ငြိမ်းချမ်းရေးညီလာခံကျင်းပရန် နစက၏ NSPNC နှင့် NCA ရေးထိုးထားသည့် EAO (၅)ဖွဲ့တို့ ဆွေးနွေး
မျိုးကြီး (NSS) - ဇွန် ၂၇
ငြိမ်းချမ်းရေးညီလာခံကျင်းပရန် နစက၏ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် EAO (၅)ဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နစကထံမှ သတင်းရရှိသည်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော NSPNC နှင့် NCA ရေးထိုးထားသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့(၅)ဖွဲ့ဖြစ်သည့် ALP၊ DKBA ၊ KNU/KNLA-PC၊ LDU၊ PNLO တို့မှ ကိုယ်စားလှယ်များသည် ယမန်နေ့(ဇွန်လ ၂၆ ရက်)တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသို့ NSPNC ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များက တက်ရောက်ဆွေးနွေးခဲ့ကြောင်း နစကမှ ဆိုထားသည်။
အလားတူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)မှ စစ်ရေးချုပ်အဆင့်ရှိ စောစိန်ဝင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဖြားတန် ခွန်ဥက္ကာတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံဆွေးနွေးပွဲ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)မှ ပြင်ဆင်လိုသောအချက်များကို နှစ်ဖက်အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ပြင် ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စ နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စရပ်များကိုလည်း နှစ်ဖက်အကြား အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။
အလားတူ ယနေ့(ဇွန်လ ၂၇ ရက်)တွင်လည်း နစက၏ NSPNC နှင့် NCA ရေးထိုးထားသည့် EAO (၅)ဖွဲ့တို့အကြား ဆက်လက်တွေ့ဆုံဆွေးနွေးနေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ(၅)သိန်းကျော်တန်ဖိုးရှိ ကူညီကယ်ဆယ်ရေးပစ္စည်းများကို အင်ဒိုနီးရှားအစိုးရ လှူဒါန်း
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ