Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစိုးရအနေဖြင့် ပြည်သူများအား ကာကွယ်ရန် PDF အကြမ်းဖက်များကို တုံ့ပြန်ရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အသိပေး

ယွန်း (NSS) - ဇူလိုင် ၇

အစိုးရအနေဖြင့် ပြည်သူများအား ကာကွယ်ရန်အတွက် PDF အကြမ်းဖက်များကို တုံ့ပြန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးမှ အသိပေးပြောဆိုထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ဇင်းမင်း ရာဇာခန်းမ၌  ဇူလိုင်လ(၆)ရက်တွင် မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ပြောဆိုရာ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် အာဆီယံတူညီဆန္ဒ(၅)ချက်ဖော်ဆောင်ရာတွင် အရေးကြီးဆုံးအချက်များဖြစ်သည့် အကြမ်းဖက်မှုများရပ်တန့်ရေး အပါအဝင် အားလုံးပါဝင်သည့် ဆွေးနွေးပွဲများ ကျင်းပရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးအပ်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် PDF  အကြမ်းဖက်များ၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ အရပ်သား (၄၈၇၈) ဦးနှင့် အစိုးရဝန်ထမ်း (၁ဝ၆ဝ) ဦး စုစုပေါင်း (၅၉၃၈)ဦးကျော် ထိခိုက်သေဆုံးခဲ့ရကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုထားသည်။

၎င်းတို့အနေဖြင့် အဖျက်အမှောင့်လုပ်ငန်းများ ကျူးလွန်ခြင်းအပြင် ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဥ်များအား အဟန့်အတားဖြစ်အောင် လုပ်ဆောင်နေမှုများလည်း ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဆက်လက်ပြောကြားခဲ့သည်။

ထို့ကြောင့် PDF အကြမ်းဖက်များ၏ ဥပဒေပြင်ပလုပ်ရပ်များမှ ပြည်သူများအား ကာကွယ်ရန် အစိုးရအနေဖြင့် ၎င်းတို့ကို တုံ့ပြန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြိမ်(၅ဝဝဝ)ကျော် ကျင်းပခဲ့ပြီးဖြစ်ကာတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲမှု စတင်ခဲ့သည်မှာလည်း (၃၃)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။


ထို့ပြင် ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်းများအကြား ငြိမ်းချမ်းရေးနှင့် သဟဇာတရှိစေရေးအတွက်လည်း ဆောင်ရွက်နေပြီး နိုင်ငံသားစိစစ်ပြီးသည့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဆောလျင်စွာ စတင်နိုင်ရေးအတွက်‌လည်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်း၌ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လာရောက်လျှောက်ထားသူ (၅ဝ,ဝဝဝ)ကျော်ရှိလာ

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved