ရုရှားကြေးစားအုပ်စု Wagner အဖွဲ့ခေါင်းဆောင် ပရိုဂိုဇင် ဘီလာရုစ်နိုင်ငံတွင်ရောက်ရှိနေပြီဖြစ်ကြောင်း ဘီလာရုစ်သမ္မတအတည်ပြု
Pika (NSS) - ဇွန် ၂၈
ရုရှားကြေးစားအုပ်စု Wagner အဖွဲ့ခေါင်းဆောင် ပရိုဂိုဇင်သည် ဘီလာရုစ်နိုင်ငံတွင် ရောက်ရှိနေပြီဖြစ် ကြောင်း ဘီလာရုစ်သမ္မတလူကာရှန်ကိုက အတည်ပြုပြောဆိုခဲ့သည်။
ပြီးခဲ့သည့်(၂၃)နှစ်ကျော်ကတည်းက သမ္မတအဖြစ် တာဝန်ထမ်းထောင်ခဲ့သည့် ရုရှားသမ္မတပူတင်၏ အာဏာအတွက် အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်သော ပုန်ကန်မှုဖြစ်ပွားပြီးနောက် Wagner အဖွဲ့ခေါင်း ဆောင် ပရိုဂိုဇင်သည် ဇွန်လ(၂၇)ရက်တွင် ဂျက်လေယာဉ်ဖြင့် ရုရှားနိုင်ငံမှ ဘီလာရုစ်နိုင်ငံသို့ပြောင်းရွှေ့ခဲ့ကြောင်းသိရသည်။
ရုရှားသမ္မတပူတင်သည် ပုန်ကန်မှုများကို ချေမှုန်းပစ်မည်ဟု အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ဘီလာရုစ်သမ္မတလူကာရှန်ကို၏ ကြားဝင်စေ့စပ်ပေးမှုများဖြင့် Wagner အဖွဲ့ခေါင်း ဆောင်ပရိုဂိုဇင်နှင့် ၎င်း၏ကြေးစားတပ်ဖွဲ့ဝင်များကို ဘီလာရုစ်နိုင်ငံတွင်သွားရောက်နေထိုင်ခွင့်ပြုရန် သဘောတူညီချက်ရရှိခဲ့ကြောင်းသိရသည်။ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပရိုဂိုဇင်နေထိုင်သည့် နေရာအတိအကျကို မသိကြောင်း ကြေးစားအဖွဲ့ဝင်များသည် ပုန်ကန်မှုအဆုံးသတ်ခဲ့သည့် သဘောတူညီချက်တွင်ပါဝင်သည့် သဘောတူညီချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု မျှော်လင့်မိကြောင်းပြောကြားခဲ့သည်။
ရုရှားကြေးစားအုပ်စု Wagner အဖွဲ့ခေါင်းဆောင်ပရိုဂိုဇင်သည် ရာထူးမှနှုတ်ထွက်ကာ ဘီလာရုစ်နိုင်ငံသို့သွားရောက်နေထိုင်ခြင်းဖြင့် ၎င်း၏ကြေးစားအဖွဲ့ဝင်များကို ရာဇဝတ်မှုဆိုင်ရာ စွဲချက်များမှ လွတ်မြောက်စေမည့် သဘောတူညီချက်ဖြင့် ၎င်း၏တပ်ဖွဲ့ဝင်များကို ပြန်လည်ရုတ်သိမ်းခဲ့ကြောင်းသိရသည်။ ပရိုဂိုဇင်လိုက်ပါလာသော ဂျက်လေယာဉ်သည် Minsk မြို့၏တောင်ဘက်တွင်ရှိသော Machulishchy လေတပ်စခန်းအနီး အမြင့်(၇၄၇)မီတာအရောက်တွင် လေယာဉ်မှအချက်ပြမှုများ ရေဒါတွင်ပေါ်ခြင်းမျိုးမရှိတော့ကြောင်းသိရသည်။
လေယာဉ်၏ transponders များကို ပိတ်လိုက်ခြင်းသည် ဆင်းသက်သည့်တည်နေရာ အတိအကျကို ခြေရာခံခြင်းမှ ရှောင်ရှားသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်းသိရသည်။ ပုန်ကန်မှုများကို လုပ်ဆောင်ခဲ့သော ခေါင်းဆောင်များသည် နိုင်ငံတော်နှင့် ပြည်သူများကို သစ္စာဖောက်ခဲ့ကြသော်လည်း သူပုန်များကိုတွန်းလှန်ခဲ့သည့် ရုရှားစစ်တပ်၊ တရားဥပဒေစိုးမိုးရေးနှင့် အထူးဝန်ဆောင်မှုများကို ကျေးဇူးတင်ကြောင်း ရုရှားသမ္မတပူတင်ကပြောကြားခဲ့သည်။ ရုရှားသမ္မတပူတင်သည် ပုန်ကန်မှုအတွင်း သေဆုံးသွားခဲ့သော လေယာဉ်မှူးကို ဂုဏ်ပြုစကားပြောကြားခဲ့ပြီး သွေးထွက်သံယိုဖြစ်မှုများကို ရှောင်ရှားရန်အတွက် ပုန်ကန်မှုများကို ရပ်တန့်လိုက်သော Wagner အဖွဲ့ကြေးစားတပ်ဖွဲ့ဝင်များနှင့်တပ်မှူးများကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးရွှေအသင်း၌ ရွှေလာရောက်တန်းစီဝယ်ယူသူများပြားနေ၍ မဲနှိုက်စနစ်ဖြင့်သာရောင်းချ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ