Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်နိုင်ငံမှ တပ်မတော်ဆိုင်ရာ ကိုယ်စားလှယ်များလိုက်ပါလာသည့် ယာဉ်တန်းကို KIA အဖွဲ့က ပစ်ခတ်တိုက်ခိုက်

NSS - ဇွန် ၃ဝ

နယ်စပ်ဒေသလုံခြုံရေး အစည်းအဝေးလာရောက်သည့် တရုတ်နိုင်ငံမှ တပ်မတော်ဆိုင်ရာ ကိုယ်စားလှယ် များလိုက်ပါလာသည့် ယာဉ်တန်းကို KIA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကောင်စစ်ဝင်တစ်ဦးပါဝင်သည့် အဖွဲ့သည် ဇွန်လ ၂၇ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး၌ တည်ဆောက်မည့် နန်ကျင်းစီးပွားရေးဇုန်နှင့်ပတ်သက်ပြီး ဆွေးနွေးရန် မြစ်ကြီးနားသို့ ထွက်ခွါလာစဉ်အချိန်၌ ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပစ်ခတ်သည့်အဖွဲ့သည် နယ်ခြားစောင့်တပ် ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့မှုအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြန်လည်ဖြေကြားရာတွင် အထက်ပါကဲ့သို့ထည့်သွင်းဖြေကြားခဲ့ ခြင်းဖြစ်သည်။

“နယ်ခြား‌ဒေသမှာ တပ်မတော်အချင်းချင်း ပုံမှန်လစဉ် ဆွေးနွေးနေတဲ့ဆွေးနွေးမှုများရှိပါတယ်။ ဒီဆွေးနွေးပွဲကို တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံ တလှည့်စီ ကျင်းပနေတာဖြစ်ပါတယ်။ အလားတူပဲ မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ တိုင်းပြည်တွေမှာလည်း နယ်စပ်ဒေသလုံခြုံရေး ပုံမှန်အစည်းအဝေးတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်ဖို့အတွက် တရုတ်နိုင်ငံက တပ်မတော်ဆိုင်ရာ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကိုလာရောက်ခဲ့တာရှိပါတယ်။ ဒါကဇွန်လ ၂၇ ရက်မှာ လာရောက်ခဲ့ပါတယ်။ မနက်ပိုင်းမှာ လာရောက်ခဲ့တယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါ ယာဉ်တန်းတွင် တရုတ်နိုင်ငံမှကောင်စစ်ဝင်လည်း ပါဝင်ခြင်းမရှိသကဲ့သို့ နန်ကျင်းစီးပွားရေး ဇုန်နှင့် ပတ်သက်သည့် ကိစ္စလည်းမဟုတ်ဘဲ နယ်စပ်ဒေသလုံခြုံရေးနှင့် ပတ်သက်သည့် အစည်းအဝေးကို တက်ရောက်ရန်လာသည့် တရုတ်နိုင်ငံမှ တပ်မတော်ဆိုင်ရာ ကိုယ်စားလှယ်များသာဖြစ်ကြောင်း ၎င်းက ထည့်သွင်းဖြေကြားခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်များကို တပ်မတော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ကြိုဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က ကန်ပိုက်တီးဘက်ကနေ လာခဲ့တာဖြစ်ပါတယ်။ အဲဒီမှာတော့ တပ်မတော်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့က လုံခြုံရေးတပ်ဖွဲ့တွေက သွားရောက်ကြိုဆိုခဲ့တာရှိပါတယ်။ အဲဒီထဲကမှ နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ရှေ့ပြေး ဒုတိယယာဉ်က ၁၃ ကီလိုမီတာအကွာလောက်မှာ လက်နက်ငယ်နဲ့ ငါးချက်ပစ်ခတ်ခံရပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှုတော့မရှိပါဘူး”ဟု ဗိုလ် ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့နောက် အဆိုပါယာဉ်တန်းသည် မြစ်ကြီးနားကို ပြန်လည်ထွက်ခွါခဲ့ပြီး မူလအစီအစဉ်အတိုင်း နှစ်ဖက် တွေ့ဆုံကာ အစည်းအဝေးများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးသည်လည်း အောင်မြင်စွာပြီးဆုံးခဲ့ပြီး လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ တပ်မတော်ကိုယ်စားလှယ်အဖွဲ့များလည်း ပြည်ပသို့ ပြန်လည်ထွက်ခွါပြီးဖြစ်ကြောင်းသိရသည်။

“ပစ်ခတ်ခဲ့တဲ့အဖွဲ့တွေကတော့ KIA အဖွဲ့ဆိုတာအတည်ပြုလို့ရပါတယ်။ ပစ်ခတ်ပြီးတဲ့နောက်ပိုင်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံနဲ့ ပြီးရင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြားမှာ အထင်လွဲမှုတွေဖြစ်လာအောင် သွေးထိုးလှုံ့ဆောင်နေတာတွေ့ရပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လုံခြုံရေးအရ အရေးယူဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စီးပွားရေး လုပ်ငန်းရှင် ဦးမောင်ဝိတ် ဖမ်းဆီးခံရပြီး (၂)နှစ်ကျော်အကြာတွင် ပြန်လွတ်လာ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved