ကျောင်းသား/သူ (၅ဝဝ)ကျော် ပညာသင်ယူနေသည့် မြင်းမူမြို့အထက်တန်းကျောင်းကို PDF အဖွဲ့က Drone ဖြင့် ဗုံးပစ်ချတိုက်ခိုက်
NSS - ဇူလိုင် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ရှိ ကျောင်းသား၊ ကျောင်းသူ (၅ဝဝ)ကျော် ပညာသင်ယူနေသည့် အခြေခံပညာအထက်တန်းကျောင်းကို PDF အဖွဲ့က Drone ဖြင့်ဗုံးတစ်လုံးပစ်ချတိုက်ခိုက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၂ ရက်)၊ မွန်းလွဲ ၃နာရီ ၄ဝမိနစ်အချိန်တွင် မြင်းမူမြို့၊ ကျန်စစ်သားရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြင်းမူမြို့၏ အနောက်ဘက် ကိုက်(၈ဝဝ)ခန့်အကွာ ယာခင်းများထဲရှိ PDF အဖွဲ့မှ Drone ယာဉ်ဖြင့် အဆိုပါရပ်ကွက်ရှိ အထက်တန်းကျောင်းကို ဗုံးပစ်ချတိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုထားသည်။
ထို့သို့ ဗုံးပစ်ချတိုက်ခိုက်မှုကြောင့် အဆိုပါကျောင်းအတွင်းရှိ ပဒေသရာဇာ ၂ထပ်ဆောင်၊ အခန်းအမှတ်(၅)၏ ခေါင်မိုးပေါ်သို့ ဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းတွင်းရှိ ဆရာ/ဆရာမ များနှင့် ကျောင်းသား၊ကျောင်းသူများ ထိခိုက်မှုမရှိခဲ့သော်လည်း (၂)ထပ်ဆောင်၏ အမိုးသွပ် (၆)ချပ်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေး ယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် အဆိုပါအထက်တန်းကျောင်း၌ ကျောင်းဆရာ၊ ဆရာမ (၄၅)ဦးက ကျောင်းသား၊ကျောင်းသူ(၅၃၁)ဦးကို ပညာသင်းကြားပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ရှိ အစိုးရဌာနဆိုင်ရာရုံးရှေ့နေရာများ၌ ညအချိန် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှု မရှိ
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း