Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာအိမ်အကူအမျိုးသမီး ညှင်းပန်းနှိပ်စက်ခံရမှုမှာ သမီးဖြစ်သူနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တဲ့ မိခင်ဖြစ်သူကို စင်ကာပူတရားရုံး ထောင်ဒဏ်ချမှတ်

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၉

မြန်မာအိမ်အကူအမျိုးသမီး ညှင်းပန်းနှိပ်စက်ခံရမှုမှာ ပါဝင်ပတ်သက်ခဲ့မှုနဲ့အတွက် အသက် ၆၄ နှစ်အရွယ်ရှိ ပရီမာ အက်စ်နာရေး နာဆာမီ ဇန်နဝါရီ ၉ ရက်မှာ စင်ကာပူတရားရုံးက ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

မြန်မာအမျိုးသမီး Piang Ngaih Don ဟာ စင်ကာပူနိုင်ငံရှိ  Gaiyathiri ရဲ့နေအိမ်မှာ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ရာ Gaiyathiri အပြင် သူရဲ့မိခင်ဖြစ်သူ၊ ခင်ပွန်းဖြစ်သူတို့ရဲ့ နေ့စဉ်နီးပါး ညှင်းပန်းနှိပ်စက်မှုများ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

ခရိုင်တရားသူကြီး ဟောဟမ်လီက နာရေးနာဆာမီဟာ မြန်မာအိမ်အကူအမျိုးသမီးကို ရိုက်နှက်ရာမှာ လက်ကို အသုံးပြုခဲ့သလို အခြားအမျိုးမျိုးသောပစ္စည်းကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါတရားသူကြီးက "CCTV ရုပ်သံမှတ်တမ်းတွေအရ မြန်မာအိမ်အကူအမျိုးသမီး ညှင်းပန်းနှိပ်စက်ခံရတဲ့ ပုံတွေကိုကြည့်ပြီး အံ့အားတုန်လှုပ်မိ တယ်" လို့ပြောပါတယ်။

မြန်မာအိမ်အကူအမျိုးသမီး ညှင်းပန်းနှိပ်စက်ခံရမှုဟာ စင်ကာပူသမိုင်းမှာ အဆိုးရွားဆုံးဖြစ်ဖွယ်ရှိကြောင်း စင်ကာပူအစိုးရရှေ့နေတစ်ဦးဖြစ်သော ဆန်တီကူမာရမ် ဆာဘာပါတီ က ပြောပါတယ်။ ပရီမာဟာ အသက် ၂၄ နှစ်အရွယ်ရှိ မြန်မာအိမ်အကူအမျိုးသမီးကို ထိခိုက်နာကျင်စေအောင် ရိုက်နှက်မှု၊ ညှင်းပန်း နှိပ်စက်မှုများအတွက် စွဲဆိုခံရတဲ့စွဲချက် ၄၇ ခုကို ဝန်ခံခဲ့တယ်လို့ သိရပါတယ်။ ပရီမာဟာ မြန်မာအမျိုးသမီးကို ညှင်းပန်းနှိပ်စက်မှုနဲ့ပတ်သက်ပြီး လူသတ်ဖို့ကြိုးပမ်းမှုနဲ့ ကနဦးမှာ စွဲချက်တင်ခံရပေမယ့် နောက်ပိုင်းမှာ အဲဒီ စွဲချက်ကိုဖြေလျော့ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မြန်မာအိမ်အကူ အမျိုးသမီး ဟာ Gaiyathiri ရဲ့အိမ်မှာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလကနေ ၂ဝ၁၆ ခုနှစ် ဇူလိုင်လအထိ အလုပ်လုပ်ကိုင်နေခဲ့ပြီး၊ အဲဒီကာလအတွင်း  ညှင်းပန်းနှိပ်စက်မှုများ ခံခဲ့ရပါတယ်။

မြန်မာအိမ်အကူအမျိုးသမီးဟာ အစားအစာ ဝလင်အောင် မစားရခြင်း၊ အနားယူမှု အချိန်အပြည့်မရခြင်းအပြင် အခြားသော နှိပ်စက်ရိုက်မှုများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဆိုပါအမျိုးသမီးအိမ်မှာ စတင်အလုပ်အလုပ်ချိန် ခန္ဒာကိုယ်အလေးချိန် ၃၉ ကီလိုဂရမ်ရှိခဲ့ပေမယ့် ညှင်းပန်း နှိပ်စက်ခံရမှုကြောင့် သေဆုံးချိန်မှာ ခန္ဒာကိုယ်အလေးချိန် ၂၄ ကီလိုဂရမ်သာရှိပါတယ်။ စင်ကာပူတရားရုံးဟာ မြန်မာအိမ်အကူအမျိုးသမီးအပေါ် သေဆုံးအောင် ညှင်းပန်းနှိပ်စက်မှုများနဲ့ပတ်သက်ပြီး Gaiyathiri အပါအဝင် မိခင်ဖြစ်သူ၊ ခင်ပွန်းဖြစ်သူတို့ကို စွဲချက်များတင်ပြီး၊ အမှုကို ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိနေတယ်လို့ သိရပါတယ်။









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြေပြင်လူဦးရေစာရင်းကွင်းဆင်းကောက်ယူသည့် ပထမဆုံးနေ့၌ လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးသော ဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved