Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြေပြင်လူဦးရေစာရင်းကွင်းဆင်းကောက်ယူသည့် ပထမဆုံးနေ့၌ လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးသော ဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မျိုးကြီး (NP News) - ဇန်နဝါရီ ၉

မြေပြင်လူဦးရေစာရင်းကွင်းဆင်းကောက်ယူသည့် ပထမဆုံးနေ့၌ လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးသော ဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၉ ရက်) နံနက် ၁၁ နာရီအချိန်ခန့်တွင် တနင်္သာရီ တိုင်း၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမကကျောင်းအနီး ထားဝယ်-မောင်းမကန်သွားကားလမ်းမပေါ်၌ လူဦးရေစာရင်းမြေပြင်ကွင်းဆင်ကောက်ယူရေးအဖွဲ့တွင် လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးနေသည့် မောင်းမကန်နယ်မြေရဲစခန်းမှ ဒုရဲအုပ်သိန်းထိုက်မှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

“လုံခြုံရေးယူနေတဲ့ မောင်းမကန်ရဲစခန်းကလေ ဒုရဲအုပ် အပစ်ခံလိုက်ရတယ်။ သူက လုံခြုံရေးလာယူတာပေါ့။ မြေပြင်လူဦးရေစာရင်းကောက်ယူနေတဲ့အဖွဲ့ကို သူက လုံခြုံရေးဆောင်ရွက်ပေးနေတာပေါ့။ အဲဒီလုံခြုံရေးလုပ်ပေးတဲ့ ရဲကိုပဲ ပစ်သွားတာ။ လူ(၄)ယောက်က ကားနဲ့လာပြီး အနီးကပ်ပစ်သွားတာ” ဟု တနင်္သာရီ တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

ထိုသို့ အနီးကပ်ပစ်ခတ်ခံရမှုကြောင့် ဒုရဲအုပ်ဖြစ်သူ သိန်းထိုက်မှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

တစ်နိုင်ငံလုံး၌ ယနေ့ (ဇန်နဝါရီလ ၉ ရက်)သည် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရေးလုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်သည့် ပထမဆုံးနေ့တစ်နေ့လည်းဖြစ်သည်။ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရေးလုပ်ငန်းစဉ်ကို ဇန်နဝါရီလ ၉ ရက်မှ ဇန်နဝါရီလ ၃၁ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးရှိ မြေပြင်လူဦးရေစာရင်းကို လဝကမှ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများအပါအဝင် သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်းကာ ကွင်းဆင်းကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။


zawgyi version

ေျမျပင္လူဦးေရစာရင္းကြင္းဆင္းေကာက္ယူသည့္ ပထမဆုံးေန႔၌ လုံၿခဳံေရးလိုက္ပါေဆာင္႐ြက္ေပးေသာ ဒုရဲအုပ္တစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ

မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၉

ေျမျပင္လူဦးေရစာရင္းကြင္းဆင္းေကာက္ယူသည့္ ပထမဆုံးေန႔၌ လုံၿခဳံေရးလိုက္ပါေဆာင္႐ြက္ေပးေသာ ဒုရဲအုပ္တစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၉ ရက္) နံနက္ ၁၁ နာရီအခ်ိန္ခန႔္တြင္ တနသၤာရီ တိုင္း၊ ေလာင္းလုံးၿမိဳ႕နယ္၊ ကေျမာကင္းေက်း႐ြာ၊ အေျခခံပညာမူလတန္းေက်ာင္းအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမကေက်ာင္းအနီး ထားဝယ္-ေမာင္းမကန္သြားကားလမ္းမေပၚ၌ လူဦးေရစာရင္းေျမျပင္ကြင္းဆင္ေကာက္ယူေရးအဖြဲ႕တြင္ လုံၿခဳံေရးလိုက္ပါေဆာင္႐ြက္ေပးေနသည့္ ေမာင္းမကန္နယ္ေျမရဲစခန္းမွ ဒုရဲအုပ္သိန္းထိုက္မွာ ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္သည္။

“လုံၿခဳံေရးယူေနတဲ့ ေမာင္းမကန္ရဲစခန္းကေလ ဒုရဲအုပ္ အပစ္ခံလိုက္ရတယ္။ သူက လုံၿခဳံေရးလာယူတာေပါ့။ ေျမျပင္လူဦးေရစာရင္းေကာက္ယူေနတဲ့အဖြဲ႕ကို သူက လုံၿခဳံေရးေဆာင္႐ြက္ေပးေနတာေပါ့။ အဲဒီလုံၿခဳံေရးလုပ္ေပးတဲ့ ရဲကိုပဲ ပစ္သြားတာ။ လူ(၄)ေယာက္က ကားနဲ႔လာၿပီး အနီးကပ္ပစ္သြားတာ” ဟု တနသၤာရီ တိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထား သည္။

ထိုသို႔ အနီးကပ္ပစ္ခတ္ခံရမႈေၾကာင့္ ဒုရဲအုပ္ျဖစ္သူ သိန္းထိုက္မွာ အခင္းျဖစ္ပြားရာေနရာတြင္ပင္ ေသဆုံးသြားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

တစ္ႏိုင္ငံလုံး၌ ယေန႔ (ဇန္နဝါရီလ ၉ ရက္)သည္ ေျမျပင္လူဦးေရစာရင္း ကြင္းဆင္းေကာက္ယူေရးလုပ္ငန္းစဥ္ကို စတင္ေဆာင္႐ြက္သည့္ ပထမဆုံးေန႔တစ္ေန႔လည္းျဖစ္သည္။ ေျမျပင္လူဦးေရစာရင္း ကြင္းဆင္းေကာက္ယူေရးလုပ္ငန္းစဥ္ကို ဇန္နဝါရီလ ၉ ရက္မွ ဇန္နဝါရီလ ၃၁ ရက္အထိ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ တစ္ႏိုင္ငံလုံးရွိ ေျမျပင္လူဦးေရစာရင္းကို လဝကမွ တာဝန္ရွိသူမ်ား၊ အုပ္ခ်ဳပ္ေရးပိုင္းမွ တာဝန္ရွိသူမ်ားအပါအဝင္ သက္ဆိုင္ရာအဖြဲ႕မ်ားႏွင့္ပူးေပါင္းကာ ကြင္းဆင္းေကာက္ယူေနျခင္းျဖစ္ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗြိတိန်စစ်သား လေးပုံတစ်ပုံခန့် အဝလွန်ပြဿနာများနဲ့ တွေ့ကြုံရင်ဆိုင်နေရ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved