ရုရှားစစ်တပ်က Wagner ပုဂ္ဂလိက စစ်တပ်ကို တိုက်ခိုက်မှုများ ရပ်တန့်ပြီး အခြေစိုက် စခန်းတွေဆီ ပြန်သွားကြဖို့တိုက်တွန်းထား
ရောင်နီ (NSS) - ဇွန် ၂၄
ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက Wagner Group ပုဂ္ဂလိက စစ်ကုမ္ပဏီမှ စစ်သားတွေကို ရုရှားနိုင်ငံအတွင်း ၎င်းတို့ရဲ့ လက်နက်ကိုင် သောင်းကျန်းမှုတွေ ရပ်တန်းကရပ်ပြီး ၎င်းတို့ အခြေစိုက်စခန်းတွေကို ပြန်သွားကြဖို့ တိုက်တွန်းထားပါတယ်။
စနေနေ့(ဇွန်လ ၂၄ ရက်) က ထုတ်ပြန်ချက်တစ်ခုမှာ ရုရှားဝန်ကြီးဌာနက ပုဂ္ဂလိက စစ်တပ် PMC Wagner မှ အဖွဲ့ဝင်တွေဟာ Wagner အဖွဲ့အကြီးအကဲ ပရိုဂိုဇင့်ရဲ့ ရာဇဝတ်မှုတွေမှာပါဝင်ဖို့ လှည့်စားခံနေရကြောင်း၊ အချို့ Wagner တိုက်ခိုက်ရေး သမားတွေဟာ သူတို့ရဲ့ အမှားကို နားလည်ထားပြီးဖြစ် ကြောင်းပြောကြားခဲ့ပါတယ်။ ဒါ့ပြင် Wagner အဖွဲ့ဝင်တွေအနေနဲ့ သတိရှိရှိနေကြဖို့နဲ့ ဘေးကင်းစေရေးအတွက် ရုရှားကာကွယ်ရေးဝန်ကြီးဌာန တရားဥပဒေစိုးမိုးရေး အေဂျင်စီ ကိုယ်စားလှယ်တွေကို အမြန်ဆုံးဆက်သွယ်ကြဖို့လည်း ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
Wagner တပ်ရဲ့ခေါင်းဆောင်ပရိုဂိုဇင့်ဟာ ရုရှားဗိုလ်ချုပ်တွေရဲ့ အုပ်ချုပ်ရေး ပုံစံကို ဝေဖန်ပြစ်တင်ပြီး ရုရှားနိုင်ငံ Rostov on Don မြို့ကို သူ့ရဲ့ စစ်အင်အား ၃ဝဝဝဝ ဝန်းကျင်နဲ့ ဇွန်လ ၂၄ ရက်(စနေနေ့) နံနက်အစောမှာ ချီတက်လာတာ ဖြစ်ပါတယ်။ ရုရှားခေါင်းဆောင်တွေကလည်း ပရိုဂိုဇင့်ကို သူပုန်အဖြစ် သတ်မှတ်ထားပြီး ၎င်းနဲ့ရင်းနှီးတဲ့ ရုရှားစစ်ဘက်အရာရှိတွေကပါ ၎င်းကို ရှုပ်ချခဲ့ကြပါတယ်။ Wagner ဟာ စနေနေ့ (ဇွန်လ ၂၄ ရက်) နံနက်မှာ ရုရှားရဟတ်ယာဉ် ၂ စီးကို ပစ်ချနိုင်ခဲ့ပြီး ရုရှားနိုင်ငံ Rostov on Don မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရုရှားဘက်ကလည်း Wagner တပ်ဖွဲ့ဝင် ၁ဝဝ ခန့်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်္ဂလာတောင်ညွန့်မြို့နယ် နှင့် တာမွေမြို့နယ်တို့ရှိ ရပ်ကွက်အချို့၌ မနက်ဖြန် ယာယီဓာတ်အားပြတ်တောက်မည်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ