စမ်းချောင်းမြို့နယ်တွင် ကားပြင်နေစဉ် မီးလောင်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဇူလိုင် ၂
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ကားပြင်ရာမှ Taxi တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇူလိူင်လ ၂ ရက်)၊ နေ့လည် ၁နာရီ ၄၁မိနစ်အချိန်တွင် စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက်၊ မြောင်းမြလမ်းတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကားပြုပြင်ရင်းနဲ့မီးထလောင်တယ်လို့တော့ ကျွန်တော်တို့ကြားရတာပေါ့နော်။ ကားကတော့အငှားကားပါ အိမ်စီးကားတော့မဟုတ်ဘူး။ အငှား Taxi Toyota Fielder အမျိုးအစားပေါ့” ဟု အနာဂတ်အလင်း တန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါကားမီးလောင်မှု ဖြစ်စဉ်တွင် ကား၏အင်ဂျင် မီးမလောင်ခဲ့သော်လည်း နောင်ပိုင်းတစ်ပိုင်းလုံးမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လူထိခိုက်မှုတို့ဘာတို့တော့ ဘာမှမရှိဘူးပေါနော်။ မီးကတော့မိနစ်ပိုင်းလေးပါပဲ ၅မိနစ် ၆မိနစ်လောက်ပါပဲ ငြိမ်းသွားတာ။ အခြားထိခိုက်ပျက်စီးမှုကတော့ ဘာမှမရှိပါဘူး”ဟု ၎င်းက ဆက်လက်ပြောဆိုထား သည်။
အထက်ပါမီးလောင်မှုကို စမ်းချောင်မြို့နယ် မီးသတ်တပ်ဖွဲ့ နှင့် အနာဂတ်အလင်းတန်းပရဟိတအသင်းတို့က သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပိတ်ဆို့မှုများခံနေရသော်လည်း ရုရှားနိုင်ငံ၏ ပြည်ပကြွေးမြီးက နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံးသို့ကျဆင်းသွားဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း