ရုရှားစစ်ဘက်နဲ့အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် Rostov-on-Don မြို့ကို ထိန်းချုပ်ထားလိုက်ကြောင်း ရုရှားကြေးစားတပ်ဖွဲ့ အကြီးအကဲပြော
ဂျန်ဇက် (NSS) - ဇွန် ၂၄
ရုရှားကြေးစားအဖွဲ့ Wagner အကြီးအကဲ Prigozhin က ၎င်းတို့ တပ်ဖွဲ့များအနေနဲ့ လေဆိပ်အပါအဝင် Rostov-on-Don မြို့ကို ထိန်းချုပ်ထားလိုက်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရုရှားအစိုးရ နဲ့ ကြေးစားတပ်ဖွဲ့ကြား အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် Wagner အဖွဲ့ဟာ Rostov မြို့ရှိ စစ်ဘက်ဆိုင် ရာအဆောက်အဦးများကို ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။
Wagner အကြီးအကဲ Prigozhin က ၎င်းတို့တပ်ဖွဲ့များအနေနဲ့ လူဦးရေ (၁ ဒသမ ၁)သန်းရှိတဲ့ Rostov-on-Don မြို့ရှိ စစ်ဌာနချုပ်ကို ထိန်းချုပ်လိုက်တယ်လို့ပထမဆုံးအကြိမ်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ကြေးစားတပ်ဖွဲ့များမှာပါဝင်နေတဲ့ အဖွဲ့ဝင်များကို ၎င်းတို့နေရပ်ကို ပြန်ဖို့တိုက်တွန်းတောင်းဆိုလိုက်ကြောင်းသိရပါတယ်။ ကြေးစစ်သားအုပ်စုရဲ့လုပ်ရပ်က လက်နက် ကိုင်အာဏာသိမ်းခြင်းမျိုးဖြစ်နေကြောင်း၊ ကြေးစားစစ်သားအုပ်စုဝင်များအနေနဲ့ Wagner အကြီးအကဲ Prigozhin ရဲ့ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်များကို အားမပေးစေလိုကြောင်း ရုရှားစစ်ဘက်ကသတိပေးခဲ့ပါတယ်။
ရုရှား စစ်ဘက်က ကြေးစားတပ်ဖွဲ့ဝင်အားလုံးအနေနဲ့ အခြေစိုက်စခန်းများကို အမြန်ဆုံးပြန်ဖို့ တိုက်တွန်းလိုကြောင်း၊ ရုရှားစစ်တပ်အနေ နဲ့ ကြေးစားတပ်ဖွဲ့တပ်မှူး နဲ့ တပ်ဖွဲ့ဝင်များကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ ကြေးစားတပ်ဖွဲ့ဝင်များ အားလုံး အခြေစိုက်စခန်းများကိုပြန်မယ်ဆိုရင် ဘေးကင်းလုံခြုံမှုရှိစေဖို့ အာမခံပေးမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ရုရှားစစ်တပ်ရဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်တဲ့ ဆာဂေးဆူရိုဗီကင်က ကြေးစားတပ်ဖွဲ့ဝင်အားလုံးအနေနဲ့ သူပုန်ထခြင်းကို ရပ်တန့်ရမှာဖြစ်ကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ၎င်းက " ရုရှားကြေးစားအဖွဲ့ Wagner ရဲ့ တပ်မှူး၊ တပ်ဖွဲ့ဝင်အားလုံးကို မေတ္တာရပ်ခံလိုတယ်။ ကျွန်တော်တို့ဟာ ခက်ခဲတဲ့လမ်းကိုအတူတကွ လျှောက်လှမ်းခဲ့တယ်။ အတူတကွတိုက်ခိုက်ခဲ့တယ်။ အတူတကွ အန္တရာယ်တွေကိုရင်ဆိုင်ခဲ့တယ်။ အတူတကွ ထိခိုက်ဆုံးရှုံးပြီး အတူတကွ အောင်ပွဲကို ရယူခဲ့တယ်။ ကျွန်တော်တို့ဟာ သွေးသားတူညီသူတွေဖြစ်တယ်။ ဒါကြောင့် သူပုန်ထတဲ့လုပ်ရပ်တွေကို ရပ်တန့်ရမှာဖြစ်တယ်။ ရန်သူတွေဟာ ပြည်တွင်း နိုင်ငံရေးအခြေအနေတွေ ဆိုးရွားမှာကို စောင့်ဆိုင်းနေတယ်။ ကျွန်တော်တို့နိုင်ငံအခက်အခဲတွေရှိနေချိန်မှာ ရန်သူတွေလက်ထဲကို မထည့်သင့်ဘူး" လို့ပြောပါတယ်။
ရုရှားစစ်ဘက်ဟာ ကြေးစားတပ်ဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများအပြင် အသက်သေဆုံးအောင်လုပ်ဆောင်ခြင်းများရှိခဲ့ကြောင်း ကြေးစားတပ်ဖွဲ့အကြီးအကဲက ပြောဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံခြားငွေကြေး ဈေးကစားသူနှင့် တရားမဝင်အရောင်းအဝယ်ပြုလုပ်သူ (၅ဝ)ကျော်ကို ဖော်ထုတ်အရေးယူထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ