နှစ်ပေါင်း ၆ဝ နီးပါးကြာ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ (ELN)အဖွဲ့ နဲ့ ရက်ပေါင်း ၁၈ဝ ကြာ အပစ်ခတ်ရပ်စဲရေး ရယူဖို့ သဘောတူညီခဲ့ကြောင်း ကိုလံဘီယာအစိုးရပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၆
ကိုလံဘီယာအစိုးရဟာ နှစ်ပေါင်း ၆ဝ နီးပါးကြာ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ (ELN)အဖွဲ့နဲ့ ယာယီအပစ်ခတ် ရပ်စဲရေးရယူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယာယီအပစ်ခတ်ရပ်စဲရေးဟာ သြဂုတ်လမှ လာမယ့်နှစ် ဇန်နဝါရီလအထိ သက်ရောက်မှုများရှိမှာဖြစ်ကြောင်း သိရပါတယ်။
ကိုလံဘီယာအခြေစိုက် Semana မဂ္ဂဇင်းရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ Vicky Davilaက "ကိုလံဘီယာအစိုးရနဲ့ (ELN) အဖွဲ့တို့ကြား ဗဟိုအဆင့်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ ယာယီအပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့တယ်။ ယာယီ အပစ်ခတ်ရပ်စဲရေးဟာ လာမယ့် သြဂုတ် ၃ ရက်ကနေ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ သက်တမ်းရှိမှာ ဖြစ်တယ်။ အဲဒီကာလအတွင်း ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးမှုတွေ၊ မြေပြင်အခြေအနေတွေကို စောင့်ကြည့်လေ့လာ ပြီး အပစ်ခတ်ရပ်စဲရေးထပ်မံသက်တမ်းတိုးတာမျိုးတွေလုပ်သွားမှာပါ" လို့ ပြောပါတယ်။
အဆိုပါ လက်နက်ကိုင်အဖွဲ့က ၎င်းတို့အနေနဲ့ အစိုးရနဲ့ ရက်ပေါင်း ၁၆ဝ ကြာ အပစ်ခတ်ရပ်စဲရေးရယူနိုင်အောင် ကြိုးပမ်းမှုအဖြစ် ဇူလိုင် ၆ ရက်ကနေ သြဂုတ်လ သုံးရက်အထိ အစိုးရတပ်ဖွဲ့တွေကို တိုက်ခိုက်ခြင်း၊ လုပ်ကြံခြင်း များ ရပ်နားထားမှာဖြစ်ကြောင်း ဆိုပါတယ်။
ဒါပေမယ့်လည်း ၎င်းတို့ ထိန်းချုပ်ထားတဲ့နယ်မြေအတွင်းရှိ ပြည်သူများ၊ ဒါမှမဟုတ် ၎င်းတို့အဖွဲ့များအပေါ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖွဲ့က တိုက်ခိုက်လာမယ်ဆိုရင်တော့ တုံ့ပြန်သွားမှာဖြစ်ကြောင်း (ELN) အဖွဲ့က ပြောပါတယ်။ (ELN) အဖွဲ့ဟာ ကွန်မြူနစ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၁၉၆၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ ကာ အစိုးရတပ်ဖွဲ့တွေကို လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်နေခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုခါမုန်တိုင်းကြောင့် ဓာတ်အားပြတ်တောက်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၈)ခုကို တစ်လကျော်ကာလအတွင်း ဓာတ်အားပြန်လည်ပေးနိုင်ခဲ့
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း