Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တီမောလက်စ်တေသမ္မတနှင့် NUG ကိုယ်စားလှယ်များတွေ့ဆုံမှုအပေါ် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာသံရုံးတာဝန်ခံကို နစက ခေါ်ယူသတိပေး

NSS - ဇူလိုင် ၆

တီမောလက်စ်တေသမ္မတနှင့် NUG ကိုယ်စားလှယ်များ တွေ့ဆုံမှုအပေါ် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံကို ခေါ်ယူသတိပေးခဲ့ကြောင်း သတင်းရရှိသည်။

နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ယမန်နေ့(ဇူလိုင်လ ၅ ရက်)တွင် အထက်ပါကဲ့သို့ သတင်းထုတ်ပြန်ထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Avelino Fernandes Ximenes Pereira ကို နေပြည်တော်သို့ ဖိတ်ခေါ်ကာ သတိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ဇူလိုင်လ ၁ ရက်တွင် တီမောလက်စ်တေနိုင်ငံ၌ ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် အစိုးရ၏ ဝန်ကြီးချုပ်အသစ်နှင့် အစိုးရ အဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ NUG ၏ ကိုယ်စားလှယ်များအား ဖိတ်ကြားတက်ရောက်စေခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော NUG ၏ ကိုယ်စားလှယ်များအား ဖိတ်ကြားတက်ရောက်စေခဲ့သည့်ကိစ္စအပါအဝင် သမ္မတမှ NUG ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံခဲ့သည့်ကိစ္စများနှင့်ပတ်သက်၍ တီမောလက်စ်တေအစိုးရ၏ လုပ် ဆောင်ချက်အပေါ် ကန့်ကွက်ကြောင်း သံရုံးတာဝန်ခံအား သတိပေးပြောဆိုခဲ့သည်ဟု ဝန်ကြီးဌာနက ဆိုသည်။

ထို့ပြင် ၎င်းကဲ့သို့တွေ့ဆုံမှုမျိုး နောင်တွင်မပြုလုပ်ရေး တိုက်တွန်းပြောကြားခဲ့ကာ ကန့်ကွက်သည့်သတိထောက်လွှာကိုလည်း မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံးယာယီတာဝန်ခံထံ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၎င်းသတိထောက်လွှာ၌ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG အား တီမောလက်စ်တေအစိုးရမှ ဖိတ်ကြားခဲ့မှုသည် မြန်မာနိုင်ငံအတွင်း၌ ယင်းအဖွဲ့အစည်းမှ ကျူးလွန်ဆောင်ရွက်နေသည့် အကြမ်းဖက်လုပ်ရပ်များကို အားပေးအားမြှောက်ပြုရာ ရောက်ကြောင်း ထည့်သွင်းရေးသားကာ ဖော်ပြထားသည်ဟုလည်း ဝန်ကြီးဌာနက ဆိုထားသည်။

အထက်ပါ သတိထောက်လွှာနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဟောင်းဖြစ်သူ ဦးကြည်မောင်ဦး က “အဲဒီဟာက သံတမန်ရေးရာ ပြောတဲ့ဆိုတဲ့နေရာမှာ (၅)ဆင့်ရှိတဲ့နေရာမှာ သူက ဒုတိယအဆင့်လောက်ပဲရှိတယ်။ တတိယအဆင့်၊ စတုတ္ထအဆင့်၊ ပဉ္စမအဆင့်ဆိုတာရှိသေးတယ်။ ဟန်ပြလုပ်ပြရုံမျှပဲ ရှိသေးတယ်။ သိပ်ပြီးတော့ ထိထိရောက်ရောက် မရှိသေးဘူး။ သူ့ထက် ထိရောက်တဲ့ဟာလေးတွေ ရှိသေးတယ်” ဟု NP News ကို မှတ်ချက်ပြု ပြောဆိုထားသည်။

ထို့ပြင် အဆိုပါကိစ္စနှင့်ပတ်သက်၍ သတိထောက်လွှာအပြင် သတိပေးချက်ထုတ်ပြန်နိုင်ကြောင်းနှင့် သံရုံးအဆင့်လျှော့ချမှုများလည်း ပြုလုပ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

“အခုလောလောဆယ်ကတော့ ဟန်ပြမဟုတ်ဘဲနဲ့ ပိုပြီးတော့ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေဖို့ဆိုရင် အခုန ကပြောတဲ့ ရန်ကုန်မှာရှိတဲ့ သံတမန်တွေကို နေပြည်တော်ကို ဖိတ်ခေါ်ပြီးတော့မှ သတင်းစာရှင်းလင်းပွဲ လုပ်သင့်တယ်။ အဲဒါကို နိုင်ငံတစ်ဝှမ်းသိအောင် ပြသင့်တယ်။ ပြီးလို့ရှိရင်လည်း နောင်အလားတူ ဖြစ်လာလို့ရှိရင် နိုင်ငံကြီးကြီးငယ်ငယ် ဗဟိုဆင့်ခေါ်ပြီးတော့ သတိထောက်လွှာပေးတာတို့ အဲဒါမျိုးလုပ်တာတို့ လုပ်သင့်တယ်။ အခုဟာကတော့ မထိရောက်သေးဘူး။ ဟန်ပြသက်သက်လောက်ပဲ ရှိသေးတယ်” ဟု ဦးကြည်မောင်ဦးက မှတ်ချက်ပြုထားသည်။

တီမောလက်စ်တေအစိုးရသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ NUG မှ ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ကြောင်း တွေ့ရှိရပြီး တီမောလက်စ်တေသမ္မတ၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း NUG ဘက်က ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုရဲ့စစ်လက်နက်ပစ္စည်းများ ကူညီပေးနေမှုရပ်တန့်မယ်ဆိုရင် ယူကရိန်းစစ်ပွဲပြီးဆုံးသွားမှာဖြစ်ကြောင်း ရုရှားသမ္မတဟောင်းပြော

RELATED POSTS
RECENT POSTS
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved