Registration ဆိုင်ရာညွှန်ကြားချက်ကို မလိုက်နာသည့် အော်ပရေတာ(၄)ခုအား ဒေါ်လာ(၃)သိန်းစီ ငွေဒဏ်ချ မှတ်ထားဟု နစကဆို
NSS - ဇူလိုင် ၉
Sim Registration ဆိုင်ရာညွှန်ကြားချက်ကို မလိုက်နာသည့် အော်ပရေတာ(၄)ခုအား ဒေါ်လာ(၃)သိန်းစီ ငွေဒဏ်ချ မှတ်ထားကြောင်း နစကမှ ဆိုထားသည်။
နစကမှ ပြီးခဲ့သည့် ရက်ပိုင်းတွင် မီဒီယာများအား အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းဖြစ်သည်။
ပြည်တွင်း၌ ဆောင်ရွက်နေသည့် အော်ပရေတာများဖြစ်သည့် Ooredoo, MyTel, MPT နှင့် Telenor(ATOM) တို့ကို Sim Registration ဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်မှု အားနည်းခြင်းကြောင့် ၂ဝ၁၉ ခုနှစ်မှ စတင်ကာ ဒဏ်ငွေချမှတ်ခဲ့ကြောင်း နစကမှ ဆိုသည်။
၎င်းအော်ပရေတာ (၄)ခုအား ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ပထမအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ(၁)သိန်းစီ ဒဏ်ငွေချမှတ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလတွင်လည်း ဒုတိယအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ (၂)သိန်းစီ ဒဏ်ငွေချမှတ်ထားကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း အဆိုပါ အော်ပရေတာလေးခုအား Sim Registration ဆိုင်ရာ ညွှန် ကြားချက်များကို လိုက်နာမှုမရှိသည့်အတွက် တတိယအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ(၁)သိန်းစီ ထပ်မံ၍ ဒဏ်ငွေချမှတ်ခဲ့ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
သို့သော် ၎င်းတို့အနေဖြင့် လက်တလောကာလတွင် အဆိုပါ အော်ပရေတာများအား ဒဏ်ငွေချမှတ်ဆောင်ရွက်ထားခြင်းများ မရှိကြောင်း နစကမှ အသိပေးပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့နိုင်ငံရေးအခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် ရုရှားနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်မယ်လို့ ဗီယက်နမ်အစိုးရကတိပြု
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း