ကမ္ဘာ့နိုင်ငံရေးအခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် ရုရှားနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်မယ်လို့ ဗီယက်နမ်အစိုးရကတိပြု
ဂျန်ဇက် (NSS) - ဇူလိုင် ၉
ကမ္ဘာနိုင်ငံရေးအခြေအနေ အပြောင်းလဲများရှိနေပေမယ့် ဗီယက်နမ်နိုင်ငံဟာ ရုရှားနိုင်ငံ နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ထိန်းသိမ်းသွားမှာဖြစ်သလို နှစ်နိုင်ငံကြားဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်သွားမယ်လို့ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကြီး Hoang Xuan Chien က ကတိပြုပြောဆိုလိုက်ပါတယ်။
ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက "ရုရှားနိုင်ငံဟာ လက်ရှိအချိန်မှာအခက်အခဲများနဲ့ရင်ဆိုင်နေရပေမယ့် ဗီယက်နမ်နိုင်ငံဟာ ရုရှားနိုင်ငံကို အမြဲတမ်း ထောက်ခံအားပေးသွားမှာပါ၊နိုင်ငံ တကာမှာအခြေအနေတွေ ဘယ်လိုပဲပြောင်းနေပေမယ့် ဗီယက်နမ်နိုင်ငံဟာ ရုရှားနိုင်ငံနဲ့အတူ ရပ်တည်သွားမှာပါ" လို့ပြောပါတယ်။
ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟာ ဒီသီတင်းပတ်အတွင်းမှာ ရုရှားနိုင်ငံကို ချစ်ကြည် ရေးခရီးသွားရောက်ခဲ့ပြီး ရုရှားစစ်ဘက်တာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ ဗီယက် နမ်ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟာ ပြီးခဲ့တဲ့ (၂)နှစ်ကျော်က ရုရှားနဲ့ ဗီယက်နမ်နိုင်ငံကြားသဘောတူညီခဲ့တဲ့ နှစ်နိုင်ငံကြား ကာလအတန်ကြာ ပူးပေါင်းဆောင်ရွက်ရေးအတွက် မဟာဗျူဟာမြောက် လမ်းပြမြေပုံကို ပိုမိုအဆင့်မြင့်တင်နိုင်ဖို့ရည်ရွယ်ပြီး ရုရှားနိုင်ငံကို သွားရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
ဗီယက်နမ် ဒုတိယဝန်ကြီးချုပ်ကလည်း "ဗီယက်နမ်နိုင်ငံအနေနဲ့ ရုရှားနိုင်ငံနဲ့အတူ ယာဉ်ကျေးမှု၊ ပညာ ရေး၊ နည်းပညာပိုင်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးပိုင်းတွေအပါအဝင်နယ်ပယ်ပေါင်းစုံမှာ ကျယ်ပြန့်စွာပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားဖို့ စိတ်ဝင်စားပါတယ်"လို့ ပြောပါတယ်။
ရုရှားနိုင်ငံဟာ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းနိုင်ငံ နဲ့ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံများရဲ့ ပိတ်ဆို့မှုအမျိုးမျိုးရင်ဆိုင်ခဲ့ရပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှာ အထီးကျန်နိုင်ငံဖြစ်အောင် တွန်းပို့ခံနေရကြောင်းသိရပါတယ်။ဒ ါပေမယ့် ဗီယက်နမ်နိုင်ငံဟာ ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ဖို့ နဲ့ စစ်လက်နက်ပစ္စည်းများ ဝယ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ကြီးမြို့နယ်တွင် ကွန်ကရစ်တံတားတစ်စင်းကို KNU နှင့် PDF အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ဆို
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ