ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက်မသုံးဖို့ တရုတ်သမ္မတ တောင်းဆိုထားတယ်ဆိုတဲ့သတင်းတွေကို ရုရှားအစိုးရ ငြင်းဆန်
ဂျန်ဇက် (NSS) - ဇူလိုင် ၆
ယူကရိန်းစစ်ပွဲမှာ ရုရှားနိုင်ငံကို နျူကလီးယားစစ်လက်နက်ပစ္စည်းများ အသုံးပြုခြင်းမလုပ်ဆောင်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က သတိပေးခဲ့တယ်ဆိုတဲ့သတင်းတွေကို ရုရှားအစိုးရ ငြင်းဆန်ပယ်ချလိုက်ပါတယ်။
အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက်များ မသုံးစေဖို့ ရုရှားသမ္မတပူတင်ကို ဖိအားပေးဖို့ တရုတ်သမ္မတရှီကျင့်ဖျင်ထံ တိုက်တွန်းတောင်းဆိုခဲ့ကြောင်း အစောပိုင်းက သတင်းများထွက်ပေါ်ခဲ့ပါ တယ်။
ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်က "အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး အတည်ပြုလို့မရဘူး" လို့ ပြောပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ပြီးခဲ့တဲ့မတ်လက ရုရှားနိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်ချိန်အတွင်း သမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးချိန်မှာ ယူကရိန်းစစ်ပွဲအတွင်း နျူကလီးယားလက်နက်များ မသုံးဖို့ ပြောဆိုခဲ့တယ်လို့ Financial Times သတင်းဌာနက ဖော်ပြထားပါတယ်။
ဒါပေမယ့် တရုတ်အစိုးရဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံတွေကို ဝေဖန်ပြစ်တင်မှုများ လုပ်ဆောင်လျက်ရှိနေတဲ့နိုင်ငံဖြစ်ကြောင်း သိရပါတယ်။ ရုရှားအစိုးရက ယူကရိန်းစစ်ပွဲဟာ ရုရှားနိုင်ငံအပေါ် ဆန့်ကျင်မှုများပြုလုပ်နေတဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ကျယ်ပြန်တဲ့ proxy war ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။
ရုရှားသမ္မတက ရုရှားနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ဖြစ်တည်မှုကို ခြိမ်းခြောက်လာတာတွေကို တားဆီးဖို့ နျူကလီးယားလက်နက်များ အသုံးပြုသွားမှာဖြစ်ကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းတို့ဟာ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ အပါအဝင် လိုအပ်တဲ့အကူအညီများ ပံ့ပိုးပေးခဲ့ပြီး ရုရှားကို ပိတ်ဆို့မှုအမျိုးမျိုး ချမှတ်ခဲ့ပါတယ်။
တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအချို့က ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီပေးနေခြင်းဟာ ယူကရိန်းနိုင်ငံကို ပိုမိုပျက်စီးဖို့ နဲ့ စစ်ပွဲအရှိန်ပိုကြာအောင် လုပ်ဆောင်နေခြင်းမျိုးသာဖြစ်ကြောင်း ဝေဖန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နစကဥက္ကဋ္ဌ နှင့် ကူဝိတ်နိုင်ငံဝန်ကြီးချုပ်တို့ နှစ်နိုင်ငံအရေးကိစ္စရပ်များကို တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း