တရုတ်နဲ့ ရုရှားအကြား နီးကပ်တဲ့ပူးပေါင်းဆောင်ရွက်မှုလက္ခဏာအဖြစ် ရုရှားသင်္ဘောများ တရုတ်နိုင်ငံကို ရောက်ရှိလာ
ရောင်နီ (NSS) - ဇူလိုင် ၆
ရုရှားနိုင်ငံ ယူကရိန်းကို ကျူးကျော်ပြီး ၁၆ လအကြာမှာ ရုရှားရေတပ်(Pacific Fleet) မှ သင်္ဘောနှစ်စင်း တရုတ် နိုင်ငံ၊ ရှန်ဟိုင်းကို ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆိုက်ကပ်လာခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၅ ရက်) က ရုရှား ဖရီးဂိတ်စစ်သင်္ဘော Gromkiy နဲ့ Sovershenniy ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ ရှန်ဟိုင်းကို ရွက်လွှင့်ရောက်ရှိခဲ့ပြီး အဖြူရောင် ယူနီဖောင်းဝတ်ဆင်ထားတဲ့ တရုတ်သင်္ဘောသားတွေက ၎င်းတို့ကို ကြိုဆိုခဲ့ကြတယ်လို့ ရုရှားအစိုးရပိုင် TASS သတင်းအေဂျင်စီမှ ဖော်ပြချက်အရ သိရပါတယ်။
ရုရှားသင်္ဘောတွေဟာ ဇူလိုင် ၁၁ ရက်အထိ တရုတ်နိုင်ငံမှာ ရှိနေမှာဖြစ်ပြီး တရုတ်ရေတပ်နဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုမှာ သင်္ဘောအချင်းချင်း ဆက်သွယ်မှု၊ ဖွဲ့စည်းမှုနဲ့ ရေကြောင်းရှာဖွေကယ်ဆယ်ရေးတို့ အတူတူပူးပေါင်း ဆောင်ရွက်သွားဖို့ မျှော်လင့်ထားတယ်လို့ တရုတ်အစိုးရမီဒီယာက ပြောကြားခဲ့ပါတယ်။ ၄င်းတို့သင်္ဘောတွေဟာ ဇွန်လကုန်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းအနီး ရေပြင်နဲ့ ယခုလအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ အဓိက စစ်အခြေစိုက်စခန်းရှိရာ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းစုကိုဖြတ်ကျော် ရွက်လွှင့်ခဲ့ပါတယ်။
တရုတ်နဲ့ ရုရှားရဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ ရုရှား - ယူကရိန်းစစ်ပွဲကြား ခံနိုင်ရည်ရှိခဲ့တဲ့ အစိုးရနှစ်ရပ်ရဲ့ အလွတ်သဘောမဟာမိတ်အဖွဲ့ရဲ့အင်အားကို အလေးပေးဖော်ပြနေပါတယ်။ ယူကရိန်းနဲ့လည်း နီးကပ်တဲ့ဆက်ဆံ ရေးရှိခဲ့တဲ့တရုတ်ဟာ မော်စကိုရဲ့ကျူးကျော်မှုကို ပြတ်သားစွာရှုတ်ချခြင်း မရှိသေးဘဲ ပဋိပက္ခမှာ ကြားနေဖြစ် ကြောင်း အခိုင်အမာဆိုထားပါတယ်။
အဆိုပါရေတပ်ခရီးစဉ်ဟာ ယခုသီတင်းပတ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး လီရှန်ဖု နဲ့ ရုရှားရေတပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး နီကိုလိုင်ရဲဗ်မန်နိုဗ်တို့တွေ့ဆုံမှုပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံယဉ်ကျေးမှုကို ပုံဖော်သည့် ဓာတ်ပုံများဖြင့် ယှဉ်ပြိုင်ရမည့် ASEAN Photo Contest 2023 တွင် မြန်မာလူငယ်များပါဝင်နိုင်ဟုဆို
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ